၂၀၂၃ ခုနှစ် ဇွန်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၂၆၃၉၀ ကျော် တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၉၅၀ ကျော် တင်ပို့ထား

၂၀၂၃ ခုနှစ် ဇွန်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၂၆၃၉၀ ကျော် တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၉၅၀ ကျော် တင်ပို့ထား
Published 22 July 2023

၂၀၂၃ ခုနှစ် ဇွန်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၂၆၃၉၀ ကျော်တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၉၅၀ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၃ သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၂၆၃၉၀ ကျော်တင်ပို့ခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၉၅၀ ကျော် တင်ပို့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၂၀ ကျော်တင်ပို့ခဲ့သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၄၇၇၀ ကျော်၊ တူကီယေးနိုင်ငံသို့ ဆန်တန်ချိန် ၄၃၆၀၊ စပိန်နိုင်ငံသို့ဆန် ၃၂၂၅ တန်၊ ဘယ်ယ်ဂျီယံနိုင်ငံသို့ ဆန် ၂၃၇၅ တန်၊ ဂျာမနီနိုင်ငံသို့ဆန် ၁၉၃၅ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ဆန်တန်ချိန် ၁၁၉၀ ကျော်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၀၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၀၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀၊ ဟန်ဂေရီနိုင်ငံသို့ ဆန်တန်ချိန် ၈၀၀၊ ယူနိုက်တက်ကင်းဒမ်းသို့ ဆန် ၆၇၅ တန်၊ ချက်နိုင်ငံသို့ဆန် ၅၁၄ တန်၊ ဂရိနိုင်ငံသို့ ဆန် ၃၇၅ တန်၊ လက်ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန် ၁၂၅ တန်နှင့် အခြားဥရောပနိုင်ငံများသို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။

အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံသို့ ဆန် ၁၀၄၅ တန်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၂၃၀ ကျော်၊ စင်ကာပူနိုင်ငံသို့ဆန် ၉၈ တန်ကျော်နှင့် သြစတြေးလျနိုင်ငံသို့ ဆန်တန်ချိန် ၅၀ တင်ပို့မှုရှိခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှဒေါ်လာ သုည ဒသမ ၆၀၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၃၀၀ ကျော် တင်ပို့ခဲ့သည်။ ဇွန်လအတွင်း နည်းလမ်းနှစ်သွယ်မှ ဆန်တန်ချိန် ၂၇၆၉၀ ကျော်တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၁၃ ဒသမ ၆၀၂သန်းကျော်ရရှိခဲ့သည်။ ယခင်လဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁၅၀၀၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန်လအတွင်း ပင်လယ်ရေကြောင်းမှဒေါ်လာ ၁၃ ဒသမ ၄၅၆ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၃၄၂၀ ခန့်တင်ပို့မှုရှိကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲ ၂၈၃၂၈ တန်နှင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၅၀၉၀ ကျော် တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့မှု အများဆုံးနိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ ၁၁၉၅၀ တန်၊ စပိန်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၉၆၀၀၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၀၀၀၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၃၇၀၊ လစ်သူရေးနီးယားနိုင်ငံသို့ဆန်ကွဲတန်ချိန် ၄၀၀၊ ပေါ်တူဂီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃ဝဝကျော်၊ ချက်နိုင်ငံသို့ ဆန်ကွဲ ၂၉၅ တန်၊ အီတလီနိုင်ငံသို့ဆန်ကွဲတန်ချိန် ၂၀၀ နှင့် ယူနိုက်တက်ကင်းဒမ်းသို့ ဆန်ကွဲတန်ချိန် ၂၀၀ တင်ပို့သည်။ တရုတ်နိုင်ငံသို့ တန်ချိန် ၄၉၁၀ ကျော်နှင့်စင်ကာပူနိုင်ငံသို့ဆန်ကွဲ ၁၇၇ တန် တင်ပို့သည်။

အဆိုပါကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှဆန်ကွဲ ၁၁၁၃၈ တန်တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၄ ဒသမ ၃၉၉ သန်းရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲ

၄၄၅၅၈ တန်တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇ ဒသမ၈၅၅ သန်းရရှိသည်။ ယခင်လတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၁၀၀၀၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။

ဇွန်လအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု တန်ချိန် ၇၂၂၄၀ ရှိပြီး တန်ဖိုးဒေါ်လာ ၃၁ ဒသမ ၄၅၇ သန်းရရှိသည်။

Most Read

Most Recent