တောင်ကြီးမြို့တွင် ခွင့်ပြုချက်မရှိသည့် မြေနေရာများကို အကွက်များဖော်ကာ အိမ်ခြံမြေအကျိုးဆောင်များနှင့် ပွဲစားများက အွန်လိုင်းမှတစ်ဆင့် ရောင်းချလျက်ရှိနေကြောင်း တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
တောင်ကြီးမြို့တွင် အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျန်အခြားမြေ၊ ရွာမြေများတွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မြေကွက်ဖော်ထုတ်၍ စျေးနှုန်းချို သာစွာဖြင့် အိမ်ခြံမြေ အကျိုးဆောင်များ၊ ပွဲစားများမှ Facebook အွန်လိုင်းမီဒီယာများမှ တစ်ဆင့် ကြေညာရောင်းချလျက်ရှိပြီး အများ ပြည်သူကလည်း ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်ဟု တောင်ကြီးမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ထုတ်ရောင်းချနေမှုများနှင့် ပတ်သက်ပြီး မြေအမျိုး အစားအလိုက် သက်ဆိုင်ရာ ရပ်ကွက်ကျေး ရွာအုပ်စုများမှ တားမြစ်စာထုတ်ဆင်ြ့ခင်း များ ဆောင်ရွက်လျက်ရှိပြီး မလိုက်နာသူများ ကို အရေးယူလျက်ရှိသည်ဟု စီမံအုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်သည်။
တောင်ကြီးမြို့နယ်အတွင်းရှိ မြေများ အား ခွင့်ပြုချက်မရှိဘဲ Facebook အွန်လိုင်း မီဒီယာများမှ တစ်ဆင့် ရောင်းချနေမှုအပေါ် ဝယ်ယူပါက သတ်မှတ်ထားသော တည်ဆဲ ဥပဒေများအတိုင်း ဆောင်ရွက်ထားခြင်း မရှိ သဖြင့် နောင်တချိန်တွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မြေယာလုပ်ကိုင်ခွင့် ရှိသူများအနေဖြင့် မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိ ရေးတင်ပြဆောင်ရွက်ပြီး ခွင့် ပြုချက်ရရှိမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လိုက်နာခြင်းမရှိပါက အရေးယူမှုများဆောင် ရွက် မည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် တောင်ကြီးမြို့နယ်အတွင်း အစိုး ရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ မြေလွတ်မြေ လပ်နှင့် မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တော မြေ၊ ကျန်အခြားမြေ၊ သစ်တောမြေများတွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ မြေကွက် ဖော်ရောင်းချခြင်း၊ ကျောက်တိုင်စိုက်ထူခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။















