၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ 

၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ 
Published 19 July 2023

၂၀၂၃ ခုနှစ်၊ ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ဇူလိုင် ၁၉ ရက်၊ နံနက် ၈ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။ 

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကိုကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး တို့သည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူပန်းခွေချကာ အလေးပြုခဲ့ကြောင်းသိရသည်။ 

ထို့နောက် အာဇာနည်ခေါင်ဆောင်းကြီးများကို အေက်မေ့သတိရဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၂ မိနစ်ငြိမ်သက်ကာ မေတ္တာပို့သ အမျှပေးဝေကြကြောင်းသိရသည်။ 

၂၀၂၃ ခုနှစ်၊ အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့် အာဇာနည်ခေါင်ဆောင်များ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အထိမ်းအမှတ်ဂူဗိမာန်တွင် လွမ်းသူပန်းခွေချပြီး ဦးချကန်တော့ အမျှဝေခဲ့ကြောင်း သိရသည်။ 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် အာဇာနည်ခေါင်ဆောင်းကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။ 

Most Read

Most Recent