၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်း မြန်မာနိုင်ငံသို့သွင်းကုန် အများဆုံးတင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အစဉ်လိုက်ရပ်တည်

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်း မြန်မာနိုင်ငံသို့သွင်းကုန် အများဆုံးတင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အစဉ်လိုက်ရပ်တည်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 18 July 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ  မတ်လအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်၊ စင်ကာပူ၊ထိုင်း၊မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အစဉ်လိုက်ရပ်တည်လျက်ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အ များဆုံးတင်သွင်းထားသည့်နိုင်ငံငါးနိုင်ငံတွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၁၆၆ဒသမ ၆၉ သန်း၊ စင်ကာပူက ဒေါ်လာ ၁၁၁၂ ဒသမ ၁ဝသန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၆၉၇ ဒသမ ၆၀ သန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ ၄၀၅ ဒသမ ၄၅ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၃၁၅ ဒသမရ၄ သန်းတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ သန်းကျော်နှင့်ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၉၈၀ ကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့်နိုင်ငံများတွင် တရုတ်၊စင်ကာပူ၊ထိုင်း၊ အင်ဒိုနီးရှား၊မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁၀ သန်း၊စင်ကာပူမှ ဒေါ်လာ ၂၆၀၄ ဒသမ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီ ယက်နမ်နိုင်ငံမှ ၅၈သန်း၊ဂျပန်နိုင်ငံမှဒေါ်လာ ၃၅၂ ဒသမ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ၂၂၇ ဒသမ ၃၂ သန်းတင်သွင်းထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်ဒေါ်လာ ၁၄ ဘီလျံဖြင့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အရအသုံးခန့်မှန်းခြေငွေ စာရင်းဆိုင်ရာအချက်အလက်များ(Citizen’s Budget) တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိသည်။ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှု ဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီလျံရှိသည်။သို့ ဖြစ်ရာ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၈ ဒသမ ၇၅၆ သန်း ပိုမိုရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။သွင်းကုန်တင်သွင်းမှု တွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူ သုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

Most Read

Most Recent