ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၃၁၀၃၀၀ သတ်မှတ်

ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၃၁၀၃၀၀ သတ်မှတ်
ရွှေဆိုင်တစ်ဆိုင်မြင်ကွင်းအား တွေ့ရစဉ်
ရွှေဆိုင်တစ်ဆိုင်မြင်ကွင်းအား တွေ့ရစဉ်
Published 18 July 2023

၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၃၁၀၃၀၀ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းမှသိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၂၀၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၇၉၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။ဖေဖော်ဝါရီ ၂၈ ရက်တွင်  ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၄၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး၊ ကျပ် ၃၁၃၀၀၀၀ သိန်းဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၃၁၀၀၀၀၀ သိန်းနှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀ သိန်း ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ် ၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌  ၂၇ သိန်း၊ နေ့လည်ပိုင်းတွင် ၂၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈-၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent