မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် မြစ်ငယ်တံတား တည်ဆောက်ခြင်းနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့် တင်ရေးစီမံကိန်းရှိ အောင်ဆန်း၊ ကမာရွတ်၊ အုတ်ကျင်း၊ ဖော့ကန်၊ သမိုင်းနှင့် တာမွေဘူတာအသစ် တည်ဆောက်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သတင်းရရှိသည်။
မြန်မာ့မီးရထားသည် အဆိုပါလုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တင်ဒါပုံစံများကို ဗိုလ်တစ်ထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် ၅၁ လမ်း ထိပ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်ဒါပိတ်မည့် နေ့ရက်မှာ သြဂုတ် ၁၇ ရက်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်- မန္တလေး လမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန် - မော်လမြိုင်လမ်း ပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန် - ပဲခူးလမ်း ပိုင်းတွင်ရထား နှစ်စင်း၊ ပုသိမ် - ဟင်္သာ တ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင်အမြန်ရ ထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင် လမ်းပိုင်းတွင်ရထားလေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီးကုန်တင် ရထားနှစ်စင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်း လူစီးရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။
မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံ ခရီးစဉ်များ ပြေးဆွဲနေကြောင်း သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်-ပုဂံ အမြန် ရထားခရီးစဉ်အား ရိုးရိုးတန်း ကျပ် ၇၂၀၀၊ အထက်တန်းထိုင်ခုံ ကျပ် ၁၄၄၀၀၊ အထက်တန်းအိပ်စင် ကျပ် ၁၉၈၀၀ ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားခရီးစဉ်အား တစ်ရက်လျှင် ရထားနှစ်စီးဖြင့် ပြေးဆွဲနေပြီး အခြားခရီးစဉ်များတွင် ခရီးသည်စီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုဆိုချိတ်ဆက်ခြင်းနှင့် ရထားစင်းရေတိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်။
မြန်မာ့မီးရထားက နယ်ဝေးရထား ခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေး လမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်- မန္တလေး လမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန် - မော်လမြိုင်လမ်း ပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန် - ပဲခူးလမ်း ပိုင်းတွင်ရထား နှစ်စင်း၊ ပုသိမ် - ဟင်္သာ တ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင်အမြန်ရ ထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင် လမ်းပိုင်းတွင်ရထားလေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီးကုန်တင် ရထားနှစ်စင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်း လူစီးရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။
မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုတွင် ဘူတာရုံများ၊ အချက်ပြစနစ်များ၊ ရထားလမ်းကူး ဂိတ်များကို တစ်ပြိုင်တည်းအဆင့်မြှင့်တင် လုပ်ဆောင်နေပြီး မီးရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။