၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇွန် ၂၃ ရက်အထိ CMP ချုပ်ပြီးအဝတ်အထည်တင်ပို့မှုမှ ဒေါ်လာ ၈၆၅ ဒသမ ၁၉၅ သန်းရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၆၁ သန်းကျော် လျော့နည်းနေ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇွန် ၂၃ ရက်အထိ CMP ချုပ်ပြီးအဝတ်အထည်တင်ပို့မှုမှ ဒေါ်လာ ၈၆၅ ဒသမ ၁၉၅ သန်းရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၆၁ သန်းကျော် လျော့နည်းနေ
၂၀၂၃ ခုနှစ် ဇူလိုင် ၈ ရက်က ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
၂၀၂၃ ခုနှစ် ဇူလိုင် ၈ ရက်က ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
Published 11 July 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇွန် ၂၃ ရက်အထိ CMP ချုပ်ပြီးအဝတ်အထည်တင်ပို့မှုမှ ဒေါ်လာ ၈၆၅ ဒသမ ၁၉၅ သန်းရှိပြီး ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၆၁ သန်းကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ပြောကြားသည်။

ပြည်တွင်းရှိ စက်မှုထုတ်ကုန်၊ အထည်အလိပ်၊ အဝတ်အထည်ပစ္စည်းများ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ် ဇူလိုင် လ ၈ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရာတွင် ညွှန်ကြားရေး မှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာန၊ တစ်ဦးချင်းစီအလိုက် ကဏ္ဍအလိုက် တာဝန်ခွဲဝေပေးပြီး တစိုက်မတ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ CMP ကဏ္ဍတွင် ပို့ကုန်  တိုးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးများလည်း ပြုလုပ်၍ CMP ကဏ္ဍတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးစာရင်းများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဇွန် ၂၃ ရက်အထိ CMP ကဏ္ဍတွင် ချုပ်လုပ်ပြီး အဝတ်အထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၆၅ ဒသမ ၁၉၅ သန်း ရှိကြောင်း၊ ယခုနှစ်ဇွန်လအထိ အဝတ်အထည် တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၆၁ သန်းကျော် လျော့နည်းနေသည်ကိုတွေ့ရှိရပြီး လက်ရှိဘဏ္ဍာနှစ် ကျန်ရှိသည့်ကာလတွင် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားပေးစေလိုပါကြောင်း၊ CMP လုပ်ငန်းသည် အလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်သည့်အတွက် CMP ကဏ္ဍတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP ကိုလည်း တိုးတက်စေမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ပြောကြားသည်။

ဆက်လက်၍ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာ နိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အသင်းအနေဖြင့် ၂၀၁၅ မှ ၂၀၂၅ ခုနှစ် အတွက် မဟာဗျူဟာ ၁၀ နှစ်စီမံကိန်းကို ချမှတ်ထားပြီး စက်ရုံအရေအတွက်၊ ပို့ကုန်တန်ဖိုး၊ အလုပ်ခန့်ထားရေး စသည့်  Target များထားရှိ၍ ဆောင်ရွက်ခဲ့ရာ ကိုဗစ်မတိုင် ခင်ကာလအထိသတ်မှတ် Target ကို ပြည့် မီခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်သည် ပို့ကုန်အမြင့်ဆုံးတင်ပို့နိုင်သည့်နှစ်ဖြစ်ပါကြောင်း၊ အထည် ချုပ်ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအနေဖြင့် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ရေးအတွက် ဥပဒေများကို ရှင်းလင်းသင်ကြားပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်း၊ လုပ်ငန်းခွင် ဆက်ဆံရေးတိုးမြင့်စေရေး စသည်တို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အထည်ချုပ်သင်တန်းကဏ္ဍတွင်လည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန TvETဌာနနှင့်ပူးပေါင်း ၍လည်း Diploma in Fishion Technology ကို ပို့ချနိုင်ရန် စတင်ဆွေးနွေးနေကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ပြင်သစ်၌ ကျင်းပသည့် နိုင်ငံတကာအဝတ်အထည်ပြပွဲ(Messe Frankfurt, Paris)  တွင်လည်း အသင်းအနေဖြင့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ (Made in Myanmar) ကို စတင်မိတ်ဆက် ခဲ့ကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အတွက်ချုပ်ထည် Order များ အများအပြားရရှိ ရန်လိုအပ်ပြီး အလုပ်သမားများနှင့်လည်း ယုံကြည်မှုတည်ဆောက်ကာ လုပ်ငန်းခွင် ဆက်ဆံရေးပြေလည်ကောင်းမွန်ရန် လို အပ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ တက်ရောက်လာသည့် ဒုတိယဥက္ကဋ္ဌ များ၊ အထွေထွေ အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များမှ ပို့ကုန်တင်ပို့ နိုင်ရေးအတွက် ကုန်ကြမ်းများ၊ ကုန်ပစ္စည်း များ တင်သွင်းတင်ပို့ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ အခက်အခဲများ၊ FOB စနစ်ဖြင့် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းအခြေအနေနှင့် အခက်အခဲများ၊ အထည်ချုပ်ကဏ္ဍရှိ အလုပ်သမားများ ညဆိုင်းအချိန် ပိုဆင်းနိုင်ရေး ခွင့်ပြုပေးနိုင်ရေး၊ ပြည်တွင်း ရက်ကန်းလုပ်ငန်းများ ထွန်းကားရေး၊ ဒေသရိုးရာအထည်အလိပ်များ အဆင့်မီစွာထုတ်လုပ်တင်ပို့နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင် မည့် နည်းလမ်းများကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent