၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၇၆ ရာခိုင်နှုန်းကျော်ကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၁၈ ဒသမ ၄ ရာခိုင်နှုန်းတင်ပို့

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၇၆ ရာခိုင်နှုန်းကျော်ကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၁၈ ဒသမ ၄ ရာခိုင်နှုန်းတင်ပို့
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 11 July 2023

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၇၆ ရာခိုင်နှုန်းကျော်ကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၁၈ ဒသမ ၄ ရာ ခိုင်နှုန်းတင်ပို့ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံးတင်ပို့ခဲ့သည့်နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်တို့ဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၇၁ ရာခိုင်နှုန်းကျော်ကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၂၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော(CMP)နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ (CMP) ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန် ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

Most Read

Most Recent