အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI က ကိုရီးယားနှင့်ဒူဘိုင်းသို့ တစ်ပတ်လျှင် သုံးကြိမ် လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ၂၇၄ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI က ကိုရီးယားနှင့်ဒူဘိုင်းသို့ တစ်ပတ်လျှင် သုံးကြိမ် လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ၂၇၄ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်
Published 11 July 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI က ကိုရီးယားနှင့်ဒူဘိုင်းသို့ တစ်ပတ်လျှင် သုံးကြိမ် လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ၂၇၄ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက ရန်ကုန်-ဂါယာခရီးစဉ်အား အောက်တိုဘာ ၁ ရက်တွင် Full-Service ဖြင့် စတင်ပျံ သန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား အထူးလျှော့စျေးဖြင့် ရောင်းချသည့် မုတ်သုံရာသီ စျေးရောင်းပွဲအား ဇူလိုင် ၁၅ ရက်ထိ ထပ်မံတိုးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မုတ်သုံရာသီစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှစတင်၍ လည်းကောင်း၊ ပြည်တွင်းခရီးစဉ်များကို ၁၁၁၀၀၀ မှစတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးသွားခွင့်ကာလမှာ ဇူလိုင် ၁ ရက်မှ ၂၀၂၃ အောက်တိုဘာ ၂၈ ရက်အထိ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုတ်သုံရာသီစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန်-ဒွန်မောင်း ခရီးစဉ်တစ်ကြောင်းစာ အား ၅၇ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်တစ်ကြောင်းစာအား ၇၉ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ယင်းပြင် အခြားပြည်ပခရီးစဉ်များကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်အား တစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၄၉ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI-uab Visa Card အား Sing Up ပြုလုပ်ပြီး Bonus Mile များ ရယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းပြင် ဘန်ကောက်အသွားအပြန် ခရီးစဉ်အတွက် အခမဲ့ လေယာဉ်လက်မှတ်တစ်စောင်အား ကံစမ်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့မှ ဘန်ကောက်-ဒွန်မောင်းလေဆိပ်သို့ စတင် ပျံသန်းမှုအခမ်းအနားအား ဇွန် ၁၅ ရက် ထိုင်းနိုင်ငံရှိ ဒွန်မောင်းလေဆိပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်နှစ်ခုလုံးကို ပျံသန်းဝန်ဆောင်မှုပေးသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာပြီး အပတ်စဉ် ထိုင်းနိုင်ငံသို့ အကြိမ် ၄၀ ပျံသန်းနေခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမှ ဘန်ကောက်-ဒွန်မောင်းသို့ အပတ်စဉ် ငါးကြိမ်ပျံသန်းမည်ဖြစ်သည်။

(MAI) လေကြောင်းလိုင်းသည် မန္တလေး-ဒွန်မောင်း ခရီးစဉ်အား တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကာ ခရီးစဉ်တစ်ကြောင်းစာအား အမေရိကန်ဒေါ်လာ ၈၇ မှစတင်ကာ  ရောင်းချသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)  က ရန်ကုန်နှင့်မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးစဉ်၁၄ခုအား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

(MAI) က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ စင်ကာ ပူ၊ မလေးရှား၊ ဒေလီ၊ ဟနွွိုင်း၊ ဒူဘိုင်း၊ ကွမ်ကျိုး၊ ကိုလ်းကတ္တား၊ အင်ချွန်း၊ ဖနွမ်းပင်၊ ဟိုချီမင်းနှင့် ချန်နိုင်းမြို့များသို့ နိုင်ငံတကာခရီးစဉ်များအဖြစ် ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ဘန်ကောက်နှင့် စင်ကာပူမှ တစ်ဆင့် ကိုလံဘိုသို့ ပျံသန်းမည့် ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (8M) နှင့် Srilankan Airlines (UL) တို့အကြား Codeshare Partners အစီအစဉ် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent