ကျောက်တံတားမြို့နယ်တွင် မွေးကင်းစကလေးငယ်လာရောက်စွန့်ပစ်မှု ခုနှစ်လအတွင်း သုံးကြိမ်မြောက်အဖြစ် ဖြစ်ပွား

ကျောက်တံတားမြို့နယ်တွင် မွေးကင်းစကလေးငယ်လာရောက်စွန့်ပစ်မှု ခုနှစ်လအတွင်း သုံးကြိမ်မြောက်အဖြစ် ဖြစ်ပွား
■ ဓာတ်ပုံ - လင်းလက်လူမှုကူညီရေးအသင်း
■ ဓာတ်ပုံ - လင်းလက်လူမှုကူညီရေးအသင်း
Published 8 July 2023

ကျောက်တံတားမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လဆန်းအထိ ခုနှစ်လအတွင်း သုံးကြိမ်မြောက်အဖြစ် မွေးကင်းစကလေးငယ်လာရောက်စွန့်ပစ်မှု ဇူလိုင် ၇ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၇ ရက် ၊ ည ၇ နာရီခွဲခန့်တွင် ကျောက်တံတားမြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၃ လမ်းထိပ် ၊ ဝဇီရာရုပ်ရှင်ရုံအနီးရှိ အမှိုက်ပုံးအတွင်း မွေးကင်းစကလေးငယ်တစ်ဦးအား လာရောက်စွန့်ပစ်သွားကြောင်း သတင်းရသဖြင့် လင်းလက်လူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့သည်။

"ကလေးက ချက်ကြိုးတန်းလန်းနဲ့ပါ။ အနှီးတောင် မပါပါဘူး။ ကလေးက သေဆုံးနေပါပြီ။ ကလေးက ယောက်ကျားလေးပါ"ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်တံတားမြို့နယ်အတွင်း မွေးကင်းစကလေးငယ်လာရောက်စွန့်ပစ်မှုမှာ ခုနှစ်လအတွင်း သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ်ထဲမှာတင် မွေးကင်းစကလေး စွန့်ပစ်တာ ဒီတစ်ခါနဲ့ဆို သုံးကြိမ်ရှိပါပြီ။ မဟာဗန္ဓုလပန်းခြံနားတစ်ခါ ၊ ၃၃ လမ်းနဲ့အနော််ရထာလမ်းထိပ်မှာတစ်ခါ နဲ့ အခု ဝဇီရာရုပ်ရှင်ရုံနားမှာ တစ်ခါပါ"ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၃ လမ်းထိပ် ၊ ဝဇီရာရုပ်ရှင်ရုံအနီးရှိ အမှိုက်ပုံးအတွင်းတွေ့ရှိခဲ့သည့် မွေးကင်းစကလေးငယ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent