၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်းဝင်ရောက်ရန်လျာထားပြီး ဇူလိုင် ၄ ရက်အထိ ကုန်သေတ္တာတင်သင်္ဘော ခြောက်စင်းဝင်ရောက်ခဲ့

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်းဝင်ရောက်ရန်လျာထားပြီး ဇူလိုင် ၄ ရက်အထိ ကုန်သေတ္တာတင်သင်္ဘော ခြောက်စင်းဝင်ရောက်ခဲ့
Published 4 July 2023

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌  နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်းဝင် ရောက်ရန်လျာထားပြီး ဇူလိုင် ၄ ရက်အထိ ကုန်သေတ္တာတင်သင်္ဘော ၆ စီးဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ ခြောက်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၃၂၁ စင်း ဝင်ရောက်ခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ် ဆောင်ခဲ့ကာ ဇူလိုင်လအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၃ စီး ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ည မရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် အေးရှားဝေါလ်ဆိပ်ကမ်းသို့  စံချိန်တင် အကြီးဆုံး ကုန်သေတ္တာတင်သင်္ဘော ဆိုက်ကပ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

ရေလမ်းကြောင်း တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများမှ အရွယ်အစားကြီးမားသော ကုန်သေတ္တာသင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ခြင်းဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့်ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့-ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်းသစ် Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် ရေလမ်းကြောင်းတိုးတက် ကောင်းမွန်ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကိုဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရေလမ်းကြောင်းကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများသို့ ယခင်လက်ခံနိုင်သည့် သင်္ဘောအရွယ်အစားထက်ပိုမိုကြီးမားသည့် သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ခဲ့ပြီး ဇွန် ၂၂ ရက် နံနက်က အေးရှားဝေါလ်ဆိပ်ကမ်းတံတားသို့ ဟောင်ကောင် အခြေစိုက် SITC Shipping line မှ LOA ၁၈၅.၉၉ မီတာ GRT 29231 တန်နှင့် ကုန်သေတ္တာ 2698 TEU တင်ဆောင်နိုင်သည့်  MV SITC Zhoming ကုန်သေတ္တာသင်္ဘောကြီးသည် ပထမဆုံး ခရီးစဉ်အဖြစ် ဝင်ရောက်ဆိုက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလအတွင်း ကုန်သေတ္တာတင် သင်္ဘော ၅၆ စီး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီတွင် သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီတွင်  ၅၁ စင်း ဝင်ရောက်၍ဆိပ် ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၅၀၊ စက်တင်ဘာတွင်သင်္ဘော ၅၅ စင်း၊ သြဂုတ်တွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း၊ ဇူလိုင်တွင် ရန်ကုန်ဆိပ် ကမ်းများ၌ နိုင်ငံတကာသင်္ဘော လိုင်း ၁၅ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း ၊ မတ်တွင် ကုန်သေတ္တာတင် သင်္ဘော ၅၀ စင်း၊ ဧပြီတွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေတွင် နိုင်ငံတကာ သင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၅၄ စင်း၊ ဇွန်တွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent