မြန်မာအမျိုးသားလေကြောင်းလိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူစေရန် ရန်ကုန်-မန္တလေး-မန်စီ ခရီးစဉ်သစ်အား တစ်ပတ်သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းနေ

မြန်မာအမျိုးသားလေကြောင်းလိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူစေရန် ရန်ကုန်-မန္တလေး-မန်စီ ခရီးစဉ်သစ်အား တစ်ပတ်သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းနေ
Published 3 July 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူစေရန် ရန်ကုန်-မန္တလေး-မန်စီ ခရီးစဉ်သစ်အား တစ်ပတ်သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းနေကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း စတင်ပျံသန်းသည့် ခရီးစဉ်သစ်ဖြစ်သည့် ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန်  ခရီးစဉ်သစ်စတင်ပျံသန်းသည့် အခမ်းအနားအား ဇွန် ၂၉ ရက်က မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် တယ်ဟုန်မန်စီအပြည် ပြည်ဆိုင်ရာလေဆိပ်တို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ရန်ကုန်-မန္တလေး-မန်စီ-မန္တ လေး-ရန်ကုန် ခရီးစဉ်အား Boeing 373-800 NG လေယာဉ်ဖြင့် တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း  သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်နှစ်ခုအား Thai Vietjet လေယာဉ်များဖြင့် အစားထိုးပျံသန်းခြင်းအား ဇွန် ၂၅ ရက်အထိ ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။

၂၀၂၃ခုနှစ် ဇွန် ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့်  ရန်ကုန်-ဘန်ကောက် UB-019 နှင့် ဘန်ကောက်-ရန်ကုန် UB-020 ခရီးစဉ်များတွင် Thai Vietjet လေယာဉ် (VZ-8701) နှင့် (VZ-8700) အသီးသီးတို့ဖြင့် အစားထိုး ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို အမေ ရိကန်ဒေါ်လာ ၃၃၇ မှစတင် ရောင်းချပေးနေပြီး တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် နှစ်ကြိမ်ပျံသန်းနေ ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းပြေးဆွဲလျက်ရှိပြီး အသွားခရီးစဉ်တစ်ကြောင်းစာကို အမေရိကန် ဒေါ်လာ ၁၇၅၊ အသွားအပြန် ခရီးစဉ်အား အမေရိကန်ဒေါ်လာ ၃၃၇ မှစတင်၍လည်းကောင်း ပျံသန်းနေခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA Application တွင် Search flights, Book flight, Make payment, Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁ရခု က လေကြောင်းခရီးစဉ် ၂၁ခုအား ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာ လေကြောင်း လိုင်းများ ထပ်မံတိုးချဲ့ ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

“ ခုလက်ရှိမှာတော့ ပြည်ပလေကြောင်းလိုင်း ၁၇ ခုက နိုင်ငံတကာလေကြောင်း ခရီးစဉ် ၂၁ ခုကို ပျံသန်းနေတာဖြစ်ပြီး၊ ပြည်တွင်းလေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်း သုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent