၂၀၂၃ ခုနှစ်တွင် FMI ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေ ကျပ် ၃၃၉ ဒသမ ၆ ဘီလျံ ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ တိုးတက်ခဲ့ကြောင်း ဖော်ပြ

၂၀၂၃ ခုနှစ်တွင် FMI ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေ ကျပ် ၃၃၉ ဒသမ ၆ ဘီလျံ ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ တိုးတက်ခဲ့ကြောင်း ဖော်ပြ
ရန်ကုန်မြို့ရှိ ရိုးမဘဏ်၏ ဘဏ်ခွဲတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရိုးမဘဏ်၏ ဘဏ်ခွဲတစ်ခုကိုတွေ့ရစဉ်
Published 27 June 2023

၂၀၂၃ ခုနှစ်တွင် FMI ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေ ကျပ် ၃၃၉ ဒသမ ၆ ဘီလျံရ ရှိခဲ့သဖြင့် ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ တိုးတက်ခဲ့ကြောင်း First Myanmar Investment အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီလီမိ တက်(FMI)၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေ ကျပ် ၃၃၉ ဒသမ ၆ ဘီလျံရရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်းဝင်ငွေ ကျပ် ၂၈၃ ဒသမ ၁ ဘီလျံနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀ တိုးတက်လာခဲ့ကြောင်း၊ ထို့သို့ ဝင်ငွေတိုးတက်လာရသည့် အဓိကအကြောင်းရင်းမှာ ရိုးမဘဏ်မှဝင်ငွေများ တိုးမြင့်ရရှိခြင်းကြောင့်ဖြစ်သည်။

ရိုးမဘဏ်မှရရှိသောဝင်ငွေသည် ၂၀၂၂ ခုနှစ်တွင် ကျပ် ၂၂၉ ဒသမ ၁ ဘီလျံ သာရရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၂၇၉ ဘီလျံ ရရှိခဲ့သဖြင့် ၂၁ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

အလားတူ ပန်းလှိုင်ဆေးရုံများမှ ဝင်ငွေရရှိမှုမှာ တိုးတက်ခဲ့ကာ ၂၀၂၂ ခုနှစ်တွင်  ကျပ် ၅၃ ဒသမ ၉ ဘီလျံရရှိခဲ့ရာမှ ၂၀၂၃ ခု နှစ်တွင် ကျပ် ၆၀ ဒသမ ၅ ဘီလျံရရှိခဲ့သဖြင့်  ၁၂ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

သို့သော် ကုမ္ပဏီအုပ်စု၏အကြမ်းအမြတ်သည် ကျပ် ၁၁၉ ဒသမ ၇ ဘီလျံရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အကြမ်းအမြတ် ၁၂၆ ဒသမ ၄ ဘီလျံနှင့် နှိုင်းယှဉ်လျှင်  ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အကြမ်းအမြတ်ကျဆင်းခဲေ့သာ်လည်း ကုမ္ပဏီအုပ်စု၏အခွန်လျာထားပြီး စုစုပေါင်းအသားတင်အမြတ်ငွေမှာ ၂၀၂၂ ခုနှစ်တွင်  ကျပ် ၂၃၆ ဒသမ ၅ မီလျံရရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ကျပ် ၄ ဒသမ ၁ ဘီလျံရရှိခဲ့သဖြင့်  ၁၆၄၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ကူးစက်ရောဂါနှင့် စီးပွားရေးလုပ်ငန်းများ ပတ်ဝန်းကျင်အခြေအနေများကြောင့် လုပ်ငန်းများကောင်းမွန်စွာ ပုံမှန်ပြန်လည် လည်ပတ်ရန် အခက်အခဲများရှိနေသေးသော်လည်း ကုမ္ပဏီအုပ်စုသည် ၎င်း၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း First Myanmar Investment အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီလီမိတက် (FMI)၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေ(ခ) Serge Pun က ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် ရှယ်ယာရှင်များအတွက် အကျိုးအမြတ်များရရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးအပေါ် ဦးစားပေးလုပ်ဆောင်ရန်ဟူသည့် မဟာဗျူဟာမြောက်အစီအစဉ်များနှင့်အညီ ဒါရိုက်တာအဖွဲ့သည် ၂၀၂၃ ခုနှစ် မတ်လဘဏ္ဍာနှစ်အတွက် အမြတ်ဝေစု မကြေညာရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent