နာဂစ်၊ ဂီရိတို့ထက် အင်အားပိုပြင်းတဲ့ မိုခါမုန်တိုင်းတိုက်ခတ်မှု တစ်လပြည့်ပြီးနောက် ...

နာဂစ်၊ ဂီရိတို့ထက် အင်အားပိုပြင်းတဲ့ မိုခါမုန်တိုင်းတိုက်ခတ်မှု တစ်လပြည့်ပြီးနောက် ...
Published 18 June 2023
ဇော်မင်းနိုင်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သည်  မုန်တိုင်းဒဏ်များကို အဆိုးရွားဆုံးခံစားရသည့် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အင်အားအပြင်းထန်ဆုံး ဖြစ်သည့် မိုခါမုန်တိုင်း မေ ၁၄ ရက်တွင် ဝင် ရောက်တိုက်ခတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပျက်စီးမှုအများဆုံးနှင့် လေတိုက်နှုန်း အပြင်းထန်ဆုံးဟု ဆိုရမည့် မုန်တိုင်းမှာ နာဂစ်မုန်တိုင်းဖြစ်သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က မြစ်ဝ ကျွန်းပေါ်ဒေသ၏ ဆားလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများမှာ အချိန်ကာလအတန်ကြာအ ထိ နာလန်ထူနိုင်ခြင်းမရှိခဲ့ပေ။ ရခိုင်ပြည်နယ် သည် မုန်တိုင်းနှင့် မစိမ်းသည့် ဒေသတစ်ခုဖြစ် သည်ဟု ဆိုသော်လည်း မိုခါမုန်တိုင်းက တစ် နာရီလျှင် မိုင် ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက် ခတ်ခဲ့သည်။

နာဂစ်မုန်တိုင်းသည် မူလက ဘင်္ဂလား ဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံ အရှေ့တောင် ပိုင်းကို ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းခဲ့ သော်လည်း နောက်ပိုင်းတွင် လမ်းကြောင်း ပြောင်းကာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ၊ အိန္ဒိ ယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ အစရှိသည့် နိုင်ငံများမှာ မုန်တိုင်းသက်ရောက်မှုဒဏ်ကို ခံစားခဲ့ရပြီး မြန်မာနိုင်ငံသည် အဆိုးရွားဆုံး အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်း စတင်ဖြစ်ပေါ်စေမည့် လေဖိအားနည်းရပ်ဝန်းမှာ ၂၀၀၈ ခုနှစ် ဧပြီ ၂၇ ရက်တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး မေ ၁ ရက်မှ စတင်ကာ မုန်တိုင်းအဖြစ် အသွင်ပြောင်းခဲ့ သည်။

မုန်တိုင်းသည် မြန်မာနိုင်ငံ ကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် စတင်ဝင်ရောက် လာခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ကာ ကြီး မားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူဦးရေသိန်းနှင့်ချီသေဆုံး၍ ပျက်စီးဆုံးရှုံး မှု တန်ဖိုး ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေ ရိကန်ဒေါ်လာ ၁၀ ဘီလျံ) ကျော်ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့ သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှု   အများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်ကို ၂၀၁၀ ပြည့်နှစ်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းထက်လည်း မိုခါမုန်တိုင်းက ပြင်း ထန်ခဲ့သည်။

ဂီရိမုန်တိုင်းသည် ကျောက်ဖြူမြိုနှင့် စစ်တွေမြို့တို့၏ ပင်လယ်ကမ်းရိုးတန်းတစ် လျှောက်သို့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းမှ စတင်ဝင်ရောက်တိုက် ခတ်ခဲ့သည်။ ဂီရိ အပူပိုင်းဆိုင်ကလုန်းမုန် တိုင်းကြီးသည် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာ ၁၉ ရက်တွင် စတင်ဖြစ်ပေါ် ခဲ့ပြီး စတင်ဖြစ်ပေါ်ရာနေရာမှာ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းဖြစ်သည်။

လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ် အဖြစ်သို့ အောက်တိုဘာ ၂၀ ရက်တွင် ရောက် ရှိခဲ့သည့် ဂီရိမုန်တိုင်းမှာ  အားပိုမိုကောင်းလာ ခဲ့ပြီး ယင်းအဆင့်တွင် တစ်နာရီ လေတိုက်နှုန်း ၄၅ မိုင်ဝန်းကျင်သာရှိခဲ့သော်လည်း အောက် တိုဘာ ၂၂ ရက်တွင်မူ လိမ္မော်ရောင်အဆင့် သတ်မှတ်သည့် မုန်တိုင်းငယ်မှ အနီရောင် အဆင့်ရှိသည့် အားကောင်းသော မုန်တိုင်း အဖြစ်သို့ ပြောင်းလဲခဲ့သည်။

ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်ချိန် တွင် ဂီရိမုန်တိုင်း၏ လေတိုက်နှုန်းက တစ် နာရီလျှင် မိုင် ၁၀၀ ခန့်ရှိပြီး တစ်ခါတစ်ရံ မိုင် ၁၂၀ အထိရှိခဲ့သည်။ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီတွင် အားအလွန်ကောင်းလာသည့် ဆိုင်ကလုန်းမုန်တိုင်းဂီရိသည် ရခိုင်ကမ်းရိုး တန်းကို ကျောက်ဖြူမြို့မြောက်ဘက် ၁၅ မိုင် ခန့်အကွာရှိ နောင်တော်ကျွန်း၊ အဇင်ကြီး ကျွန်းနှင့် ကျွန်းသာယာကျွန်းများအနီးမှ ကုန်း တွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

ဂီရိမုန်တိုင်းမှာ အောက်တိုဘာ ၂၃ ရက် တွင် ရခိုင်ရိုးမကိုဖြတ်ကျော်ပြီး မကွေးတိုင်း ဒေသကြီးမှ မန္တလေးတိုင်းဒေသကြီးရှိ ညောင် ဦးမြို့ အနီးတစ်ဝိုက်တွင် မွှေနှောက်တိုက်ခတ် ခဲ့သည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၂၃ ရက် ညနေတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြောင်မြို့နယ် (မုံရွာမြို့ အရှေ့မြောက်ဘက်မိုင် ၃၀ ခန့်အ ကွာ) တွင် ရပ်၍မွှေနှောက်သည်။ ညနေ ၅ နာရီခွဲတွင် မုံရွာမြို့မြောက်ဘက် မိုင်၂၀ ကျော် ရှိ ဘုတလင်မြို့တွင် နောက်ဆုံးတိုက်ခတ်ခဲ့ ပြီးမှ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲ ကာ အားပျော့ပျက်ပြယ်သွားခဲ့သည်။

ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် မြို့နယ် ခုနစ်မြို့နယ် ဆိုးဆိုးရွားရွားထိခိုက် ပျက်စီးခဲ့သည်။ မကွေးတိုင်းဒေသကြီးတွင် ခုနစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးမြို့နယ် မုန်တိုင်းဒဏ်သင့်၍ ပျက်စီးဆုံး ရှုံးမှုများရှိခဲ့သည်။ ကျေးရွာပေါင်း ၇၁ ရွာ မုန် တိုင်း ဒဏ်ခံခဲ့ရသည်။ အနည်းဆုံးလူဦးရေ ၂၆၀၀၀၀ မျှ မုန်တိုင်းဒဏ်ခံခဲ့ရပြီး လူပေါင်း ၁၀၀၀၀ တို့ ဆိုးရွားစွာခံစားခဲ့ရပြီး ၄၅ ဦး သေဆုံးခဲ့သည်။

မုန်တိုင်း၏ ဗဟိုချက်လမ်းကြောင်းတွင် ရှိသော မြေပုံမြို့တွင် ပျက်စီးမှုရာခိုင်နှုန်း ၉၀ ရှိသည်။ ကျောက်ဖြူမြို့တွင် ရာခိုင်နှုန်း ၇၀ ပျက်စီးသည်။ မင်းပြား၊ စစ်တွေ၊ အမ်း၊ ပေါက် တော၊ မာန်အောင်မြို့နယ်များနှင့် ထို မြို့နယ် များရှိ ကျေးရွာများစွာ အထိနာခဲ့သည်။

မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ

အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင် ပြည်နယ် မြောက်ပိုင်းမြို့များဖြစ်သည့် စစ် တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်၊ မြောက်ဦး အစရှိသည့် မြို့များတွင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများ၊ ကျောင်းများ၊ လူနေအိမ်ခြေများ ပျက်စီးခဲ့သည်။

မေ ၁၈ ရက် မွန်းလွဲပိုင်းအထိ စာရင်းအ ရ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေအိမ် ၁၈၃၀၂၄ လုံး ပျက်စီးခဲ့ပြီး သေဆုံးသူစုစု ပေါင်း ၁၄၅ ဦး ရှိလာသည်ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခဲ့ သည်။

မေ ၁၈ ရက် မွန်းလွဲပိုင်းအထိ ရရှိသော စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုတွင် နေအိမ် ၁၈၃၀၂၄ လုံး၊ သာသ နိက အဆောက်အအုံ ၁၇၁၁ လုံး၊ ဘုန်းတော် ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီး တိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးခု၊ စျေး တစ်ခု၊ လေဆိပ်နှစ်ခု၊ ဌာနဆိုင်ရာ အဆောက် အအုံ ၃၄၀ လုံး ပျက်စီးခဲ့သည်။

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့ နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် ဒေသခံပြည်သူ ခြောက် ဦးနှင့် IDP Camp မှ ၉၁ ဦး စုစုပေါင်း ၉၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ မေ ၁၇ ရက် မွန်း လွဲပိုင်းအထိ ရရှိသည့်စာရင်းများအရ သေ ဆုံးသူ ၄၈ ဦးရှိကြောင်း ထုတ်ပြန်ထားရာ အဆိုပါနှစ်ရက်ပေါင်း ရရှိသော စာရင်းများ အရ သေဆုံးသူ စုစုပေါင်း ၁၄၅ ဦး အထိရှိလာ ခဲ့သည်။

ရခိုင်ပြည်နယ်တွင်မြို့နယ် ၁၇ မြို့ နယ်မှ နေအိမ် ၁၈၂၅၉၈ လုံး၊ ရုံး ၃၀၀ လုံး၊ စာသင် ကျောင်း ၁၃၅၂ လုံး၊ ဆေးရုံ၊ ဆေးခန်း ၂၂၀ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇၀၁ လုံး၊ အခြားပျက်စီးမှု ၁၀၁၄ ခု၊ ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ နေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အအုံ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း ခုနစ်ကျောင်း၊ ဆက်သွယ်ရေး တာဝါတိုင် နှစ်တိုင်၊ ဓာတ်မီးတိုင် ၆၀ တိုင်၊ ထရန်စဖော်မာ နှစ်လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ ခြောက်လုံး၊ ဘောလုံးကွင်း နှစ်ကွင်း၊ အုတ်တံတိုင်း/နံရံ ၃၄ ခု၊ ရှမ်းပြည် နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ နေအိမ်နှစ် လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာ သင်ကျောင်း တစ်ကျောင်း၊ ဧရာဝတီတိုင်းဒေ သကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာ မှ နေအိမ် ၁၃၁ လုံး၊ သာ သနိကအဆောက်အ အုံတစ်လုံး၊ ဘုန်းတော်ကြီးကျောင်း ငါး ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေး ရုံ/ဆေးခန်း ငါးခု၊ ဓာတ်မီးတိုင် ကိုးတိုင်၊ ဌာန ဆိုင်ရာ အ ဆောက်အအုံ သုံးလုံး၊ အခြားပျက် စီးမှု လေးခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း မေ ၁၈ ရက် စာရင်းများအရ သိရ သည်။

မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းတွင် ပါဝင်ခဲ့သည့် ချင်းပြည်နယ်တွင်လည်း ရပ် ကွက်/ကျေးရွာ ၂၄ ရွာမှ နေအိမ် ၁၂၉ လုံး၊ သာသနိကအဆောက်အအုံ တစ်လုံး၊ ဘုန်း တော်ကြီးကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဆေးရုံ/ဆေးခန်းနှစ်ခု၊ ဓာတ် မီးတိုင် လေးခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၀ ခု၊ ဘောလုံးကွင်းတစ်ကွင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ နေအိမ်သုံးလုံး၊ ဆက်သွယ်ရေးတာဝါတိုင် ခြောက်တိုင်၊ ဓာတ်မီးတိုင် နှစ်တိုင်၊ ထရန် စဖော်မာတစ်လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊ တံတားသုံးစင်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု မေ ၁၈ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၇၂ ရွာမှ နေအိမ် ၁၁၃ လုံး၊ ဆက် သွယ်ရေးတာဝါတိုင် နှစ်တိုင်၊ ဓာတ်မီးတိုင် တစ်တိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၄ ရွာမှ နေအိမ်လေးလုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊ တံတား တစ်စင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာမှ သာသနိက အဆောက်အ အုံ  လေးခု၊ မွန် ပြည်နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ လေးရွာမှ နေအိမ်တစ်လုံး၊ ဘုန်း တော်ကြီးကျောင်း တစ်ကျောင်း၊ စာသင် ကျောင်း တစ်ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင် ပျက်စီးဆုံးရှုံးခဲ့သည်ဟု မေ ၁၈ ရက်တွင် ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးမှု ပမာ ဏကို အတိအကျကောက်ယူရန် ခက်ခဲနေပြီး မျက်မြင်တွေ့ရှိချက်များအရ ပျက်စီးဆုံးရှုံးမှု များ ပြင်းထန်ကြောင်း UNDP Myanmar က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၏ လတ်တလော ဆက် သွယ်ရေးအခက်အခဲများနှင့် စိန်ခေါ်မှုများ ကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို အတိအ ကျ ကောက်ယူရရှိရန် ခက်ခဲနေကြောင်း၊ သို့ သော်လည်း ကျွန်ုပ်တို့မြင်တွေ့ကြားသိနေရသည့်အတိုင်း ဆိုင်ကလုန်းမိုခါကြောင့် ပျက် စီးဆုံးရှုံးမှု များပြားပြင်းထန်သည်ကို တွေ့ရ ကြောင်း၊ နေအိမ်များ ပြိုလဲပျက်စီးခြင်း၊ တံ တားများ ပြိုကျခြင်းနှင့် နေရာအနှံ့ရေကြီးရေ လျှံခြင်းများစွာ ရှိနေသည်ဟု UNDP Myanmar က ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နောက်ဆုံးထုတ်ပြန်ထားသည့် စာရင်းအရ မိုခါမုန်တိုင်းကြောင့် လူဦးရေ ၁၄၈ ဦးသေ ဆုံးခဲ့ပြီး ကျပ် ၅၂၂ ဘီလျံဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည် နယ်အပါအဝင် ပဲခူး၊ မကွေးနှင့် ဧရာဝတီ တိုင်းတို့တွင် တိရစ္ဆာန် ၅၃၁၉၁၃ ကောင်သေ ဆုံးခဲ့သည်။

ရခိုင်ပြည်နယ်နှင့် မုန်တိုင်း၏ ဆက်စပ် အရှိန်ကြောင့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၌ ကျွဲ ၄၂၀၉ ကောင်၊ နွား ၇၆၆၆ ကောင်၊ ဝက် ၂၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇၀၀၅ ကောင် သေဆုံး ခဲ့သည်။

အသေးစိတ်စာရင်းများအရ ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ ကျွဲ ၄၂၀၆ ကောင်၊ နွား ၇၅၉၃ ကောင်၊ ဝက် ၂၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၄၈၉၂၀၅ ကောင်၊ ပဲခူးတိုင်းဒေသကြီးအ တွင်းမှ ကြက်ကောင်ရေ ၂၄၅၀၀၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက် မြို့နယ်မှ ကျွဲသုံးကောင်၊ နွား ၇၃ ကောင်နှင့် ဝက် ၁၂ ကောင်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်နှစ်မြို့နယ်မှ ကြက်ကောင် ရေ ၃၃၀၀ တို့ဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မောင်တော- အငူမော်ကား လမ်း (အင်းဒင်မှ အငူမော်ကားလမ်းဘေး တစ်လျှောက်) တွင် မုန်တိုင်းတိုက်ခတ်မှု ကြောင့် နွားကောင်ရေ ထောင်နှင့်ချီ သေဆုံး ခဲ့သည်။

မိုခါမုန်တိုင်း တိုက်ခတ်အပြီး တစ်လကျော်သည် အထိ ဘာတွေလိုအပ်နေသေးလဲ

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင် ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ ရသေ့ တောင် အစရှိသည့်မြို့များတွင်သာမက ယင်းမြို့နယ်များတွင် ပါဝင်သည့်ကျေးရွာ များ ရွာလုံးကျွတ်ပျက်စီးဆုံးရှုံးခဲ့သည်။

မိုခါမုန်တိုင်း တိုက်ခတ်အပြီး တစ်ပတ် ကျော်အကြာအထိ သောက်သုံးရေအခက် အခဲမှာ အကြီးမားဆုံးအခက်အခဲဖြစ်ခဲ့သည် ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 “ တစ်ပတ်ကျော်လောက်အထိက အဓိ ကအခက်အခဲက သောက်သုံးရေပဲ။ အခု တော့မိုးလည်း ရွာနေပြီဆိုတော့ အဲဒီအခက် အခဲက မရှိတော့ဘူး။ ရေတွင်းရေကန်တွေ လည်း ပြန်ဆယ်ပြီးသွားပြီဆိုတော့ ဟု အ ဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

မိုခါမုန်တိုင်း တိုက်ခတ်အပြီး တစ်လ ကျော်ကြာလာသည့်အချိန်တွင် အချို့သော နေရာများတွင် အကူအညီများ လိုအပ်နေ သေးသည်ဟု ၎င်းင်းကဆက်လက်ပြောကြား သည်။

 “အခုအထိ တချို့ကျေးရွာတွေကို အကူ အညီတွေ မရောက်သေးဘူး။ တချို့ဆို နေ အိမ်တွေ ပျက်စီးသွားတာကို ပြန်ပြင်ဖို့အ တွက် အကူအညီတွေ လိုနေသေးတယ်။ စား နပ်ရိက္ခာတွေ လိုနေသေးတယ်။ ကျွန်တော် တို့လည်း တတ်နိုင်သမျှတော့ လုပ်ပေးနေကြ တယ်။ ဒါပေမဲ့ ကျန်တဲ့နေရာတွေလည်းရှိနေ သေးတယ် ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး လူငယ်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ်အပိုင်တွင် ကျေး ရွာပေါင်း ၃၀၀ နီးပါးခန့်ရှိကြောင်း၊ ယင်းတို့ အနက် ရွာပေါင်း ၁၉၀ ကျော်၌ လုံးဝပျက်စီး သွားခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့်

UN ၊ UNOCHA ၊ UNDP အစရှိသည့်အဖွဲ့ အစည်းများကလည်း ကူညီမှုများ ပေးအပ် နေသည်ဟု ယင်းအဖွဲ့များက ထုတ်ပြန်ထား သည်။

မိုခါမုန်တိုင်းဒဏ်ခံစားရသည့် ရခိုင် နှင့် မကွေးတိုင်းမှ လူဦးရေ နှစ်သိန်းသုံးသောင်း ကျော်ကို အထောက်အပံ့များ ပေးအပ်ထား ပြီး လူဦးရေ ရှစ်သိန်းထံ သုံးလစာ အရေးပေါ် စားနပ်ရိက္ခာနှင့် ငွေများပေးရန် ရည်မှန်းထား ကြောင်း WFP က ထုတ်ပြန်သည်။

လက်လှမ်းမီသမျှ မုန်တိုင်းဒဏ်ခံရသူ အားလုံးထံ အသက်ကယ်စားနပ်ရိက္ခာများ အမြန်ဆုံးပေးအပ်နိုင်ရန်အတွက် နေ့မအား ညမနား လုပ်ဆောင်လျက်ရှိပြီး စားနပ်ရိက္ခာ အထောက်အပံ့များကို ရခိုင်ပြည်နယ်အ လယ်ပိုင်းတွင် ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး နှင့် ရသေ့တောင်မြို့နယ်သို့လည်း ကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များ သို့လည်းကောင်း မုန်တိုင်းသင့်ပြည်သူများ အတွက် ဝေငှဖြန့်ဖြူးနေပြီဖြစ်ပြီး ထပ်မံတိုး ချဲ့၍ အထောက်အပံ့များ ပေးအပ်သွားနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု WFP က ထုတ်ပြန်သည်။

ထို့ပြင် ပင်လယ်ရေများနှင့် ရွှံ့များဝင် ရောက်ခြင်းကြောင့် ရေအရင်းအမြစ်များ ညစ်ညမ်း ပျက်စီးခဲ့ရပြီး အခြားရွေးချယ်စရာ မရှိသဖြင့် အသုံးပြုနေရသည်ဟု UNDP က ထုတ်ပြန်ခဲ့သည်။

ဆိုင်ကလုန်းမိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အနှံ့ရှိ ရေအရင်းအမြစ် ၄၀၀ ထက်မနည်း ပင်လယ်ရေနှင့် ရွှံ့များဝင်ရောက် မှုကြောင့် ညစ်ညမ်းပျက်စီးခဲ့ရပြီး အဆိုပါ ဒေသရှိလူများသည် အသက်ရှင်ရပ်တည်ရန် အတွက် အခြားရွေးချယ်စရာမရှိသောကြောင့် ထိုသန့်ရှင်းမှုမရှိဘဲ ညစ်ပတ်သောရေများကို သောက်သုံးနေကြရသည်ဟု UNDP က ဆို သည်။

မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူ  ၁ ဒသမ ၆ သန်းအတွက် ဒေါ် လာ ၃၃၃ သန်း အရေးပေါ် ရန်ပုံငွေလိုအပ်ကြောင်း လူသား ချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း များက တောင်းခံထားကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

ဇွန်လလယ်ပိုင်းတွင်မူ ရခိုင်ပြည်နယ် သို့ လူသားချင်းစာနာမှုအကူအညီများ ဆိုင်း ငံ့ခံရသည်ဟု UN က ထုတ်ပြန်ခဲ့သည်။

ဇွန် ၁၃ ရက်နောက်ပိုင်းတွင် မုန်တိုင်း သင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးခွင့်များ ဆိုင်းငံ့ခံရ သည်ဟု UNOCHA က သတင်းထုတ်ပြန်ခဲ့ သည်။

 “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ဒီဆုံးဖြတ်ချက်ကို အရေးတကြီး ပြန် လည် သုံးသပ်ပြီး အကူအညီတွေ၊ ဖြန့်ဝေပေး မှုတွေအတွက် ခွင့်ပြုထားတဲ့ ကနဦးခွင့်ပြုချက် ကို ပြန်လည်ပြဋ္ဌာန်းပေးဖို့ လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့တွေကိုယ်စား ကျွန်တော် တိုက် တွန်းပါတယ်။ ဒါမှသာ အဆင်သင့်ပြင်ဆင် ထားရှိပြီး အကူအညီတွေကို အလွန်အမင်း လိုအပ်နေပြီး စောင့်ဆိုင်းနေရတဲ့ပြည်သူတွေ ဆီကို ရောက်ရှိအောင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါ တယ် ဟု ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိ နှိုင်းရေးမှူး (ယာယီ) မစ္စတာ ရာမနသန် ဘလာခရစ်ရှ်နန်က ပြောကြားသည်။

ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် စစ် တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်နှင့် ဒေါက်တာ သက်သက်ခိုင်တို့သည် ကုလသမဂ္ဂဆိုင်ရာ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်း ရေးမှူး Mr.Ramanathan Balakrishnan  ဦးဆောင်သည့်အဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

တွေ့ဆုံစဉ် မိုခါမုန်တိုင်း တိုက်ခတ်ပြီး နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများကို စနစ်တကျ ခွဲဝေဖြန့်ဖြူးပေး လျက်ရှိသည့် အခြေအနေများ၊ မုန်တိုင်းဒဏ် သင့်ဒေသများ၌ လူမှုရေး၊ စီးပွားရေး၊ ပုံမှန် လည်ပတ်နိုင်အောင် ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများနှင့် နိုင်ငံတကာ အကူ အညီများနှင့် ပတ်သက်၍ ဆောင်ရွက်နိုင် မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အ တွင်း အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ် မီးနှင့်ဆက်သွယ်ရေးလုပ်ငန်းများမှာ ရာနှုန်း  ပြည့် ပြန်လည်ရရှိနေပြီဖြစ်သည်။

သို့သော်  မိုခါမုန်တိုင်း တိုက်ခတ်အပြီး တစ်လကျော်အကြာအထိ အချို့နေရာ ဒေ သများတွင် အကူအညီများရရှိရန် လိုအပ် နေဆဲပင် ဖြစ်သည်။ ပြန်လည်ထူထောင်ရေး ဆိုသည်ထက် လတ်တလောလိုအပ်ချက်များ ရှိနေသည့် နေရာများလည်း ရှိနေသေးသည် ဟု ဆိုရမည်ဖြစ်သည်။

မိုခါမုန်တိုင်းမှာ နာဂစ်မုန်တိုင်းထက် ပိုမိုအားပြင်းခဲ့ပြီး ပျက်စီးမှုမှာလည်း နာဂစ် မုန်တိုင်းနီးပါးရှိခဲ့သည်။

သို့သော် မည်မျှပျက်စီးခဲ့သည်ကို မုန် တိုင်းတိုက်ခတ်အပြီး တစ်ပတ်နီးပါးကြာသည် အထိ အသေးစိတ်စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပေ။

နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည့် မြစ်ဝ ကျွန်းပေါ် ဒေသများတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် အချိန်ယူခဲ့ရပြီး ရုပ် ဝတ္ထုပစ္စည်းများကို အတန်အသင့်ဖြည့်ဆည်း နိုင်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာကိုမူ ကုစား ပေးနိုင်ခြင်းမရှိသေးပေ။ လက်ရှိတွင်လည်း ရခိုင်ပြည်နယ် မိုခါမုန်တိုင်းတိုက်ခတ်မှု ကြောင့်ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့်အမျှ အာရုံစိုက်လုပ်ကိုင်မှသာ အလျင်အမြန်ဖြည့် ဆည်းနိုင်မည်ဖြစ်သည်။            

Most Read

Most Recent