မြောက်ကိုရီးယားအငတ်ဘေး

မြောက်ကိုရီးယားအငတ်ဘေး
Photo: AFP
Photo: AFP
Published 16 June 2023
နရီမင်း 

မြောက်ကိုရီးယားမှ လူများက အစားအစာ ရှားပါးလွန်းသောကြောင့် အိမ်နီးချင်းများ ငတ်သေ ကုန်ကြတော့မည့်အကြောင်း ဘီဘီစီ ကို ပြောပြခဲ့သည်။

ကမ္ဘာ့အထီးကျန်ဆုံးနိုင်ငံအတွင်း စုစည်းထားသည့် တွေ့ဆုံမေးမြန်းမှုများက  ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း အဆိုးရွားဆုံးအခြေအနေကို ပြနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အစိုးရသည် ၎င်း၏နယ်စပ်များကို ၂၀၂၀ ပြည့်နှစ်တွင် ပိတ်ခဲ့ပြီး အရေးကြီးသော ထောက်ပံ့မှုများကို ဖြတ်တောက်ခဲ့သည်။ အစိုးရက လူတို့၏ ဘဝအပေါ် ထိန်းချုပ်မှုကိုလည်း တင်းကျပ်ခဲ့သည်ဟု တွေ့ဆုံမေးမြန်း သူများက ဆိုသည်။

သို့သော် ‌မြောက်ကိုရီယားအစိုးရကမူ ၎င်း၏ နိုင်ငံသားများအကျိုးစီးပွားကို အမြဲတမ်း ဦးစားပေးလုပ်ဆောင်နေကြောင်း ဘီဘီ စီသို့ ပြောကြားခဲ့သည်။

ဘီဘီစီသည် နိုင်ငံတွင်း သတင်းရင်း မြစ်များကွန်ရက်ကို လုပ်ဆောင်နေသည့် Daily NK အဖွဲ့အစည်း၏ အကူအညီဖြင့် မြောက်ကိုရီးယားရှိ သာမန်လူသုံးဦးကို လျှို့ ဝှက်တွေ့ဆုံမေးမြန်းခဲ့သည်။ နယ်စပ်ကို ပိတ်ကတည်းက ငတ်သေမည်ကို သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သော ကြောင့် သေဒဏ်ပေးခံရမည်ကို ကြောက်နေကြရကြောင်း သူတို့က ပြောပြကြသည်။ ယင်း သည် မြောက်ကိုရီးယားနိုင်ငံအတွင်း နေ ထိုင်သူများထံမှ အလွန်ကြားရခဲလှသည်။

တွေ့ဆုံမေးမြန်းမှုများသည် နိုင်ငံအ တွင်း “ဆိုးရွားသော ကြေကွဲဖွယ်ဖြစ်ရပ်ကို ဖော်ထုတ်ပြသနေသည်”ဟု မြောက်ကိုရီး ယားမှ လွတ်မြောက်လာသူများကို ကူညီပံ့ပိုး ပေးသည့် Liberty in North Korea (LiNK)အဖွဲ့မှ ဆိုကီးပက်က ပြောကြားခဲ့သည်။

မြို့တော် ပြုံယမ်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက အိမ်တွင် အစာငတ်ပြီး သေဆုံးခဲ့ရသည့် မိသားစုသုံးစုကို သူသိ ကြောင်း ပြောပြသည်။ “သူတို့ကို ရေ ပေးဖို့ အတွက် တံခါးလာခေါက်ပေမဲ့ ဘယ်သူမှ မဖြေဘူး”ဟု ဂျီယွန်းက ပြောသည်။ အာဏာပိုင်များ အထဲသို့ ဝင်သွားသောအခါ ၎င်းတို့ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။ တွေ့ဆုံမေးမြန်းခဲ့သော အခြား သူများနည်းတူ ဂျီယွန်း၏ နာမည်ကို သူ့အား ကာကွယ်ပေးရန်အတွက် ပြောင်းလဲထားခြင်း ဖြစ်သည်။

တရုတ်နယ်စပ်နားတွင် နေထိုင်သော ချန်ဟိုဟုခေါ်သည့် ဆောက်လုပ်ရေး အလုပ် သမားတစ်ဦးက စားနပ်ရိက္ခာနည်းလွန်းသော ကြောင့် သူ၏ရွာမှ လူငါးဦး အစာငတ်ကာ သေဆုံးသွားပြီဖြစ်ကြောင်း ပြောပြသည်။

“အစကတော့ Covid ကြောင့် သေရမှာ ကြောက်ပေမဲ့ နောက်ပိုင်းမှာ ငတ်ပြီး သေမှာ ကို စိုးရိမ်လာတယ်”ဟု ၎င်းင်းက ဆိုသည်။

မြောက်ကိုရီးယားသည် ၎င်း၏ လူဦးရေ ၂၆ သန်းအတွက် အစာအလုံအလောက်ကို ဘယ်သောအခါကမျှ မထုတ်လုပ်နိုင်ခဲ့ပေ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် နယ်စပ်ကို ပိတ်လိုက်သောအခါ အာဏာပိုင်များက တရုတ်နိုင်ငံမှ စပါးတင်သွင်းခြင်းအပြင် စားနပ်ရိက္ခာ စိုက်ပျိုးရန် လိုအပ်သော ဓာတ် မြေသြဇာနှင့် စက်ယန္တရားများ တင်သွင်းခြင်း ကို ရပ်တန့်ခဲ့သည်။

ထိုအတောအတွင်း ၎င်းတို့သည် နယ်စပ်ကို ခြံစည်းရိုးများ ကာရံထားပြီး ဖြတ်ကူးရန် ကြိုးပမ်းသူများကို ပစ်သတ်ရန် အစောင့်များအား အမိန့်ပေးထားကြောင်း သိရသည်။ ထို့ကြောင့် မြောက်ကိုးရီးယားအများစု စျေး ဝယ်ထွက်သည့် တရားမဝင်စျေးများတွင် အစားအသောက်များ ရောင်းချရန် ခိုးသွင်း ခြင်းသည် လူများအတွက် မဖြစ်နိုင်လုနီးပါး ဖြစ်စေခဲ့သည်။

မြောင်ဆုက်ဟု အမည်လွှဲပေးထားသော နိုင်ငံမြောက်ပိုင်းမှ စျေးသည်တစ်ဦးက သူ၏ ပြည်တွင်းစျေးကွက်တွင် ထုတ်ကုန်များ၏ လေးပုံ သုံးပုံနီးပါးသည် တရုတ်နိုင်ငံမှ လာ ခြင်းဖြစ်သော်လည်း ယခုအခါ လုံးဝပြတ် လပ်သွားပြီဖြစ်ကြောင်း ပြောပြသည်။

သူသည် နယ်စပ်ဖြတ်ကျော် မှောင်ခိုပစ္စည်းများ ရောင်းချပြီး အသက်မွေးဝမ်း ကျောင်းပြုသည့် အခြားသူများကဲ့သို့ပင် သူ၏ ဝင်ငွေအများစုမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

သူ၏မိသားစုသည် တစ်ခါမျှ ဤမျှ လောက် ချို့တဲ့လှစွာ မစားခဲ့ရဖူးကြောင်း ပြောပြပြီး မကြာသေးမီက လူများသည် ဗိုက်ဆာလွန်းသောကြောင့် သူ၏ တံခါးကို လာ ခေါက်ပြီး အစာတောင်းနေကြသည်ဟု ပြော ပြသည်။

ပြုံယမ်းမှ ဂျီယွန်းက အသက်မွေးဝမ်း ကျောင်း မပြုနိုင်တော့သည့်အတွက် အိမ်၌ ကိုယ့်ကိုယ်ကိုယ် သတ်သေကြသူများ သို့ မဟုတ် သေဖို့ရာအတွက် တောင်တန်းများဆီ သို့ သွားကာ ပျောက်ကွယ်သွားသူများအကြောင်း  ကြားဖူးသည်ဟု ပြောပြသည်။

သူ၏ သားသမီးများကို ကျွေးမွေးရန် ရုန်းကန်နေရသည်ဟု သူက ဆိုသည်။ တစ်ခါ က သူသည် ဘာမျှ မစားရဘဲ နှစ်ရက် ကုန်ဆုံး သွားရာ အိပ်ရင်း သေရတော့မည်ဟု ထင်မိ ကြောင်း သူက ပြောပြသည်။

၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်း တွင် မြောက်ကိုရီးယားသည် လူပေါင်း သုံး သန်းခန့် သေဆုံးခဲ့ရသည့် အငတ်ဘေးကို ကြုံတွေ့ခဲ့ရသည်။ ဤအင်တာဗျူးများက ခိုင်လုံစေသည့် မကြာသေးမီက ငတ်မွတ် ခေါင်းပါးမှုဆိုင်ရာ ကောလာဟလများသည် နိုင်ငံအနေဖြင့် အခြားသော ကပ်ဆိုးဘေး ကျရောက်လုဆဲဆဲ အနေအထားဖြစ်လာမည် ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

“သာမန်လူလတ်တန်းစားတွေက သူ တို့ရပ်ကွက်တွေမှာ ငတ်မွတ်ခေါင်းပါးတာကို မြင်နေရတာက အရမ်းစိုးရိမ်စရာပါပဲ” ဟု မြောက်ကိုရီးယား စီးပွားရေးပညာရှင် ပီတာ ဝက်ဒ်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ လူ့အဖွဲ့အစည်း လုံးလုံးလျားလျား ပြိုလဲမှုနဲ့ အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်း ပါးမှုအကြောင်း မပြောသေးပေမဲ့ ဒီအနေ အထားကတော့ မကောင်းလှပါဘူး”ဟု ၎င်းင်း က ဆိုသည်။

မြောက်ကိုရီးယားမှ လူ့အခွင့်အရေးချိုး ဖောက်မှုများကို မှတ်တမ်းတင်ထားသည့် NKDB ၏ ဒါရိုက်တာ ဟန်နာဆောင်းက လည်း သဘောတူခဲ့သည်။ “လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်အတွင်း ကျွန်တော်တို့ဟာ ငတ် မွတ်ခေါင်းပါးမှုကိစ္စတွေကို ကြားရခဲလှပါ တယ်။ ဒါကတော့ မြောက်ကိုရီးယားသမိုင်းမှာ အခက်ခဲဆုံးအချိန်ကို ပြန်ရောက်သွားစေတာ ပါ”ဟု သူက ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန်သည် လယ်ယာထွက်ကုန်များ မြှင့်တင် ရန် အမျိုးမျိုးသော ကြိုးပမ်းမှုများ ပြုလုပ်နေ စဉ်၌ပင် “စားနပ်ရိက္ခာ အကျပ်အတည်း” ကို ပွင့်ပွင့်လင်းလင်း ရည်ညွှန်းပြီး အခြေအနေ၏ လေးနက်မှုကို အရိပ်အမြွက် ပြောကြားခဲ့ သည်။ သို့သော်လည်း ၎င်းသည် သူ၏ နျူ ကလီးယားလက်နက်အစီအစဉ်ကို ဦးစားပေး ရန်ပုံငွေ ထောက်ပံ့ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စံချိန်တင် ပဲ့ထိန်းဒုံးကျည် ၆၃ စင်းကို စမ်း သပ်ခဲ့သည်။ ခန့်မှန်းချက်တစ်ခုအရ အဆိုပါ စမ်းသပ်မှု၏ စုစုပေါင်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ (ပေါင် ၃၉၈ သန်း) ကျော်ရှိပြီး မြောက်ကိုရီးယား၏ နှစ်စဉ် ဆန်စပါးပြတ်လပ်မှုကို ဖြည့်ဆည်းရန် လို အပ်သည့်ပမာဏထက် ပိုမိုများပြားသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း အစိုးရက ပြည်သူများ၏ ဘဝကို ထိန်းချုပ်ရန် ပြစ်ဒဏ် ပေးမှုများ အားကောင်းအောင်ပြုလုပ်ခြင်းနှင့် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်းတို့အား အသုံး ပြုခဲ့ပုံကိုလည်း တွေ့ဆုံမေးမြန်းခံခဲ့သူများက ပြောပြခဲ့သည်။

ကပ်ရောဂါမဖြစ်မီက နှစ်စဉ် လူပေါင်း  ၁,၀၀၀ ကျော်သည် ယာလူမြစ်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ ထွက်ပြေးကြသည်ဟု တောင်ကိုရီးယားအစိုးရက ထုတ်ပြန်သော ကိန်း ဂဏန်းများအရ သိရသည်။ စျေးကွက်ကုန်သည် မြောင်ဆုက်က လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း ပြောပြခဲ့သည်။ “မြစ်ကို ချဉ်း ကပ်ရင်တောင် ပြင်းထန်တဲ့ ပြစ်ဒဏ် ခံရမှာ မို့ဘယ်သူမှ ဖြတ်ကူးမှာတော့ မဟုတ်ဘူး”ဟု သူက ဆိုသည်။

သူ့သူငယ်ချင်း၏ သားသည် မကြာသေးမီက တံခါးပိတ် ကွပ်မျက်မှုများစွာကို မြင် တွေ့ခဲ့ရကြောင်း ဆောက်လုပ်ရေးအလုပ် သမား ချန်ဟိုက ပြောကြားခဲ့သည်။ လွတ် မြောက်ရန် ကြိုးပမ်းမှုကြောင့် တစ်ကြိမ်စီတွင် သုံးဦးမှ လေးဦးအထိ ကွပ်မျက်ခံခဲ့ရသည်။ “နေ့စဉ်နဲ့အမျှ နေထိုင်ရတာ ပိုခက်ခဲလာပါ တယ်”ဟု သူက ပြောပြသည်။ “မှားယွင်းတဲ့ ရွေ့လျားမှုတစ်ခုကြောင့် ကွပ်မျက်ခြင်းကို ရင်ဆိုင်နေရတယ်”ဟု ဆိုသည်။

သူက “ငါတို့ ဒီမှာ သေဖို့ စောင့်နေရ တာ”ဟု ဆိုလေသည်။

Ref: BBC