မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ပါ့မလား

မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ပါ့မလား
မိုခါမုန်တိုင်းကြောင့် ငါးဖမ်း လှေများ ပျက်စီးသွားသည်ကို တွေ့ရစဉ်
မိုခါမုန်တိုင်းကြောင့် ငါးဖမ်း လှေများ ပျက်စီးသွားသည်ကို တွေ့ရစဉ်
Published 10 June 2023

၂၀၂၃ ခုနှစ် မေလဒုတိယပတ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြော င့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စသည်ဖြင့် ပြည်နယ် နှင့်တိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှု များစွာရှိခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားချက်အရ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက် ခတ်မှုကြောင့် စိုက်ပျိုးသီးနှံဧက ၆၂၈၀၀ ကျော် ပျက်စီးခဲ့ပြီး မကွေးတိုင်းဒေသကြီးမှ နွေစပါး၊ နွေနှမ်း၊ မိုးပဲတီစိမ်းဧက ၅၆၀၀၀ ကျော်ဖြင့် အများဆုံးထိခိုက်ပျက်စီးခဲ့ကြောင်း  သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခံ ခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် မုန်တိုင်း၏ ဆက် စပ်အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စိုက်ပျိုး ထားသည့် စိုက်ပျိုးသီးနှံစုစုပေါင်း ၆၂၈၃၆ ဧက ပျက်စီးခဲ့သည်။

အဆိုပါပျက်စီးသွားသည့်စိုက်ပျိုးသီး နှံများတွင် ရခိုင်ပြည်နယ်မှ ငှက်ပျော ၆၀၅ ဧ က၊ကွမ်းသီးပင် ၁၃၄၅ ဧက၊ ကွမ်းရွက်ပင်  ၅၈ ဧက၊ ဓနိပင် ၂၃၁ ဧက၊ ကြက်ပေါင်စေး ငါးဧကနှင့် သစ်သီးဥယျာဉ်၁၇၀၉ ဧက၊ မကွေ း တိုင်းဒေသကြီးမှ နွေစပါး ၁၀၉ ဧက၊နွေနှမ် း ၄၉၅၆၉ ဧက၊ ဆောင်းနေကြာ ရှစ်ဧက၊မိုး နေ ကြာ ၂၂ ဧကနှင့် မိုးပဲတီစိမ်း ၆၇၆၆ ဧက၊ မန္တလေးတိုင်းဒေသကြီးမှ နွေနှမ်းဧက ၃၅၀ နှင့် မိုးပဲတီစိမ်း ၁၇ ဧက၊ စစ်ကိုင်းတိုင်း ဒေသကြီး မှ နွေနှမ်း ၉၀၂ ဧကနှင့် မိုးပဲတီစိမ်း ၁၀၆၅ ဧက၊ ဧရာဝတီတိုင်းဒေသကြီးမှ ငှက်ပျော ၇၅ ဧကတို့ဖြစ်သည်။

မိုခါ တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည် နယ်နှင့် မုန်တိုင်း၏ ဆက်စပ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး ၊မကွေးတိုင်းဒေသကြီး နှင့်ဧရာဝတီတိုင်း ဒေသကြီးတို့၌ ကျွဲ ၄၂၀၉ ကောင်၊ နွား ၇၆၆၆ ကောင်၊ ဝက် ၂၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇၀၀၅ ကောင် သေဆုံးခဲ့သည်။

အဆိုပါသေဆုံးခဲ့သည့်တိရစ္ဆာန်များ တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့ နယ်မှ ကျွဲ၄၂၀၉ ကောင်၊ နွား ၇၅၉၃ ကောင်၊ ဝက် ၂၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၄၈၉၂၀၅ ကောင်၊ ပဲခူးတိုင်းဒေသကြီ း အတွင်းမှ ကြက်ကောင်ရေ ၂၄၅၀၀၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက်မြို့ နယ်မှ ကျွဲသုံးကောင်၊ နွား ၇၃ ကောင်နှင့် ဝက် ၁၂ ကောင်၊ ဧရာဝတီတိုင်းဒေသကြီး  အတွင်းရှိ မြို့နယ်နှစ်မြို့နယ်မှ ကြက်ကောင် ရေ ၃၃၀၀ ဖြစ်သည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မေ ၂၁ ရက် ညနေပိုင်းအထိ ရရှိသောစာရင်းအရ ရခိုင်ပြည်နယ်တွင် သေဆုံးသူ သုံးဦးထပ်မံ တိုးလာသဖြင့် စုစုပေါင်းသေဆုံးသူ ၁၄၈ ဦး ရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရ သည်။

    

မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုန် တိုင်းကြောင့် ပျက်စီးခဲ့ရသည့် သီးနှံစိုက်ခင်းများ

မေ ၁၃ ရက်မှ ၁၅ ရက်အထိ ဆိုင်ကလုန်း မိုခါအရှိန်ဖြင့် ရွာသွန်းခဲ့သော မိုးများကြောင့် မကွေးတိုင်းဒေသကြီးအတွင်းမှ တောင်သူ များ မြေပဲ၊ နှမ်း စသည့်သီးနှံစိုက်ပျိုးရေးများ စတင်နိုင်ခဲ့သော်လည်း ရေသွင်းစိုက်ပျိုးခဲ့ သည့် နွေနှမ်းနှင့် ပဲတီစိမ်းစိုက်ခင်းအများ အပြား ရေနစ်ပျက်စီးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ဖြင့် ရွာ သွန်းခဲ့သည့် မိုးများကြောင့် ဧရာဝတီမြစ်အ နောက်ဘက်ရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆိပ်ဖြူ စသည့်မြို့နယ်များအတွင်း နွေနှမ်းနှင့် ပဲတီစိမ်းစိုက်ခင်း အများအပြား ရေနစ်မြုပ် ပျက်စီးခဲ့သည်။

“အရင်နှစ် မိုးတုန်းက သီးနှံအရအပြု ကောင်းခဲ့လို့ နွေနှမ်းနဲ့ ပဲတီစိမ်းတွေ တိုးစိုက်ခဲ့ ကြလို့ ပျက်စီးဆုံးရှုံးမှုလည်း များခဲ့ပါတယ်။ ပျက်စီးတဲ့ပမာဏကတော့ စိုက်ခင်းမှန်သမျှ ရေနစ်ခဲ့တာပါ”ဟု စလင်းမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ပြောကြားသည်။

စလင်းချောင်း ရေကြီးရေလျှံမှုကြောင့် စလင်းနှင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်း ကျေး ရွာအများအပြား ရေဝင်ရောက်ကာ လူလေး ဦး သေဆုံးခဲ့သည့်အပြင် တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။ 

သို့သော် အချို့ဒေသများတွင်မူ  မိုခါ မုန်တိုင်းမိုးကြောင့် အစိုဓာတ်ကောင်းစွာ ရ ရှိခဲ့သဖြင့် သီးနှံအချို့ကို စတင်စိုက်ပျိုးရန် ပြင်ဆင်ခဲ့ သည့်တောင်သူများလည်းရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း အောင် လံ၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ ဆိပ်ဖြူ၊ မင်းလှ၊ မင်းဘူးစသည့်မြို့နယ်များအတွင်း မြေပဲ၊ နှမ်း စသည့်ဆီထွက်သီးနှံများ စတင်စိုက်ပျိုးလျက် ရှိကြောင်း၊ ယခုနှစ် သီးနှံစိုက်ပျိုးရာသီတွင် မြေပဲဆန်တစ်တင်းလျှင် ကျပ်တစ်သိန်းကျော် အထိ ပေါက်စျေးရှိပြီး ဓာတ်မြေသြဇာနှင့် စိုက် ပျိုးရေးဆေးစျေးနှုန်းများလည်း မြင့်တက်နေ ကြောင်း သိရသည်။

“မုန်တိုင်းမိုးက နှစ်ရက်လောက်အတွင်း မှာကို သီးနှံ စိုက်ပျိုးကောင်းလောက်အောင် ရွာခဲ့တာပါ။ ဒီလိုအစိုဓာတ်ကောင်းကောင်းနဲ့ စိုက်ပျိုးနိုင်ဖို့ အချိန်လုစိုက်ရတော့ လုပ်သားနဲ့ ခိုင်းနွား အလျဉ်မမီတာတွေလည်း ကြုံရပါ တယ်။ မျိုးစေ့နဲ့ဆေးဝါးစျေးတွေ ကြီးမြင့်လွန်း တော့ မြေပဲအဆန် လေးတင်းစိုက်တာကို ကျပ် ၁၀ သိန်းကျော် ကုန်ကျပါတယ် “ဟု မင်း ဘူးမြို့နယ်မှ တောင်သူတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် တွင် မိုခါမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နွေသီးနှံစုံ စိုက်ဧကများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေ သခံများထံမှ စုံစမ်းသိရသည်။

ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်းသို့  မို ခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နွေသီးနှံစုံ စိုက်ဧက ၁၀၀၀၀ ဝန်းကျင် (ခန့်မှန်း) ထိခိုက် ပျက်စီးသဖြင့် ဒေသခံတောင်သူများ အခက် အခဲများဖြင့် ကြုံတွေ့နေရ ကြောင်း သိရသည်။

“ကျွန်တော့်ရဲ့ ပဲတီစိမ်းစိုက်ခင်းဆိုရင် မှည့်နေလို့ ရက်ပိုင်းအတွင်း ကောက်ဖို့ပြင် ဆင်ထားတာ။ မုန်တိုင်းတိုက်ပြီး မိုးတွေရွာလို့ စိုက်ခင်းကအကုန် ရေမြုပ်ကုန်ရော။ အသီး တွေရော၊ အပင်တွေပါ အကုန်ပျက်စီးသွား တယ်။ ဆုံးရှုံးမှုကတော့ များတာပေါ့။ အခြား နွေသီးနှံစိုက်ပျိုးထားကြတဲ့ တောင်သူတွေ လည်း ချောင်းရေတွေတက်လို့ရေမြုပ်တာ လေတိုက်တာကြောင့်ပါ ပျက်စီးဆုံးရှုံးမှုက များတာ”ဟု ခင်ဦးမြို့နယ် အတွင်းမှ တောင်သူ တစ်ဦးက ဆိုသည်။

ခင်ဦးမြို့နယ်အတွင်း မုန်တိုင်းဖြတ် သန်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ မှုကြောင့် ကျေးရွာပေါင်း ၅၀ ဝန်းကျင်က စိုက်ပျိုးထားကြသည့် နွေသီးနှံနှင့်ယာသီးနှံများဖြစ်သည့် ပဲအမျိုးမျိုး၊ နှမ်း၊ ငရုတ်၊ ဂေါ်ဖီ ထုပ်၊ ဂန္ဓမာ အစရှိသည့် နွေသီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတောင်သူ များထံမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးသီးနှံနှင့် စိုက်ပျိုးမြေများ

မြန်မာနိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများ တွင် အဓိကအားဖြင့် စပါးနှင့်ဆီထွက်သီး နှံများ၊ ပဲအမျိုးမျိုး၊ ၀ါ၊ ကြံ၊ ပြောင်းနှင့် မီး ဖိုချောင်သုံး သီးနှံများ၊ လက်ဖက်၊ ရော်ဘာ၊ ကော်ဖီ၊ ဆီအုန်း စသည့်စက်မှုကုန်ကြမ်းသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်ကို တွေ့ ရှိရကြောင်း၊ စိုက်ပျိုးမြေများတွင် လယ်ယာ မြေ၊ ဥယျာဉ်မြေများသာမက အခြားမြေ များ ကို ထည့်သွင်းထားသည့်အတွက် စိုက်ပျိုး ဧက များပြားလျက်ရှိသည်ကိုတွေ့ရှိရ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍  မိုးစပါး စိုက်ဧက ၁၅ သန်းရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉ သန်းရှိသည်ကို တွေ့ရှိရပြီး ယင်းအနက် လယ်စိုက်ပျိုးမှုအနေဖြင့် ၁၃ ဒသမ ၁၇၅ သန်းရှိသည်ကိုတွေ့ရှိရကြောင်း၊ ယာစိုက်ပျိုးမှုမှာ ခြောက်သိန်း၊ တောင်ယာ စိုက်ပျိုးမှုမှာ ၁ ဒသမ ၉ သိန်းပါရှိပြီး ထိုအ ထဲတွင် အခြားမြေများလည်း ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ မိုးစပါးစိုက်ဧကများ၌ မိုးစပါးစိုက်ပျိုးသည့်အချိန်တွင် အခြားသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်း အားများ တိုးတက်အောင်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် အဆိုပါ မိုးစပါး စိုက်ပျိုးမြေများမှ ၁ ဒသမ ၈ သန်းခန့်တွင်  နွေစပါးစိုက်ပျိုးသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးဧက ၁၃ ဒသမ ၁၇၅ သန်းတွင် သီးနှံ အမျိုးမျိုးစိုက်ပျိုးမှု ၇ ဒသမ ၄၇၃ သန်းရှိ သည့် အတွက် မိုးစပါးတစ်မျိုးသာ စိုက်ပျိုးမှု ၅ ဒသမ ၇၃ သန်းရှိသည်ကို တွေ့ရှိရကြောင်း ၎င်းင်းက ဆက်လက်ပြောကြားသည်။

ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲ စိုက်ပျိုးဧကသုံးသန်း၊ နေကြာစိုက်ပျိုး ဧကတစ် သန်း၊ နှမ်းစိုက်ပျိုးဧက ၃ ဒသမ ၅ သန်း စိုက် ပျိုးကြကြောင်း၊ ထိုအထဲတွင် မြေပဲတစ်ခုသာ ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင် ထွက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမှုမရှိဘဲ ကျန်ရှိ နေသည့်မြေ ၅ သန်း ၇ သိန်းကျော်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် မိုးစပါး ထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်း ခန့်ထွက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေ များ တွင် လေးသန်းခန့်ကို သီးထပ်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းဖြင့် တွက်ချက်မည်ဆိုပါက ၂၈၉ ဒသမ ၅၄ တင်း သန်း ထွက်ရှိမည်ဖြစ်ကြောင်း၊ တစ်တင်းလျှင် ၁၀၀၀၀ နှုန်းဖြင့် တွက်ချက်ကြည့်မည်ဆိုပါက စပါးတင်းသန်း ၂၉၀ အတွက် ဘီလျံ ၂၉၀၀ ရရှိပြီး တိုင်းပြည်၏စီးပွားရေးတိုးတက်လာ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ ဝင် ငွေ တိုးတက်လာမည်ဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအားများလည်း တက်လာမည်ဖြစ် သဖြင့် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ထို့ကြောင့် စိုက်ပျိုးရန်ကျန်ရှိသည့်မြေများတွင် စိုက်ပျိုးမှုများဆောင် ရွက်နိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေ ၁၀ ရက်က ပြောကြားထားသည်။

အလားတူ အဆိုပါစိုက်ပျိုးခြင်းမရှိသည့် စိုက်ပျိုး မြေဧကလေးသန်းပေါ်တွင် အခြားသီး နှံများနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင် မည်ဆိုပါကလည်း စပါးကဲ့သို့ များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အ နေဖြင့် နှစ်စဉ်ပြည်ပမှစားသုံးဆီများ တင် သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ ရှိ ကြောင်း၊ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်တွင်းဆီ ဖူလုံမှုကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် စားသုံး ဆီများ ပိုလျှံလာနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းတိုးတက်ခြင်းဖြင့် နိုင်ငံဂျီဒီပီ တိုး တက်နှုန်းကိုလည်း အထောက်အကူပြုစေ မည်ဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

မုန်တိုင်းဒဏ်သင့် ရခိုင် ပြည်နယ်အတွင်း စိုက်ပျိုးရေးအပိုင်းတွင် ရာသီချိန်အမီ ထွန် ယက်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူ ရေး နှင့်ဆည်မြောင်းဝန် ကြီးဌာနမှ ထွန်စက် များ ဖြင့် ကူညီထွန်ယက်ပေးခြင်း၊ ဒေသနှင့် ကိုက် ညီသည့် မျိုးစပါးများ ဖြန့်ဝေထောက်ပံ့ ပေး ခြင်း၊ ရေငန်တားတာများ ပြု ပြင်ပေးခြင်းများ ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြန်လည်ထူ ထောင် ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းများကို အဓိကဦးစားပေးကူညီ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒု တိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က စစ် တွေမြို့ နယ်ရွာသစ်ကေကျေးရွာ၌ မိုးစပါး စံပြ စိုက်ကွက် သရုပ်ပြထွန်ယက်ခြင်းနှင့် စပါး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြား ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင် သူလယ်သမားများ၏ လယ်ယာမြေများကို ကူညီထွန်ယက်ပေးရန် ဇွန် ၃ ရက်က စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ ပေးပို့သည့် နယူးဟော်လန်ထွန်စက် ၃၃ စီး စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်၌ ယခင်ထွန်စက် ၄၇ စီးရှိပြီးဖြစ်သဖြင့် စုစု ပေါင်း ထွန်စက်အစီး ၈၀ ဖြင့် ရာသီအမီ စိုက် ပျိုးနိုင်ရေးအတွက် ကူညီထွန်ယက်ပေးသွား မည်ဖြစ်သည်။ ထို့ပြင် သမဝါယမနှင့် ကျေး လက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း သမဝါယမစနစ်ဖြင့် မိုးစပါး ဧက ၁၀၀၀၀ စိုက်ပျိုးသွားမည် ဖြစ် သည်။

“ဧရာဝတီမြစ်ရဲ့အ နောက်ဘက်ခြမ်းဒေ သတွေဖြစ်တဲ့ စလင်းဆင်ဖြူကျွန်း၊ပွင့်ဖြူ၊ မင်း ဘူး၊စကု၊ဆိတ်ဖြူဒေသတွမှာ ဆည်ရေသော က်ပေါ့။ ရေသွင်းစိုက်ပျိုးတဲ့ဒေသတွေ။ အဲဒီ ဒေသတွေမှာ မိုခါမုန်တိုင်းကြောင့် ထိခိုက်သွား တဲ့ သီးနှံတွေ၊ အဓိကက ပဲတီစိမ်းနဲ့ နွေနှမ်း ပေါ့။ အဲဒီပျက်စီးသွားတဲ့သီးနှံတွေကိုတော့ ပြန်မစိုက်ကြတော့ဘူး။ ဒီအတိုင်းထားလိုက် ပြီ။ မိုးစပါးစိုက်ဖို့ပဲ ပြင်ဆင်နေကြပြီ”ဟု မ ကွေးတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက ပြော ကြားခဲ့သည်။

အလားတူ လက်ရှိအချိန်တွင် မြန်မာ နိုင် ငံအလယ်ပိုင်း၊ ဧရာဝတီမြစ်၏အ ရှေ့ဘက် ခြမ်းတွင်ရှိသည့် ချောက်၊ရေနံချောင်း၊တောင်း တွင်းကြီးနှင့် မကွေးဒေသအတွင်းမှ လယ်ယာ မြေများတွင်မူ မြေပဲနှင့် နှမ်းတို့ကို စိုက်ပျိုးနေ ကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    

မိုခါမုန်တိုင်းကြောင့် လယ်မြေများနှင့် ငါးဖမ်းလှေ များနစ်မြုပ်ပျက်စီးခဲ့ပြီး ရေရှည်တွင် စားနပ်ရိက္ခာ ရရှိမှုနှင့် အစားအစာများအပေါ် ထိခိုက်သက် ရောက်မှုများရှိလာနိုင်ဟု UNDP သတိပေး    

မိုခါမုန်တိုင်းကြောင့် လယ်မြေများနှင့် ငါးဖမ်းလှေများ နစ်မြုပ်ပျက်စီးခဲ့ပြီး ရေရှည် တွင် စားနပ်ရိက္ခာရရှိမှုနှင့် အစားအစာများ အပေါ် ထိခိုက်သက်ရောက်မှုများ ရှိလာနိုင် သည်ဟု UNDP က ထုတ်ပြန်သည်။

ဆိုင်ကလုန်းမိုခါ ရခိုင်ပြည်နယ်ကို ဖြတ် ကျော်ဝင်ရောက်မှုကြောင့် လယ်မြေများထိ ခိုက်ပျက်စီးခြင်း၊ မျိုးစေ့များဆုံးရှုံးခြင်းနှင့် ငါး ဖမ်းလှေများ နစ်မြှုပ်ပျက်စီးခြင်းများ ဖြစ်ပေါ် စေခဲ့ကြောင်း၊ ထိုကဲ့သို့သောထိခိုက်ပျက်စီးမှု များကြောင့် လယ်သမားများနှင့် ငါးဖမ်းသူများ ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက် သုဉ်းခဲ့ရကြောင်း၊ ရေရှည်တွင် စားနပ်ရိက္ခာ ရရှိနိုင်မှုနှင့် အစားအစာအတွက် စရိတ်တတ် နိုင်မှုတို့အပေါ် ထိခိုက်သက်ရောက်မှုများက ပိုဆိုးလာနိုင်သည်ဟု UNDP က ဆိုသည်။

UNDP အနေဖြင့် ရခိုင်ပြည်နယ်တစ် ဝန်းတွင် မျိုးစေ့မျိုးစုံဖြန့်ဖြူးလျက်ရှိပြီး လူ ၃၅၀၀၀ ကျော်အထိ ရောက်ရှိကာ မုတ်သုံ ရာသီမတိုင်မီ ၎င်းတို့၏ အိမ်ခြံများတွင် သစ် သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင် ပြီဖြစ်ကြောင်း၊ ထို့အတူ ငါးဖမ်းသူများကို ကူ ညီရန် စက်ကိရိယာများ ဝယ်ယူနေပြီဖြစ် ကြောင်း UNDP က ထုတ်ပြန်သည်။

ဆိုင်ကလုန်းမိုခါ ဝင်ရောက်ခဲ့ရာ လမ်း ကြောင်းပေါ်ရှိ  နေထိုင်သူအများအပြားသည် ရောက်ရှိရန်ခက်ခဲသည့်နေရာများတွင်ရှိနေသည့်အပြင် ဝင်ငွေလည်း နည်းပါးကြကြောင်း၊  UNDP က ပံ့ပိုးသော မျိုးစေ့မျိုးစုံသည် ထိုဒေ သခံများကို အာဟာရပြည့်ဝသောအစားအစာ များ ထုတ်လုပ်စိုက်ပျိုးနိုင်စေရန်နှင့် စိုက်ပျိုး ဖြစ်ထွန်းလာသည့် သီးနှံများကိုရောင်းချခြင်း မှလည်း မိသားစုများစွာ အပိုဝင်ငွေရရှိနိုင်စေ ရန်ကူညီပေးနိုင်မည်ဖြစ်သည်ဟု UNDP က ခန့်မှန်းသည်။

ထို့ပြင် လာမည့်ရက်သတ္တပတ်များတွင် လယ်သမားများနှင့် ငါးဖမ်းသူများအတွက် စပါးမျိုးစေ့များ၊ ဓာတ်မြေသြဇာ၊ ကဏန်း ထောင်ချောက်များ၊ လှေများနှင့် ငါးဖမ်းပိုက် များအပါအဝင် လုပ်ငန်းလည်ပတ်ရန် အရေး တကြီး လိုအပ်သည့် ကိရိယာများကို ပံ့ပိုးပေး မည်ဖြစ်ကြောင်း၊ ယင်းသို့ပံ့ပိုးမှုသည် ရခိုင် ပြည်နယ်တစ်ဝန်းရှိ လူအများအပြားအတွက် စားနပ်ရိက္ခာဖူလုံမှုကို တိုးတက်စေမည်ဖြစ် သည်ဟု UNDP က ဆိုသည်။

Most Read

Most Recent