သီလဝါအထူးစီးပွားရေးဇုန်အတွင်း နေရောင်ခြည်စွမ်းအင်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော်လျက်ရှိ

သီလဝါအထူးစီးပွားရေးဇုန်အတွင်း နေရောင်ခြည်စွမ်းအင်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော်လျက်ရှိ
Published 31 May 2023

သီလဝါအထူးစီးပွားရေးဇုန်အတွင်း နေရောင်ခြည်စွမ်းအင်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည် ဖော်လျက်ရှိကြောင်း Myanmar Thilawa SEZ Holdings Public Co.,Ltd-MTSH မှ သိ ရသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်(Renewable Energy) တစ်ခုဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး Sola Energy ကို အသုံးပြုပြီး သီလဝါအထူးစီးပွားရေးဇုန်အတွင်း  ၂၀၂၃-၂၀၂၄ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း Myanmar Thilawa SEZ Holdings Public Co.,Ltd-MTSH ၏၂၀၂၁-၂၀၂၂၊ ၂၀၂၂- ၂၀၂၃ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

MTSH သည် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းဝယ်မှုအများဆုံးအဖြစ် ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှစ်တွင်လည်း ဆက်လက်ရပ်တည်ခဲ့ကြောင်း၊ MTSH ၏ အစုရှယ်ယာများသည် ၂၀၂၁-၂၀၂၂ ဘ ဏ္ဍာရေးနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွင်း YSX တွင် အရောင်းအဝယ်ဖြစ်သည့် စုစုပေါင်းအစုရှယ်ယာအရေအတွက်များ၏ ၆၄၅ ရာခိုင်နှုန်းနှင့် ၅၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း MTSH ၏ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

“ရောင်းဝယ်မှုတန်ဖိုး အရဆိုရင်လည်း YSX မှာ စုစုပေါင်းရှယ်ယာရောင်းဝယ်မှုတန်ဖိုးရဲ့ ၄၁ ရာခိုင်နှုန်းဟာ MTSHရဲ့အစုရှယ်ယာတွေဖြစ်ပါတယ်”ဟု ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။

အဆိုပါအချက်သည် ကုမ္ပဏီအပေါ် အများပြည်သူ၏ယုံကြည်မှုနှင့်စိတ်ဝင်စားမှုမှာ သံသယဖြစ်ဖွယ်မရှိ ခိုင်မာနေဆဲဖြစ်ကြောင်း သိသာထင်ရှားနေကြောင်း၊ MTSH ၏အစုရှယ်ယာများသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှစ်နှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များ အတွင်း ရောင်းဝယ်မှုပမာဏမှာ ကျပ် ၈၂၇ သန်းနှင့် ကျပ် ၂၃၃၃ သန်းရှိပြီး YSX တွင် အစုရှယ်ယာရောင်းဝယ်မှုအရေအတွက်နှင့် တန်ဖိုးတိုတွင် အမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံလိုသူများမှ မြေယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိနေပြီ ဖြစ်ကြောင်း မြန်မာ-ဂျပန်သီလဝါဒီဗလော့ မင့်လီမိတက် (MJTD)မှ သိရသည်။

မြန်မာ-ဂျပန်သီလဝါဒီဗလော့ မင့်လီမိတက်(MJTD)သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိကာလအတွက် အသားတင်အမြတ်ငွေ ဒေါ်လာ ၂ ဒသမ ၉၅ သန်းရရှိခဲ့သည်။ အမြတ်လက်ကျန်ဒေါ်လာ ၅၅ ဒသမ ၄၄ သန်းနှင့် ငွေနှင့် ငွေသားညီမျှခြင်း လက်ကျန်အနေဖြင့် ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်တွင် ဒေါ်လာ ၄၃ ဒသမ ၃၆ သန်းပိုင်ဆိုင်ထားသည်။

သုံးနှစ်တာကာလမျှ ကြာမြင့်နေသော ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် အခြားမတည်ငြိမ်သော အခြေအနေများသည် MJTD ၏ မြေယာရောင်းချမှုကဏ္ဍတွင် အ သစ်ရောင်းချရခြင်းမျိုးမရှိခဲ့ဘဲ ပုံမှန်လည် ပတ်နေသည့်လုပ်ငနးများနှင့် အခြားဝင်ငွေများမှသာ ဝင်ငွေရရှိခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်၏ တည်ငြိမ်သောပတ်ဝန်းကျင်နှင့် အရည်အသွေး မြင့်မားသော အခြေခံအဆောက်အဦများကြောင့် ရင်းနှီးမြှုပ်နှံလိုသူများမှ မြေယာများနှင့်စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍လက်ခံရရှိနေပြီ ဖြစ်ကြောင်း၊ ဝင်ငွေအနေဖြင့်ပုံမှန် လည်ပတ်နေ သည့်လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေနှင့်လျှပ်စစ်မီး ဝန်ဆောင်မှုလုပ်ငန်းများမှသာ ရရှိခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာစေရန် စျေးကွက်မြှင့်တင်ရေးအစီအစဉ်များ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့်အတူ ဆောင်ရွက်လျက် ရှိ ကြောင်း၊ ရလဒ်များအရ သီလဝါအထူးစီးပွားရေးဇုန်၏ စျေးကွက်မြှင့်တင်ရေးအစီအစဉ်များနှင့် ရင်း နှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသည့် အခွင့်အရေး၊အခွန်အခ နှုန်းထားများကြောင့် ရင်းနှီးမြှုပ်နှံလို သူများ၏ စိတ်ဝင်စားမှုမှာ သိသိသာသာ တိုးတက်လာခဲ့ကြောင်း သို့သော်လည်း ကမ္ဘာ့စီးပွားရေးတုံ့နှေးနေ ခြင်းနှင့် ငွေကြေး ဖောင်းပွမှုမြင့်မားလာခြင်းတို့ကြောင့် လာမည့်ကာလအတွင်း ပမာဏများပြားသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို မျှော်မှန်း၍မရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent