မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Boarding Pass ပြသပြီး Chaing Mai Night Safari တွင် Tram Ride ၂၀ ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်မည်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Boarding Pass ပြသပြီး Chaing Mai Night Safari တွင် Tram Ride ၂၀ ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်မည်
Published 30 May 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် Chaing Mai Night Safari တို့ ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအား Chaing Mai Night Safari တွင် Yangon-Chaing Mai Boarding Pass ပြသပြီး Tram Ride အတွက် ၂ဝရာခိုင်နှုန်း လျှော့စျေးရရှိနိုင်မည်ဖြစ်ကြောင်း သိရ သည်။

“ကျွန်တော်တို့ လေကြောင်းလိုင်းနဲ့ Chaing Mai Night Safari တို့ပူးပေါင်းပြီး ခရီးသည်တွေအတွက် ခုလိုအစီအစဉ်လေးစီ စဉ်ဖြစ်တာပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Tram Ride အတွက် ၂၀ ရာခိုင်နှုန်းလျှော့စျေးရရှိနိုင်မည့် ပရိုမိုးရှင်းကာလကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၃ဝရက်အထိ သတ်မှတ်ထားကြောင်း၊ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီး စဉ်များတွင် လိုက်ပါမည့် ခရီးသည်များအတွက် လက်ဆွဲအိတ်အတိုင်းအတာသတ်မှတ်ချက် အသစ် ပြင်ဆင်ပြောင်းလဲထားကြောင်း သတင်းရရှိသည်။

အသစ်ပြင်ဆင်ပြောင်းလဲထားသည့် လက်ဆွဲအိတ်အတိုင်းအတာမှာ ယခင်ထက် အနည်းငယ်သေးငယ်ပြီး သယ်ဆောင်ခွင့်ရ ကီလိုမှာမူ ၇ ကီလိုဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်း လိုင်း ပျံသန်းနေသည့် ခရီးစဉ်များထဲတွင် အဆိုပါ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်တစ်ခုတည်းတွင်သာ လက်ဆွဲအိတ်အတိုင်းအတာသတ်မှတ်ချက်အား ပြင်ဆင်ထား ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူခရီးစဉ်ကို နေ့စဉ်တစ်ကြိမ်  ပျံသန်းနေပြီး တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် နှစ်ကြိမ်စီ ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-စင်ကာပူခရီးစဉ် တစ်ကြောင်းစာအား အမေရိကန်ဒေါ်လာ ၁၈၅ မှစတင်၍ လည်းကောင်း၊ အသွားအပြန်ခရီးစဉ် လက်မှတ်အား အမေရိကန်ဒေါ်လာ ၃၅၂ မှ စတင်ကာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းသည် နိုင်ငံတကာခရီးစဉ်များအား Full Service ဖြင့် ပျံသန်းနေသည့် လေကြောင်းလိုင်းတစ်ခုလည်း ဖြစ်သည်။ မြန်မာအမျိုး သားလေကြောင်လိုင်း၏ MNA-Club အဖွဲ့ဝင်၍Reward Miles များ စုဆောင်းကာ Free Ticket နှင့် Extra Baggage Allowance များရယူနိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာအမျိုးသားလေကြောင်း လိုင်းခရီးသည်များအနေဖြင့် မန်ဘာဝင်ရန် အသေးစိတ်အချက်အလက်များကို www.flymna.com တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-သံတွဲခရီးစဉ်တစ်ကြောင်းစာအား ကျပ် ၁၅၅၀၀၀ မှစတင်ရောင်းချပေးနေပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့်အချိန်ကို www.flymna.com တွင် ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ မန္တလေး-ချင်းမိုင်နှင့် ချင်းမိုင်-ရန်ကုန် ခရီးစဉ်(သို့) ရန်ကုန်-ချင်းမိုင်နှင့် ချင်းမိုင်-မန္တလေးခရီးစဉ်ကို လက်မှတ်တစ်စောင်ထဲတွင် ဒေါ်လာ ၂၃၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝက်ဆိုဒ်မှတစ်ဆင့် လက်မှတ်ဝယ်ယူ လိုပါက “ Multi-City”Option ကိုရွေးချယ် ၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်အား ၃၈ဝဒေါ်လာ၊ ရန်ကုန်-ဘန်ကောက်အသွား အပြန်ခရီးစဉ်ကို ၈၉ ဒေါ်လာနှင့် ရန်ကုန်-ချင်းမိုင်အသွားအပြန်ခရီးစဉ်အား ၁၆၀ ဒေါ် လာမှစတင် ရောင်းချပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ဝယ်ယူရန် ဘိုကင်ပြုလုပ်ထားသော ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ခရီးသည်များ အနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် find booking နေရာတွင် မိမိ last name နှင့် လက်မှတ်၏ အပေါ်ညာဖက်ထောင့် အက္ခရာ ၆ လုံးပါရှိသော booking reference သို့မဟုတ် အမှတ်စဉ် ၆၆ ဖြင့် စတင်သော ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အားနေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အားတစ်ပတ် သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Boarding pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်း လျှော့စျေးရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent