အီတလီစီးရီးအေပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 May 2023

ဗီရိုနာ - အမ်ပိုလီ (တနင်္ဂနွေညနေ ၅း၀၀ နာရီ)

အမ်ပိုလီက ရလဒ်တွေတောက်လျှောက်ကောင်းနေပြီး ဂျူဗင်တပ်စ်ကို အနိုင်ကစားခဲ့တဲ့ပွဲက ခြေစွမ်းကိုကြည့်ရင်လည်း အားရစရာကောင်းတယ်။ ဒါပေမဲ့ အဝေးကွင်းဆိုရင်တော့ သိသိ သာသာကျဆင်းသွားတတ်တယ်။ တန်းမဆင်းရဖို့ ရုန်းကန်လာ မယ့် ဗီရိုနာကို ကြိုက်တယ်။

ဘိုလော့ဂ်နာ - နာပိုလီ (တနင်္ဂနွေည ရး၃၀ နာရီ)

ချန်ပီယံနာပိုလီအသင်းရဲ့ ပွဲထွက်စာရင်းမှာ အပြောင်းအ လဲတွေ တွေ့နိုင်တယ်။ ဆီ>မန်နီ၊ ရက်စ်ပါဒိုရီတို့လို အရန်ကစား သမားတွေ ပွဲထွက်လာနိုင်တယ်။ ဘိုလော့ဂ်နာက အိမ်ကွင်း ဆိုရင် ထိပ်သီးအသင်းတွေကို ဒုက္ခပေးနိုင်တဲ့ အသင်းပါ။ သရေ ကျဖို့များတယ်။

မွန်ဇာ - လက်ချီ (တနင်္ဂနွေည ရး၃၀ နာရီ)

လက်ချီက နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ပြီး တန်း ဆင်းဇုန်နဲ့ တဖြည်းဖြည်းနီးလာတယ်။ မွန်ဇာက ရလဒ်ရော၊ ခြေ စွမ်းပိုင်းပါ အတော့်ကို ကောင်းလာတဲ့ အသင်းပါ။ မွန်ဇာကိုပဲ ကြိုက်တယ်။

လာဇီယို - ခရီမိုနီဆီ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ဂျူဗင်တပ်စ်ရဲ့ ရမှတ်လျှော့ ပြစ်ဒဏ်ကြောင့် လာဇီယိုက ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါပြီ။ ဒါကြောင့် ဒီပွဲမှာ လာဇီယိုအသင်း အားစိုက်ကစားပါ့မလားဆိုတာ စဉ်းစားရမယ်။ တန်းဆင်းခဲ့ပြီ ဖြစ်တဲ့ ခရီမိုနီဆီအနေနဲ့တော့ လာဇီယိုကွင်းမှာ ရလဒ်ကောင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လာဇီယိုအသင်း အဆင့် (၂)နဲ့ ရာသီသိမ်း ချင်ရင်တော့ ဒီလိုပွဲမျိုးကို အနိုင်ကစားမှာပါ။ လာဇီယို ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

ဂျူဗင်တပ်စ် - အေစီမီလန် (တနင်္လာနံနက် ၁း၁၅ နာရီ)

(၁၀)မှတ်အထိ လျှော့ချခံရတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က သဲထဲရေသွန်သလို ဖြစ်ခဲ့ ရတယ်။ မျှော်လင့်ချက်ရှိသေးပေမဲ့ တကယ်ကို ခက်ခဲသွားပြီလို့ ဆိုရမယ်။ နောက်ဆုံးပွဲမှာ အမ်ပိုလီကို ရှုံးခဲ့တာကလည်း  စိတ် ပျက်စရာပါပဲ။ အေစီမီလန်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်ချက်တွေရှိနေတယ်။ ဒါပေမဲ့ လီယာအို ခြေစွမ်း မပြနိုင်ရင် အေစီမီလန်တိုက်စစ် ရုန်းကန်ရတတ်တာကိုတော့ သတိပြုရမယ်။ (၂)သင်းပေါင်းဂိုးများနိုင်ပြီး အရှုံးအနိုင်အဖြေပေါ် ဖို့ ခက်တဲ့ပွဲလို့ထင်မိတယ်။

Most Read

Most Recent