ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 May 2023

အာဆင်နယ် - ဝုလ်ဗ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)

အာဆင်နယ်အသင်းက တော်တော်လေး အခြေအနေဆိုးသွားတယ်။ အဆင့် (၂)နေရာ သေချာသွားတဲ့အခြေအနေက အောင်မြင်မှုဆိုပေမယ့် ဒီထက်ပိုပြီး လုပ်နိုင်ခဲ့သင့် တဲ့ အခြေအနေကို မလုပ်နိုင်ခဲ့တာက ရင်နာစရာကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲက ရာသီ ပိတ်ပွဲဖြစ်ပြီး (၃)ပွဲဆက် ရှုံးပွဲဖြစ်သွားတာမျိုးကိုတော့ သူတို့ အဖြစ်ခံမှာမဟုတ်ဘူး။ သရေ ရလဒ်နဲ့လည်း ကျေနပ်မယ်မထင်ဘူး။ အနိုင်ရလဒ်ကို အားစိုက်ကစားလိမ့်မယ်။ 

အက်စတွန်ဗီလာ - ဘရိုက်တန်  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

အက်စတွန်ဗီလာက အဆင့် (၇) နေရာသေချာဖို့အတွက် အမှတ်တစ်မှတ်တော့ လိုသေးတယ်။ ဘရိုက်တန်ကလည်း အဆင့် (၆)နေရာနဲ့ ရပ်တည်ဖို့ သေချာသလောက် ဖြစ်သွားပါပြီ။ လက်ရှိ အနေအထားအရဆိုရင် ဒီနှစ်သင်းကြားမှာ ခြေစွမ်းကွာဟမှုကလည်း သိပ်မကြီးမားဘူးလို့ ပြောရမယ်။ ဒါပေမဲ့ ဘရိုက်တန်က ပိုကောင်းပြီး၊ ဗီလာကတော့ အ ဆိပ်ရှိတဲ့ အနေအထားဖြစ်တယ်။ သရေဆို မျှပါတယ်။ 

ဘရန့်ဖို့ဒ် - မန်စီးတီး  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

သောမတ်စ်ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ်က အသင်းကောင်းတွေ၊ အမှတ်လိုနေတဲ့အသင်းတွေကို ဆက်တိုက်ဒုက္ခပေးခဲ့တယ်။ ပြီးတော့ ပုံမှန်အားဖြင့်လည်း ဒီအသင်းက အသင်းကြီးတွေကို ဒုက္ခပေးလေ့ရှိတဲ့အသင်းမျိုးဖြစ်တယ်။ သူတို့အသင်းမှာ အဓိက တိုက်စစ်မှူး အိုင်ဗန်တိုနေး မကစားနိုင်ရင်တောင် ကစားသမားကောင်းတွေအများကြီး ရှိတယ်။ အထူးသဖြင့် အမ်ဘူမို၊ ဝစ် ဆာတို့ကလည်း အရည်အသွေးမြင့် ကစားသမားတွေဖြစ်တယ်။ အဓိက ပြဿနာက မန်စီးတီးရဲ့ခြေစွမ်းနဲ့ အဆင့်အတန်းပဲ။ ဒီအသင်းက အမှတ်ပေးချန်ပီယံဆုကို ယူထားပြီးသား ဖြစ်ပြီး ရှေ့လာမယ့် ဖလားပြိုင်ပွဲတွေလည်းရှိလို့ အဓိက ကစားသမား တွေကို အနားပေးထားနိုင်တယ်လို့ တွေးနိုင်ပေမယ့် အခြားတစ်ဖက်မှာ ပွဲ Rhythm အတွက် ဆက်သုံးနေတာမျိုးလည်းဖြစ် နိုင်တယ်။ သေချာတာကတော့ မန်စီးတီးပဲ နိုင်သွားမှာပဲ။ 

ချယ်လ်ဆီး - နယူးကာဆယ်  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

နယူးကာဆယ်က ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးသား အသင်းဖြစ်သွားလို့ အမှတ်မလိုတော့ဘူး။ ဂုဏ်သိက္ခာအတွက် ကစား မယ့် ပွဲဖြစ်တယ်။ လမ်းပတ်အတွက်တော့ ချယ်လ်ဆီးယာယီနည်းပြဘ၀ နောက်ဆုံးပွဲဖြစ်နိုင်ပြီး နိုင်ပွဲနဲ့ အသင်းကို လမ်းခွဲသွား ဖို့အတွက် ကြိုးစားသွားလိမ့်မယ်ထင်တယ်။ ကြိုးစားတိုင်းလည်း အဆင်ပြေတာမျိုးမဟုတ်လို့ မှန်းဆရခက်တယ်။ အထူးသဖြင့် နယူးကာဆယ်လို မာကျောပြီး အားကောင်းတဲ့အသင်းမျိုးကို အနိုင်ယူဖို့ ဆိုတာ တော်တော်လေးခက်ခဲတဲ့ အနေအထားလည်း ဖြစ်တယ်။ မန်စီးတီးကို ကစားခဲ့တုန်းက ချယ်လ်ဆီးရဲ့ ခြေစွမ်းကတော့ အသိအမှတ်ပြုရမယ့် ခြေစွမ်းမျိုးဖြစ်ပြီး နယူးကာဆယ် ကို တစ်ဦးချင်းအနေနဲ့ ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေလည်း ချယ်လ်ဆီးမှာ ရှိတယ်။ ပုံမှန်အားဖြင့် နယူးကာဆယ်က ပိုအား ကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာကိုပါ ထည့်စဉ်းစားရင် ချယ်လ်ဆီးကိုပဲ ကြိုက်တယ်။ 

ခရစ္စတယ်ပဲလေ့စ် - နော်တင်ဟမ်  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က အမှတ်လုံးဝမလိုတဲ့ အချိန်တွေကတည်းက ပွဲတိုင်းကို အာရုံ စူးစိုက်မှု အပြည့်နဲ့ ကစားခဲ့တယ်။ ရလဒ်တွေလည်း မဆိုးဘူးလို့ ပြောနိုင်တယ်။ နော်တင် ဟမ်သာ တန်းဆင်းဇုန်က လွတ်ဖို့ မသေချာသေးဘူးဆိုရင် ပဲလေ့စ်က ဘာကိုမှတွက်တဲ့ အသင်းမဟုတ်လို့ စိုးရိမ်စရာပဲ။ အခု ဒီပွဲမှာလည်း ပဲလေ့စ်က သူတို့ အစဉ်အလာအတိုင်း နိုင်ပွဲကိုပဲ အာရုံစိုက်လိမ့်မယ်။ 

အဲဗာတန် - ဘုန်းမောက်  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

အဲဗာတန်က တန်းဆင်းအန္တရာယ် ကြုံနေရတဲ့ (၃)သင်းထဲမှာ အခြေအနေကောင်း ဆုံးဖြစ်တယ်။ အမှတ်အများဆုံးရထားတယ်၊ အိမ်ကွင်းမှာ ကစားရမယ်။ ပြိုင်ဘက်က အမှတ်မလိုတဲ့ ဘုန်းမောက် ဖြစ်နေတယ်ဆိုတဲ့အချက်တွေက အဲဗာတန်ကို အားကောင်း စေပါတယ်။ ဒီပွဲက အဲဗာတန်အတွက် တကယ့် သေရေးရှင်ရေးပွဲလည်းဖြစ်နေလို့ အဲဗာ တန် အနိုင်ကစားသွားလိမ့်မယ်။ 

လိဒ်စ် - စပါး  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

အဲဗာတန်၊ လက်စတာ၊ လိဒ်စ် (၃)သင်းထဲက နှစ်သင်း တန်းဆင်းရမယ်ဆိုတာ တော် တော်လေးတော့ စိတ်ဝင်စားစရာကောင်းတယ်။ နှမြောစရာလည်း ကောင်းတယ်။ လိဒ်စ်က အိမ်ကွင်းမှာ အနိုင်ကစားနိုင်ရင်တောင် အဲဗာတန်ရှုံးမှ ဖြစ်မယ့် အခြေအနေမို့ တော်တော် လေး ခက်သွားတယ်။ စပါးအသင်းကလည်း အက်စတွန်ဗီလာကို ကျော်တက်နိုင်ဖို့လိုနေ လို့ အနိုင်ပဲဦးတည်မှာပါ။ စပါးကို ကြိုက်တယ်။ 

လက်စတာ - ဝက်စ်ဟမ်း  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ တန်းဆင်းအန္တရာယ်ကြုံ တွေ့နေရတဲ့ လိဒ်စ်ကို ဒုက္ခပေးခဲ့ပြီးပြီ။ ဒီပွဲမှာ လက်စတာကို ထပ်ဒုက္ခပေးဦးမလားဆိုတာ ကြည့်ရမယ်။ လက်စတာက နိုင်မှ ဖြစ်မယ်။ သရေဆိုရင် တန်းဆင်းသွားရပါပြီ။ ခက်တာက လက်စတာက အခုအချိန်အထိ နိုင်ပွဲတွေနဲ့ ဘာမှ မဆိုင်တဲ့အသင်းလို ဖြစ်နေပြီး ဝက်စ် ဟမ်းက ကစားပုံတော်တော်ကောင်းလာတယ်။ သရေလောက်နဲ့ ပြီးသွားမယ်။ 

မန်ယူ - ဖူလ်ဟမ်  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

မန်ချက်စတာယူနိုက်တက်အသင်းက ချယ်လ်ဆီးကို အနိုင်ကစားခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီးဖြစ်ပေမဲ့  အိမ်ကွင်းရာသီပိတ်ပွဲကို နိုင်ပွဲနဲ့ အဆုံးသတ်ချင်လိမ့်မယ်။ မန်ချက်စတာယူနိုက်တက်ပဲ ကြိုက်တယ်။ 

ဆောက်သမ်တန် - လီဗာပူးလ်   (တနင်္ဂနွေည ၁၀း၀၀ နာရီ)

လီဗာပူးလ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးထားရပြီးဖြစ်တယ်။ ဒါပေမဲ့ အမှတ်မလိုတော့ဘူးဆိုရင်တောင် ဆောက်သမ်တန်က အမှတ်မလို၊ အားနည်းတဲ့အသင်းမို့ လီဗာပူးလ်ပဲ နိုင်မှာပါ။ 

Most Read

Most Recent