မော်ရင်ဟို၏လက်အောက်တွင် ကစားလိုကြောင်း ဆီဗီလာကွင်းလယ်ကစားသမား ရာကီတစ် ဖွင့်ဟ

မော်ရင်ဟို၏လက်အောက်တွင် ကစားလိုကြောင်း ဆီဗီလာကွင်းလယ်ကစားသမား ရာကီတစ် ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 27 May 2023

 

ဆီဗီလာကွင်းလယ်ကစားသမား ရာကီတစ်က မိမိအနေဖြင့် ရိုးမားနည်းပြ မော်ရင်ဟို၏ လက်အောက်တွင် ကစားလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ 

ဆီဗီလာအသင်းသည် မေလ ၃၁ ရက်တွင် ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ရိုးမားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

ယင်းပွဲစဉ်မတိုင်မီ ဆီဗီလာဝါရင့် ကွင်းလယ်ကစားသမား ရာကီတစ်(၃၅ နှစ်) က ကစားသမားဘဝတစ်လျှောက် မော်ရင်ဟို လက်အောက်တွင် ကစားခွင့်မရခဲ့သည့်အတွက် နောင်တရမိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ရာကီတစ်က "မော်ရင်ဟိုရဲ့အသင်းတွေကို ပြိုင်ဘက်အဖြစ် ကျွန်တော် ပွဲများစွာရင်ဆိုင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ နှစ်ယောက်အတူ လက်တွဲပြီး အလုပ်လုပ်ခွင့် မရတာကတော့ နှမြောစရာကောင်းပါတယ်။ သူနဲ့ လက်တွဲပြီး အလုပ်လုပ်ခွင့်ရမယ်ဆိုရင် အရမ်းကောင်းမှာပါ။ ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ မော်ရင်ဟိုအပေါ် လေးစားမှုအပြည့်ရှိပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးလို့ ကျွန်တော်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent