ဝက်စ်ဟမ်း - လိဒ်စ် (တနင်္ဂနွေည ရး၀၀ နာရီ)
ဝက်စ်ဟမ်းက တန်းမဆင်းရဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ အမှတ်မလိုတော့ တဲ့အနေအထားမှာ လိဒ်စ်ကို ဘယ်လိုကစားမလဲ ကြည့်ရမယ်။ လိဒ်စ်က ဖောရက်စ်၊ အဲ ဗာတန်၊ လက်စတာ တို့နဲ့ အပြိုင်ဖြစ်နေပြီး ဒီပွဲနိုင်လိုက်ရင်တော့ အခြေအနေ မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းကွင်းမှာ ရလဒ်ကောင်းလာယူနိုင်ဖို့ မလွယ်ပါဘူး။ ဝက်စ် ဟမ်းပဲ ကြိုက်တယ်။
ဘရိုက်တန် - ဆောက်သမ်တန် (တနင်္ဂနွေည ရး၀၀ နာရီ)
တန်းဆင်းပြီးသား ဆောက်သမ်တန်ကို အနိုင်ယူဖို့ ဘရိုက်တန် ထွေထွေထူးထူး အားထည့်နေရစရာမလိုပါဘူး။ ကစားပုံလည်း ကွာတယ်။ ကစားသမားအင်အားချင်းလည်း ကွာတယ်။ ဘရိုက်တန်က ယူရိုပါလိဂ်ဝင်ခွင့်အတွက် အလားအလာအရမ်းကောင်းနေပြီး ဒီအခြေအနေကို ဆက်လက်ဆုပ်ကိုင်ထားလိမ့်မယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ ဘရိုက် တန်ပဲ ဂိုးပြတ်သွင်းလိမ့်မယ်။
မန်စီးတီး - ချယ်လ်ဆီး (တနင်္ဂနွေည ၉း၃၀ နာရီ)
မန်စီးတီးက ရာသီပိတ်မှာ အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းရင်း ဒီပွဲမှာ အမှတ်ပေးဖလား သိမ်းရမယ့် အနေအထားကို ရောက်လာခဲ့တယ် လမ်းပတ်ရဲ့ ချယ်လ်ဆီးက စိတ်ပျက်စရာပုံစံနဲ့ ဖြတ်သန်းနေဆဲဖြစ်ပြီး ပွဲချောင်တွေရော ပွဲကျပ်တွေမှာပါ အမှတ်ရတာ မချောင်ခဲ့ဘူး။ မန်စီးတီးက ပျမ်းမျှအားဖြင့် တစ်ပွဲကို (၂) ဂိုး၊ (၃) ဂိုးလောက် သွင်းနေတဲ့အသင်းဖြစ်ပြီး ခံစစ်ပိုင်း မှတ်တမ်းအရမ်းကောင်းတယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ကစားထားရလို့ ပွဲပန်းနေလည်း မန်စီးတီးအတွက် ဒီလိုအခြေအနေတွေကို ဖြတ်သန်းလာတဲ့အတွေ့အကြုံများတယ်။ အရန်သင့်အစားထိုးစရာ ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ အ သင်းနှစ်သင်းကြားမှာ ခြေစွမ်းနဲ့ စုဖွဲ့ကစားပုံလည်း တော်တော်ကွာတယ်။ ကစားရမယ့်နေရာက အီတီဟတ်ဖြစ်တယ်။ မန် စီးတီးပဲ အောင်ပွဲခံသွားမယ်။















