အာဂျင်တီးနားအသင်း၏ အာရှခရီးစဉ်ကို လီဆန်ဒရိုမာတီနက်ဇ် လွဲချော်ဖွယ်ရှိ

အာဂျင်တီးနားအသင်း၏ အာရှခရီးစဉ်ကို လီဆန်ဒရိုမာတီနက်ဇ် လွဲချော်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 18 May 2023

မန်ယူနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်သည် မန်ယူအသင်း၏ ၂၀၂၃-၂၄ ရာသီကြိုအမီ ကြံ့ခိုင်မှုပြည့်ဝရေးကို အာရုံစိုက်ရန်အတွက် အာဂျင်တီးနားအသင်း၏ အာရှခရီးစဉ်ကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းသည် အာရှခရီးစဉ်အဖြစ် ဇွန်လ (၁၅) ရက်တွင် တရုတ်၊ ဇွန်လ (၁၉) ရက်တွင် အင်ဒိုနီးရှားတို့နှင့် ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။

လီဆန်ဒရိုမာတီနက်ဇ်သည် ဧပြီလက ဆီဗီလာနှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲတွင် ခြေဖဝါးရိုးကျိုးဒဏ်ရာရခဲ့ပြီး ယင်းကတည်းက အနားယူနေရသည်။

၎င်းအနေဖြင့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲအမီ ပြန်ကောင်းဖွယ်ရှိသော်လည်း မပါဝင်ဘဲ မန်ယူ၏ရာသီကြိုတွင် ပါဝင်ရန် စီစဉ်လျက်ရှိသည်။

Most Read

Most Recent