ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့  ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့  ပွဲကြိုသုံးသပ်ချက်
Photo: Roma Twitter
Photo: Roma Twitter
Published 18 May 2023

ဆီဗီလာ နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဂျူဗင်တပ်စ်အသင်း ပထမအကျော့အိမ်ကွင်းပွဲမှာ နောက်ကျချေပဂိုးကြောင့်သာ ရှုံးပွဲမတွေ့ခဲ့ရတာဖြစ်တယ်။ ယူရိုပါလိဂ်မှာ ဆီဗီလာအသင်းရဲ့အရှိန်အဝါကလည်း အတော်လေးလွှမ်းမိုးမှုရှိပြီး ကွာတားမှာ မန်ယူကို ကျော်ဖြတ်နိုင်ခဲ့တာက ယုံကြည်မှု ပိုမြင့်မားလာစေခဲ့တယ်။ ဒါပေမဲ့ အားထားရတဲ့ အိုကမ်ပို့စ် ပထမအကျော့မှာ ဒဏ်ရာရသွားလို့ အခု အိမ်ကွင်းမှာ ပါဝင်ကစားဖို့ မသေချာဘူး။ သူ မကစားနိုင်ရင်တော့ ဆီဗီလာညာခြမ်းတိုက်စစ်က အားနည်းသွားနိုင်တယ်။ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကတော့ စပိန်မြေမှာ ခံစစ်ကိုအားပြုပြီး Counter ချောင်းကစားဖို့များတယ်။ မိနစ်(၉၀)အတွင်းတော့ ဆီဗီလာ ရှုံးဖို့မရှိပါဘူး။

လေဗာကူဆင် နှင့် ရိုးမား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အခုဒုတိယအကျော့ပွဲမှာလည်း လေဗာကူဆင်အပေါ် ယုံကြည်မှုတွေက မြင့်မားနေတုန်းပဲ။ ပထမအကျော့တုန်းက ရောမမြေမှာ လေဗာကူဆင်အသင်း ပွဲအစပိုင်းမိနစ်တွေမှာ ကစားသွားပုံကလည်း အထင်ကြီးစရာကောင်းတယ်။ ဒါပေမဲ့ လေဗာကူဆင်ရဲ့ပြဿနာက ဒီယာဘီ၊ ဗက်ဇ်၊ ဟလိုဂျက်ခ်တို့ကစားတဲ့ တိုက်စစ်ပိုင်း လုပ်အားနှုန်းကောင်းပေမဲ့ အဆုံးသတ်ပိုင်း အားနည်းချက်ရှိနေတာပါ။ ရိုးမားကလည်း တိုက်စစ်မှာ ပြဿနာအနည်းငယ်ရှိနေပြီး အေဘရာဟမ်၊ ဘယ်လော့တီတို့ထံက သွင်းဂိုးတွေ မျှော်လင့်လို့မရပေမဲ့ နည်းပြ မော်ရင်ဟိုရဲ့လုပ်ရည်ကိုင်ရည်က စကားပြောသွားလိမ့်မယ်။ ရိုးမားအသင်း မရှုံးနိုင်ဘူးထင်တယ်။

Most Read

Most Recent