သဘာဝ ရေကြီးရေလျှံ ဘေးဆိုးဂယက်

သဘာဝ ရေကြီးရေလျှံ ဘေးဆိုးဂယက်
မိုသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ယခင်နှစ်များက တွေ့ရစဉ် (ဓာတ်ပုံ-ကိုဇော်ဇော် (တက္ကသိုလ်))
မိုသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ယခင်နှစ်များက တွေ့ရစဉ် (ဓာတ်ပုံ-ကိုဇော်ဇော် (တက္ကသိုလ်))
Published 17 May 2023
ဒေါက်တာလွင်သန့်

မိုခါ (Mocha) ဆိုင်ကလုံးမုန်တိုင်းအပြီး ဆက်လက်မိုးများနိုင်လို့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ မြေပြိုမှုဘေး အန္တရာယ် ဆက်လက် ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း မိုး/ဇလ ပညာရှင်တို့ ခန့်မှန်းသုံးသပ်ခဲ့ကြ ပါတယ်။ 

အမေရိကန်တက္ကသိုလ်တစ်ခုရဲ့ သုတေသနပြုချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ် မှာ ရာသီဥတုအဆိုးရွားဆုံးနိုင်ငံ စာရင်းဝင် ဖြစ်နေတဲ့အပြင် ရာသီဥတုဘေးအန္တရာယ် အတွက် ပြင်ဆင်မှုအနည်းဆုံး နိုင်ငံထဲမှာလည်း ပါဝင်နေပါတယ်။ 

ကမ္ဘာကြီးပူနွေးလာလို့ ကမ္ဘာ့မြောက်ခြမ်းက ရေခဲတောင်တွေ ပြိုကျတာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက် ခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာတာ အပူချိန်စံချိန်တင်မြင့်တက်ခဲ့ပြီး နွေရာသီအပူချိန်စံ ချိန်တင်ခဲ့သလောက် မိုးရာသီမှာ စံချိန်တင် မိုးရေချိန်နဲ့ ရွာချပါတယ်။ 

မြန်မာနိုင်ငံမှာ ၁၉၈၈ မတိုင်မီက ရာ သီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြို တာ၊ လူသေဆုံးတာ ရှာမှရှားပါပဲ။ သဘာဝ သစ်တောကြီးတွေ ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်း ထားတော့ တော်ရုံပြင်းထန်တဲ့ မုန်တိုင်း လောက်ကို မမှုကြပါဘူး။ မိုးကြိုးပစ်လို့ သေတာ၊ ရေကြီးရေလျှံ ရေနစ်လို့သေတာ၊ မြေပြို လို့သေတာ၊ မိသားစုလိုက်သေတာ ရှားပါ တယ်။ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဧက ၅၇  ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ သစ်တောဧက ၄၃  ရာခိုင်နှုန်းအထိ သဘာဝသစ်တောတွေ ပျောက်ဆုံးကာ သဘာဝဘေးဆိုး ရေကြီးရေ လျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ အခြားသစ်တော ပြုန်းတီးနိုင်ငံတွေလို့ ခပ်စိပ်စိပ်ကြုံလာရ ပါတယ်။ 

မွန်၊ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီတိုင်း ဒေသကြီးမှာလည်း မိုးသည်းထန်စွာ ရွာသွန်း နိုင်လို့ အနိမ့်ပိုင်းမှာ ရေကြီးခြင်း၊ တောင်ပြိုကျ ခြင်း၊ ကားလမ်းပြိုကျခြင်း၊ ကားလမ်းပိတ်ဆို့ ခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ 

ရေလွှမ်းမိုးမှုကြောင့် မြေပြိုခြင်း၊ ရေ တိုက်စားခြင်း၊ လူနဲ့တိရစ္ဆာန် ထိခိုက်ပျက်စီး ခြင်း၊ စိုက်ပျိုးမှု လုပ်ငန်းများပျက်စီးခြင်း စတဲ့ ဆုံးရှုံးမှုတွေအပြင် များပြားလှတဲ့ ဆုံးရှုံးမှုတွေ၊ အန္တရာယ်တွေပဲဖြစ်ပါတယ်။ 

ရေလွှမ်းမိုးမှုကြောင့် လူအပါအဝင် သက်ရှိများ အသက်ဆုံးရှုံးခြင်း၊ အဆောက် အအုံများပျက်စီးခြင်း၊ ဆည်မြောင်းတာတမံ များပျက်စီးခြင်း၊ မြို့ရွာများရှိ ရေမြောင်း၊ ရေ လမ်းပျက်စီးခြင်း၊ ရေကျော်နေလို့ ဆက်သွယ် ရေးပြတ်တောက်ခြင်း ရင်ဆိုင်ရနိုင်ပါတယ်။ လျှပ်စစ်ဓာတ်အားပေးစနစ်၊ ဖုန်းစနစ်များ ထိခိုက်ပြတ်တောက် နေတတ်ပါတယ်။ စက် မှုလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ထိခိုက်တတ်ပါတယ်။ ရေနဲ့ပတ်သက်ပြီး ညစ်ညမ်းကာ ဝမ်းရောဂါစတဲ့ ရေမှတစ်ဆင့် ကူးစက်ပြန့်ပွားတတ်တဲ့ တိုက်ဖွိုက် (thyphoid) ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်စေပါ တယ်။ 

ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေးလုပ် ငန်း ထိခိုက်ဆုံးရှုံးလာမှုက နောက်ဆက်တွဲ ပြဿနာများ ငတ်မွတ်ခေါင်းပါးမှုများဖြစ်လာ နိုင်ပါတယ်။ စီးပွားရေးအရ ကြီးမားတဲ့ဆုံးရှုံး မှုကြုံတွေ့ကြရတယ်။ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးဆုံးရှုံးကာ သစ်တောပြုန်း တီးခြင်း၊ သေကျေပျက်စီးခြင်း၊ မြေနေနဲ့ တွင်း အောင်းသတ္တဝါတွေ ထွက်လာတတ်ပါတယ်။ မြွေအန္တရာယ်၊ ကင်းအန္တရာယ်ရှိလာပါတယ်။ 

ရေလွှမ်းမိုးမှုနောက်ပိုင်း ကြုံတွေ့ရမယ့် ပြဿနာများမှာ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်ရုံအလုပ်ရုံများ နာလန်မထူနိုင်အောင် ဖြစ်စေပါတယ်။ သယ်ယူပို့ဆောင်ရေး ထိခိုက် ကာ အဆောက်အအုံများ ကြံ့ခိုင်မှုနစ်နာစေ ပါတယ်။ ကုန်ပစ္စည်း ပြတ်လပ်လာမှု၊ ကုန် စျေးနှုန်းကြီးမှု၊ အလုပ်အကိုင်ပျက်စီးမှု စတာတွေ ဖြစ်လာတယ်။ 

မိသားစုဝင်များ သေကျေပျက်စီးရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးစွာကြုံရတယ်။ ဥစ္စာလည်းဆုံး၊ လူလည်းဆုံးရရင် စိတ်ထိခိုက် ကြေကွဲကာ တမြည့်မြည့်ခံစားကြရတယ်။ ရေလွှမ်းမိုးတဲ့ အိမ်တွေဟာ အမြဲတမ်း စိုထိုင်း တဲ့အိမ် (Chronic Wet House) ဖြစ်သွားလို့ အသက်ရှူလမ်းကြောင်းရောဂါ များလာပါ တယ်။     

ရာသီအလိုက်ဖြစ်နိုင်ခြေရှိတဲ့ သဘာဝ ဘေးအန္တရာယ်အလိုက် ပြည်သူတွေသိထား အောင် ဆက်တိုက် လေ့ကျင့်ခြင်း ရှိသင့်ပါ တယ်။ အခြေအနေအလိုက် ကြိုတင်ရွှေ့ ပြောင်းခြင်း ပြုထားသင့်ပါတယ်။ ကျန်းမာရေး ဆိုင်ရာ သောက်သုံးရေ၊ အစာ ကြိုတင်စု ဆောင်းခြင်း၊ ကူးစက်ရောဂါကာကွယ်ရေး အစီအစဉ်များ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ထားရပါမယ်။ ကယ် ဆယ်ရေး၊ အသက်ကယ်ရေးဆိုင်ရာ လိုအပ် တဲ့ အသုံးအဆောင်၊ ယာဉ်ရှိရပါမယ်။ ဖြစ်ပွားချိန်မှာ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင် ရပါမယ်။ မြေပြိုနိုင်တဲ့ အခြေအနေကနေ လူ တိုင်းပြေးထွက်နိုင်ရမယ်။ ပရဟိတလုပ်ကိုင် သူတွေ ကျင့်သားရအောင် လေ့ကျင့်ပေးဖို့ လိုအပ်လာသလို မရှိမဖြစ် စက်ယန္တရားတွေ လိုအပ်လာပါတယ်။ မြေပြိုမှုမှ အသက်ရှင် နိုင်တဲ့ အခြေအနေရှိသေးသမျှ မြန်မြန်ကယ် တင်ပေးဖို့ လိုအပ်လာပါတယ်။ 

ရေကြီးခြင်း၊ မြေပြိုခြင်းပြီးရင် ပြန်လည် ထူထောင်ရေး အရေးကြီးပါတယ်။ ကူးစက် ရောဂါများ ကာကွယ်ကုသခြင်း၊ သောက်ရေ သန့်ရရှိအောင် ဆောင်ရွက်နေခြင်း၊ ရေနဲ့ မိလ္လာ စနစ် ကောင်းမွန်စေရေး၊ ပြည်သူများ ပုံမှန်ဘဝသွားလာ ရှာဖွေလုပ်ကိုင်နိုင်တဲ့ အခြေအနေအထိ ပြန်လည်ထူထောင်ရေး အရေးပါလှပါတယ်။ 

နောက်ပြီး မြစ်ရေကြီးမှုနဲ့ မိုးလေဝသ သတင်း နားထောင်ရပါမယ်။

 

Most Read

Most Recent