ဒက်ကလန်ရိုက်စ်ကို လီဗာပူးလ်ခေါ်ယူသင့်သည်ဟု ဂျွန်အယ်လ်ဒရစ်ချ် ဆို

ဒက်ကလန်ရိုက်စ်ကို လီဗာပူးလ်ခေါ်ယူသင့်သည်ဟု ဂျွန်အယ်လ်ဒရစ်ချ် ဆို
Photo: Getty Images
Photo: Getty Images
Published 8 May 2023

လီဗာပူးလ်အသင်း၏ တိုက်စစ်မှူးဟောင်း ဂျွန်အယ်လ်ဒရစ်ချ်က ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်သည် လီဗာပူးလ်အသင်းလိုအပ်နေသည့် ကစားသမားမျိုးဖြစ်ပြီး အသင်းတွင် (၁၀)နှစ်ခန့် အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ခေါ်ယူသင့်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

၎င်းက ''လီဗာပူးလ်အသင်း လိုအပ်နေတာက ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး လာမယ့်ရာသီ ပထမဆုံးပွဲမှာကတည်းက အသုံးပြုနိုင်မယ့်သူမျိုးပါ။ ဒက်ကလန်ရိုက်စ်က အဲဒီလိုကစားသမား ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ့အရည်အသွေးကို သက်သေပြထားပြီး အသင်းကြီးတစ်သင်းမှာ ကစားဖို့ အသင့်ဖြစ်နေသူလည်း ဖြစ်ပါတယ်''ဟု ဆိုခဲ့သည်။

ဒက်ကလန်ရိုက်စ်ကလည်း ဝက်စ်ဟမ်းမှထွက်ခွာပြီး အသင်းကြီးတစ်သင်းထံ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent