မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံခရီးစဉ်များ ပြေးဆွဲပေးနေ

မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံခရီးစဉ်များ ပြေးဆွဲပေးနေ
မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ခရီးစဉ်ပြေးဆွဲနေသည့် ရထားတစ်စင်းကို တွေ့ရစဉ်
မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ခရီးစဉ်ပြေးဆွဲနေသည့် ရထားတစ်စင်းကို တွေ့ရစဉ်
Published 21 April 2023

မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံ ခရီးစဉ်များကို ပြေးဆွဲပေးနေကြောင်း သိရ သည်။

မြန်မာ့မီးရထားက ရန်ကုန်-ပုဂံ အမြန်ရထားခရီးစဉ်အား ရိုးရိုးတန်း ကျပ် ၇၂၀၀၊ အထက်တန်းထိုင်ခုံ ကျပ် ၁၄၄၀၀၊ အထက် တန်းအိပ်စင် ကျပ် ၁၉၈၀၀ ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုတွင် ဘူတာရုံများ၊ အချက်ပြစနစ်များ၊ ရထား လမ်းကူး ဂိတ်များကို တစ်ပြိုင်တည်း အဆင့်မြှင့်တင်လုပ်ဆောင်နေပြီး မီးရထား လက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

“မီးရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ ခရီးသွားပြည်သူတွေ အလွယ်တကူ ဝယ်ယူနိုင်ရန် ဘူတာကြီးလေးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် ပြည်ဘူတာတို့မှာ စတင်ရောင်းချနိုင်အောင်စီစဉ်နေပါတယ်” ဟု မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးကဆိုသည်။

မြန်မာ့မီးရထားက ခရီးသည်များအဆင်ပြေလွယ်ကူစွာသွားလာနိုင်ရန် ဧပြီ ၇ ရက် မှစတင်ကာ ရန်ကုန်-နေပြည်တော်-မန္တလေး လေအိတ်အဆန် အထူးအမြန်ရထားခရီးစဉ် အားပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားက သင်္ကြန်ကာလအတွင်း ခရီးသည်များအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် ဧပြီ ၇ ရက်မှစတင်ကာ ရန်ကုန်မြို့မှ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပြည်မြို့များသို့ အထူးရထားခရီးစဉ်များ ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားက ပြေးဆွဲခဲ့သည့် သင်္ကြန် အထူးရထားခရီးစဉ်များမှာ ရန်ကုန်-မန္တလေး-ရန်ကုန်၊ နေပြည်တော်-ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများ ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

သင်္ကြန်အထူးရထားခရီးစဉ်များအနေဖြင့် ဧပြီ ၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန်နှင့် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားများကိုလည်းကောင်း၊ ဧပြီ ၈ ရက်တွင်  ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်၊ ရန်ကုန်-ပြည်နှင့် ပြည်-ရန်ကုန်အထူးရထားများကိုလည်းကောင်း၊ ဧပြီ ၁၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်၊ ရန်ကုန်-ပြည်နှင့် ပြည်-ရန်ကုန်အထူး ရထားခရီးစဉ်များကိုလည်းကောင်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့ရက်များအပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုပေါ်မူတည်ကာ လိုအပ်ပါက ဧပြီ ၁၈ ရက်တွင်လည်း အထူးရထားများကို ထပ်တိုးပြေးဆွဲပေးသွားမည် ဖြစ်ပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက် အထိ လူစီးရထားများအားလုံး ပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်သည်။

ရထားစီးပြည်သူများအနေဖြင့် အထက်တန်းလက်မှတ်များအား သုံးရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍ လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လျှောက်လွှာများဖြင့် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံ ခရီးစဉ်များကို ပြေးဆွဲပေးနေခြင်းဖြစ်သည်။

မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent