စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာတွင် ဒရုန်းဖြင့်ဗုံးပစ်ချ ဖောက်ခွဲခဲ့သဖြင့် အလကကျောင်းရှေ့၌ ရေကစားနေသည့် ကလေးငါးဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ကျေးရွာသား ၃၁ ဦး ဒဏ်ရာရရှိ

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာတွင် ဒရုန်းဖြင့်ဗုံးပစ်ချ ဖောက်ခွဲခဲ့သဖြင့် အလကကျောင်းရှေ့၌ ရေကစားနေသည့် ကလေးငါးဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ကျေးရွာသား ၃၁ ဦး ဒဏ်ရာရရှိ
Published 15 April 2023

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာတွင် ဒရုန်းဖြင့်ဗုံးပစ်ချ ဖောက်ခွဲခဲ့သဖြင့် အလကကျောင်းရှေ့၌ ရေကစားနေသည့် ကလေးငါးဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ကျေးရွာသား ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းရှေ့၌ ကလေးငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများ ရေကစား နေစဉ် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် PDF များက ဒရုန်းဖြင့် Drop Bomb လေးလုံး လာရောက် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ငါးဦးအပါအဝင် ရှစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသား ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။