
Published 3 April 2023

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်ရှေ့၌ ရှိနေစဉ် သေနတ်ပစ်ခံရပြီး သေဆုံးမှု ဧပြီ ၃ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၁ လမ်းနှင့် ၅၃စီလမ်းထောင့်ရှိ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်သည် ၎င်း၏နေအိမ်ရှေ့တွင်ရှိနေစဉ် အမည်မသိအမျိုးသားလေးဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ကာ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့သေနတ်ဖြင့် ဆယ်ချက်ခန့်ဝိုင်းဝန်းပစ်ခတ်သွားခြင်းကြောင့် ဝမ်းဗိုက်အလယ်ဖောက်ဝင်ဒဏ်ရာ၊ လက်ဝဲရင်အုံဖောက်ဝင်ဒဏ်ရာ၊ ရင်ညွန့်အလယ်ဖောက်ဝင်ဒဏ်ရာ၊ နောက်ကျောကုန်းဖောက်ဝင်ဒဏ်ရာ၊ လက်ဝဲဘက်ဦးခေါင်း ဖောက်ဝင်အသီးသီးတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ယင်းအပြင် ၎င်း၏တူဖြစ်သူ မျိုးဆန်းဦး အသက် (၂၆) နှစ်အရွယ်သည်လည်း ဗိုက်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး စိုးရိမ်ရသဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent