လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၄၃ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈၁၉ သန်းကျော်ရှိ

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၄၃ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈၁၉ သန်းကျော်ရှိ
Published 30 March 2023

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၄၃ သန်းကျော် တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈၁၉ သန်းကျော် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရ သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇန်န ၀ါရီအထိ ၁၀ လအတွင်း မြန်မာဘက်မှပို့ကုန် တန်ဖိုး ဒေါ်လာ ၃၀၄၃ ဒသမ ၉၈၂ သန်း၊ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈၁၉ ဒသမ ၁၇၀ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၄၈၆၃ ဒသမ ၁၅၂ သန်းရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တို ဘာမှ မတ်လအထိ Mini Budget ခြောက်လအတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင် ပို့မှုတန်ဖိုး ဒေါ်လာ ၁၉၁၁ သန်းကျော်တင် ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ် လာသန်း ၁၀၇၀ ကျော်သာရှိကြောင်း၊ ခြောက် လအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ  ၂၉၈၁ ဒသမ ၅၇ သန်းရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနှင့် ထိုင်း နိုင်ငံတို့အကြား နှစ်နိုင်ငံကုန် သွယ်မှုတွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန် ဖိုး ဒေါ်လာ ၃၂၈၇ သန်းကျော်ရှိပြီး ထိုင်းဘက် မှသွင်းကုန်တန်ဖိုး ဒေါ်လာသန်း ၁၉၈၀ ကျော် သာရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိ မြန်မာဘက်  မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၈၇ ဒသမ ၅၄၇ သန်း၊ ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၁၉၈၀ ဒသမ ၈၉၁ သန်းဖြင့် ကုန်သွယ်မှုပမာ ဏ ဒေါ်လာ ၅၂၆၈ ဒသမ ၄၃၈ သန်းရရှိခဲ့ သည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန် သွယ်မှု ဒေါ်လာသန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၃၅၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန် မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်း ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန် မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုး ဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်း ထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ လကုန်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ် မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ် လာ ၂၂၂၈ ဒသမ ၆၄၁ သန်း တင်သွင်းထား သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ ၂၃၄ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်း တင်သွင်း ထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ NES ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများ အတွက် အလုပ်အကိုင်များနှင့်အခွင့်အလမ်း အသစ်များ ဖန်တီးနိုင်ရေးအတွက် အစိုးရ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူး ပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ် ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ NES ၂၀၂၀-၂၀၂၅  မူဘောင်သည် မြန်မာနိုင်ငံ၏  မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီး ပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်း ချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent