ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာများကို နိုင်ငံခြားသားများ ပါဝင်ရောင်းချရန် ခွင့်ပြုထား

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာများကို နိုင်ငံခြားသားများ ပါဝင်ရောင်းချရန် ခွင့်ပြုထား
ရန်ကုန်စတော့အိတ်ချိန်း၏ ခုနစ်နှစ်ပြည့်အခမ်းအနားကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၏ ခုနစ်နှစ်ပြည့်အခမ်းအနားကို တွေ့ရစဉ်
Published 29 March 2023

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာများကို နိုင်ငံခြားသားများ ပါဝင်ရောင်းချရန် ခွင့်ပြုထားကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

“YSX ရဲ့ ခုနစ်နှစ်တာဖြတ်သန်းခဲ့တဲ့ကာလမှာ တိုးတက်မှုအနေနဲ့ စာရင်းဝင်ကုမ္ပဏီတစ်ခုနဲ့စတင်ခဲ့ပြီး စာရင်းဝင်ကုမ္ပဏီခုနစ်ခု ၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီခြောက်ခု ရှိခဲ့ပါတယ်။ အခုအချိန်မှာ စတော့ရှယ်ယာများကို အွန်လိုင်းနဲ့လည်း ရောင်းဝယ်နိုင်ပြီဖြစ်လို့ ဝယ်သူနဲ့၊ ရင်းနှီးမြှုပ် နှံသူတွေကမိမိတို့နေရာမှာတင် အစုရှယ်ယာများကို ရောင်းဝယ်မှု ပြုလုပ်နိုင်ပါတယ်၊ နိုင်ငံခြားသားများ ပါဝင်ရောင်းချဖို့လည်း ခွင့်ပြုထားပါတယ်၊ မိမိတို့နှစ်သက်ရာ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ဝယ်ယူနိုင်ပါတယ်၊Main Boardထက် အရွယ်အစားအားဖြင့် သေးငယ်တဲ့ အများပိုင်ကုမ္ပဏီများ အထူးသဖြင့် SME ၊ MSME လုပ်ငန်းများကိုစာရင်းဝင်ကုမ္ပဏီသို့ ရောက်ရှိလာအောင် Pre-Listing Board ကို တည် ထောင်ပြီးဖြစ်ပါတယ်၊MSME လုပ်ငန်းများ ဝင်ရောက်ရောင်းဝယ်နိုင်ပြီဖြစ်ပါတယ်၊ စာရင်းဝင်ကုမ္ပဏီများကို နိုင်ငံတော်က Corporate Income Tax လျော့ပေးထားပါတယ်၊ နောင်တွင်လည်း ငွေချေးစာချုပ်စျေးကွက်  (Corporate Bond Market) ကိုလည်း ထပ်မံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်  ၁၉၉၆ခုနှစ်၌ အရင်းအနှီးစျေးကွက်၏ သန္ဓေဖြစ်သည့်  Myanmar Securities Exchange Centre ကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စတော့အိပ်ချိန်း အစုရှယ်ယာများကို ရောင်း ချပေးခဲ့ကြောင်းလည်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

မြန်မာနိုင်ငံတွင်၂၀၀၈ ခုနှစ်၌ Capital Market Development Comittee ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရန် ငွေချေးသက်သေခံလက် မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့သည်။

ငွေချေးသက်သေခံလက်မှတ်များ အခိုင်အမာရှိစေရန် အတွက်ဥပဒေ၊ နည်းဥပဒေများကိုလည်း ၂၀၁၅ခုနှစ်တွင် ပြဌာန်းခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ခုနစ်နှစ်ပြည့်အခမ်းအနားကို မတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပခဲ့သည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများမှာ First Myanmar Investment(FMI) ၊ Myanmar Thilawa SEZ ၊ Myanmar Citizens Bank(MCB) ၊ First Private Bank ၊ TMH Telecom Co.,Ltd ၊ Ever Flow River Co.,Ltd ၊ Amata Holding Co.,Ltd တို့ဖြစ်သည်။

Most Read

Most Recent