ဘဏ်လုပ်ငန်းအကျပ်အတည်းကို ရင်းနှီးမြှုပ်နှံသူများ ချိန်ဆနေ၍ ရေနံစိမ်းဈေးကွက် တည်ငြိမ်နေ 

ဘဏ်လုပ်ငန်းအကျပ်အတည်းကို ရင်းနှီးမြှုပ်နှံသူများ ချိန်ဆနေ၍ ရေနံစိမ်းဈေးကွက် တည်ငြိမ်နေ 
Published 28 March 2023

နယူးယောက်၊ မတ်လ ၂၇

ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးဈေးကွက် ပိုမိုကျယ်ပြန့်လာဖို့ အလားအလာ ချိန်ဆနေကြသဖြင့် အာရှကုန်သွယ်ရေးတွင် မတ်လ ၂၇ ၌ ရေနံဈေးနှုန်းများ တည်ငြိမ်နေခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်အကုန်ပိုင်းက ရုရှားသမ္မတ ဗလာဒီမာပူတင်၏သဘောထားမှတ်ချက်တွေကြောင့် ဥရောပတိုက်၌ ပထဝီဝင်နိုင်ငံရေး တင်းမာနေချိန်မှာ ထိုကဲ့သို့ ရေနံဈေးနှုန်း တည်ငြိမ်လာခြင်းဖြစ်သည်။ 

ဘရန့်ရေနံစိမ်းဈေးနှုန်းက မတ်လ ၂၇ ရက်၊ ဂရင်းနစ်စံတော်ချိန် နံနက် ၃း ၅၇ နာရီမှာ တစ်စည်လျှင် ဒေါ်လာ ၇၄ ဒသမ ၉၉ ဖြင့် မပြောင်းမလဲရှိနေခဲ့သည်။ အမေရိကန်အနောက်ပိုင်းတက္ကဆက် (WTI) မှာတော့ ရေနံစိမ်းဈေးက အစောပိုင်းမှာ တစ်စဉ်ကို ဒေါ်လာ ၆၉ ဒသမ ၉၂ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ တစ်စည်ကို ဒေါ်လာ ၆၉ ဒသမ ၂၉ ဖြင့် ၃ ဆင့် အတိုးအလျော့ ဈေးကစားသွားခဲ့သည်။ 

ဘရန့်ရေနံစိမ်းဈေးသည် ပြီးခဲ့သည့်ရက်သတ္တပတ်မှာ ၂ ဒသမ ၈ ရာခိုင်နှုန်း တက်ခဲ့ပြီး အမေရိကန်အနောက်ပိုင်း တက္ကဆက်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်း ပြန်တက်လာခဲ့ခြင်းကြောင့် ဘဏ်လုပ်ငန်းကဏ္ဍရှိ တုန်လှုပ်ခြောက်ခြားနေမှုများကို ပြေလျော့သွားစေခဲ့သည်။ 

ရေနံဈေးကွက်အနေဖြင့် ငွေကြေးဈေးကွက်အခြေအနေ အနီးကပ်စောင့်ကြည့်နေကြပြီး ရေနံရင်းမြစ်အခြေခံအချက်အလက်များကို ဘေးဖယ်စဉ်းစားနေဆဲဖြစ်ကြောင်း ရေနံဈေးကွက်ရေးရာလေ့လာသုံးသပ်သည့် Vanda Insights အဖွဲ့တည်ထောင်သူ ဗန်ဒါနာဟာရီက ပြောကြားခဲ့သည်။ 

ဘရန်နှင့် WTI တို့၏အနာဂတ်အလားလာတွင် ဈေးနှုန်းလုပ်ဆောင်ချက်အများစုသည် နေ့စဉ်မတည်မငြိမ်ဖြစ်မှုများစွာ ရှိနေပြီး ဥရောပနှင့် အမေရိကန်ကုန်သွယ်ရေးကို အချိန်တိုင်း၊ နာရီတိုင်း ဂယက်ဖြစ်ပေါ်နိုင်မည်ဟု မှန်းဆထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

“ဘဏ်လုပ်ငန်း အကျပ်အတည်း မပြေလည် မချင်း ဒီလိုဈေးကွက်ဂယက်တွေ ရှိနေဦးမှာပဲ။ ရက်သတ္တပတ်အများကြီး မကြာရင်တောင် ရက်ပိုင်းလောက်တော့ ကြာဦးမှာ” ဟု ဗန်ဒါနာဟာရီက မှတ်ချက်ချခဲ့သည်။ 



ရေနံအမြတ်အစွန်းများကို ဖုံးဖိထားခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်းစနစ်ကို တုန်လှုပ်စေခဲ့သည့် ထိန်းကျောင်းသူများ၏လုပ်ဆောင်ချက်ကို အကဲဖြတ်ခြင်းဖြင့် မတ်လ ၂၇ ရက်တွင် ဒေါ်လာဈေး တဖန်ခိုင်မာလာခဲ့သည်။ 

ဒေါ်လာအားကောင်းလာခြင်းသည် အခြားငွေကြေးကိုင်ဆောင်သူများအတွက် ဒေါ်လာနှင့်ဆက်စပ်သည့် ကုန်စည်များကို ဈေးနှုန်း ပိုတက်လာစေခဲ့ပြီး ရေနံဝယ်လိုအားကို ချိန်ဆစရာ ဖြစ်လာခဲ့သည်။ 

ယူကရိန်းနှင့်ဥရောပတွင် ပထဝီဝင်နိုင်ငံရေးတင်းမာနေပြီး ဘယ်လာရုစ်နိုင်ငံထဲ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ချထားမည်ဟု သမ္မတ ဗလာဒီမာပူတင်၏ ပြောကြားချက်ကို ထောက်ခံသည့်အနေဖြင့် ဈေးကွက်ထဲရှိ ဈေးနှုန်းအလားအလာများ ဆွဲဆောင်စရာဖြစ်လာခဲ့သည်။ 

မော်စကိုသည် တစ်ရက်လျှင် ရေနံစိမ်းအထွက်နှုန်း စည်ပေါင်း ၅ သိန်းမှ ၉ ဒသမ ၅ သန်းဝန်းကျင်အထိ အတိုးအလျော့ကစားရန် ၎င်း၏ရည်မှန်းချက် အောင်မြင်စေဖို့ အလွန်နီးစပ်နေပြီဟု ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်က မတ်လ ၂၄ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။ 

Source: Reuters 

https://www.reuters.com/markets/commodities/oil-prices-climb-relief-rall...

Most Read

Most Recent