ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်းအကောင်အထည်ဖော်ရန် စိတ်ဝင်စားသူလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ

ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်းအကောင်အထည်ဖော်ရန် စိတ်ဝင်စားသူလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ
Published 15 March 2023

ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်း အကောင်အထည်ဖော်ရန် စိတ်ဝင်စားသူ လုပ်ငန်းရှင်များအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တင်ဒါခေါ်ယူထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက် နိုင်စွမ်းအစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် စိတ်ဝင်စားသူ လုပ်ငန်းရှင်ကုမ္ပဏီများသို့  လုပ်ငန်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုမှာ ဖုန်အင်ခရေအားလျှပ်စစ်စီမံကိန်း၊ ကဆန်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်မယ်ဆိုင်ရေအားလျှပ်စစ်စီမံကိန်းနှင့် အ ထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတို့ဖြစ်သည်။

တင်ဒါပုံစံနှင့် အချက်အလက်များကို ရုံးအမှတ်(၂၇)၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ သုံးထပ်ဆောင်၊ ရုံးသစ်၊နေပြည်တော်၌ ရုံးဖွင့်ရက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ဝယ်ယူနိုင်ပြီး တင်ဒါ အဆိုပြုလွှာများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက် နောက်ဆုံးထားပြီး တင်ဒါတင်သွင်းရန် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်သုံးစွဲရရှိနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် စွမ်းအင်အရင်အမြစ်ပါဝင်မှု အချိုးအစား (Generation Mix) မှန်ကန်စေရေး အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားများကို အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာ ရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလို ဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှမဂ္ဂါဝပ် ၉၀၀ နှင့်ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း သိရသည်။

Most Read

Most Recent