ဟောင်ကောင်မော်ဒယ်အက်ဘီချွိုင် အသတ်ခံရမှုမှ ခုနစ်ဦးမြောက် သံသယရှိသူကို တရုတ်ပြည်မကြီး၌ ဖမ်းဆီးရမိ

ဟောင်ကောင်မော်ဒယ်အက်ဘီချွိုင် အသတ်ခံရမှုမှ ခုနစ်ဦးမြောက် သံသယရှိသူကို တရုတ်ပြည်မကြီး၌ ဖမ်းဆီးရမိ
Photo: Instagram
Photo: Instagram
Published 7 March 2023

ဟောင်ကောင်တွင် ဟိုးလေးတကျော် ဖြစ်သွားသည့် အသက် ၂၈ နှစ်အရွယ်ရှိအထင်ကရမော်ဒယ် အက်ဘီချွိုင် ရက်ရက်စက်စက် အသတ်ခံရမှုမှ ခုနစ်ဦးမြောက်သံသယရှိသူ ဟောင်ကောင်အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံတွင် ဖမ်းဆီးမိခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ၎င်းအမျိုးသမီးကို မတ် ၇ ရက်တွင် နယ်စပ်စစ်ဆေးရေးဂိတ်တစ်ခု၌ ဟောင်ကောင်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကာ တရားခံကိုကူညီပေးမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ရွက်လှေအငှားလုပ်ငန်းကိုယ်စားလှယ် အသက် ၄၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးလည်း ချွိုင်၏ခင်ပွန်းဟောင်း အဲလက်စ်ခွမ်  မကာအိုသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့မှုတွင် ကူညီပေးခဲ့သည့်အတွက် အဖမ်းခံထားရသည်။

ခွမ်ကို ရဲလက်မှယာယီလွတ်အောင် တိုက်ခန်းငှားပေးခဲ့သည့် အနှိပ်သမတစ်ဦးကိုလည်း ဖမ်းမိထားပြီး အာမခံဖြင့်လွှတ်ပေး လိုက်သည်။

ချွိုင်အသတ်ခံရမှုက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျေးလက်အိမ်တစ်အိမ်၌ ပေါ်ခဲ့သည်။ ဦးခေါင်းခွံကို စွပ်ပြုတ်အိုးတစ်ခုထဲ၊ ခြေထောက်နှစ်ဖက်ကို ရေခဲသေတ္တာထဲ ရှာတွေ့ခဲ့ပြီး DNA စစ်ဆေးမှုအရ အက်ဘီချွိုင်၏ အစိတ်အပိုင်းများ ဖြစ်နေသည်။ ရင်ဘတ်ပိုင်းနှင့် လက်အပိုင်းက ပျောက်နေဆဲပင်။

ထိုအမှုတွင် ချွိုင်၏ခင်ပွန်းဟောင်း ခွမ်၊ ခွမ်၏ မိဘနှစ်ဦးနှင့် အစ်ကိုတို့ကို အဓိကသံသယရှိသူများအဖြစ် ဖမ်းဆီးအမှုဖွင့်ထားကာ အာမခံမရပေ။အမှုကို မေ ၈ ရက်တွင် ပြန်လည်စစ်ဆေးမည်ဖြစ်သည်။

ပစ္စည်းဥစ္စာအငြင်းပွားမှုဖြင့် ချွိုင်အသတ်ခံရသည်ဟု ရဲတပ်ဖွဲ့က ယူဆပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင်  Fashion Influencer ချွိုင် ပျောက်သွားခြင်းဖြစ်သည်။

Most Read

Most Recent