၂၀၂၃ ခုနှစ်မတ်လ ၂ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွားသူသန်း ၆၈၀၊ သေဆုံးသူ ၆ ဒသမ ၈ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆၃၃၉၂၅ ဦး၊ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၄၉၀ ဦးရှိခဲ့ပြီဖြစ်ပါတယ်။
ကိုဗစ် ဇာစ်မြစ်နဲ့ပတ်သက်လို့ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လလယ်က သားရိုင်းတိရစ္ဆာန် လင်းနို့စွပ်ပြုတ်ကို မကျက်တကျက် ချက်စားရာမှကူးစက်ခဲ့တယ်လို့ ဆိုခဲ့သလို တရုတ် ဇီဝဓာတ်ခွဲခန်းတစ်ခုက ပေါက်ကွဲမှုဖြစ်ကာ ပျံ့နှံ့ကူးစက်တယ်လို့ဆိုတဲ့ သီဝရီနှစ်ခုရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်ဟာ တရုတ်ဓာတ်ခွဲခန်း ကနေ ယိုစိမ့်မှုတစ်ခုမှ ပေါ်ပေါက်လာပုံရတယ်လို့ကောက်ချက်ဆွဲပြီးနောက် တရုတ်ဟာ ကိုရိုနာဗိုင်းရပ်ရဲ့ဇာစ်မြစ်နဲ့စပ်လျဉ်းလို့ ပိုမိုရိုးသားရမယ်လို့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အားကောင်းမောင်းသန်ဖြစ်လာစေဖို့ဆိုရင် တရုတ်ဟာ ကမ္ဘာကျန်းမာရေးအဖွဲ့မှာ ပိုမိုတက်တက်ကြွကြွပါဝင်ဖို့ လိုအပ်နေတယ်လို့အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အခမ်းအနားတစ်ခုမှာ ဗီဒီယိုလင့်မှတစ်ဆင့် ပြောကြားရာမှာ သံအမတ်နီကိုလပ်ဘန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်ပြဿနာရဲ့ ဇာစ်မြစ်နဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ်ဝူဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်ကို ပိုမိုရိုးသားဖို့လိုအပ်မယ်လို့ ဘန်းစ်ကပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ်ဒီဇင်ဘာလလယ်ကတည်းက ပထမဆုံးကူးစက်မှုဖြစ်စဉ်များ ဖြစ်ပွားရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ်မတ် ၁၁ ရက်ကကြေညာခဲ့ရာ သုံးနှစ်အတွင်း ရောက်ရှိလာပြီဖြစ်ပါတယ်။
အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး အဗရီဟိုင်းရဲ့ရုံးမှ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စိစစ်သတ်မှတ်ချက်အရ ဗိုင်းရပ်ဖြစ်ပေါ်ပုံကိုမဆုံးဖြတ်နိုင်လို့ ယခင်ကပြောကြားခဲ့တဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ ့ပြောကြားချက်ကို ပြောင်းလဲသွားစေခဲ့ပြီး အဆိုပါစိစစ်သတ်မှတ်ချက်ကို ဝေါစထရီဂျာနယ်က လည်းကောင်း၊ နယူးယောက်တိုင်းသတင်းစာက လည်းကောင်း ကိုးကားဖော်ပြခဲ့ရာမှာ စွမ်းအင်ဌာနဟာ နည်းပါးတဲ့ယုံကြည်ချက်နဲ့ ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်အစိုးရဌာနများအနေနဲ့ ကိုရိုနာဇာစ်မြစ်ကို ၂၀၂၀ ပြည့်နှစ်အစောပိုင်းက ကမ္ဘာကို ပျံ့နှံ့ခဲ့တဲ့ ကူးစက်ရောဂါနဲ့ ပတ်သက်လို့ သဘောထားကွဲနေပုံတို့ကို ထင်သာမြင်သာဖြစ်စေကြောင်း ဆိုပါတယ်။
လျှိ့ဝှက်အစီရင်ခံစာဖတ်ခဲ့သူများ အဆိုအရ ကိုဗစ်ဟာ သဘာဝကူးစက်မှုမှဖြစ်လာခြင်းဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ လေးခုကယုံကြည်ထားပြီး အခြားနှစ်ဖွဲ့ကမူ ဆုံးဖြတ်နိုင်ခြင်းမရှိဆိုပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားအကြံပေး ဂျိတ်ဆူလီဗန်က အဆိုပါပြဿနာမှာ ထောက်လှမ်းရေးအသိုင်းအဝိုင်းမှာ အမြင်အမျိုးမျိုးဖြစ်နေဆဲဖြစ်တယ်လို့ဖေဖော်ဝါရီ ၂၆ ရက်က ဆိုပါတယ်။ အတော်များများက သူတို့မှာ လုံလောက်တဲ့သတင်းအချက်လက်မရှိပါဘူးလို့ပြောနေကြပါတယ်လို့ ဆူလီဗန်ကစီအင်အင်ကိုဆိုပါတယ်။ကိုဗစ်ဟာ ဓာတ်ခွဲခန်းယိုစိမ့်မှုဆိုတာထက် ငေ်းနို့သားရိုင်းတိရစ္ဆာန်များမှဖြစ်ပုံရတယ်လို့ဆိုတဲ့ (WHO - China) အစီရင်ခံစာကို တရုတ်က ရည်ညွှန်းထားပါတယ်။
ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်ဖြစ်တဲ့ ဟောင်ကောင်မှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးစည်းမျဉ်းများကို ချမှတ်ခဲ့ပြီး သုံးနှစ်ကျော်အကြာမှာ ပုံမှန်လူနေမှုဘဝကိုပြန်လည်စတင်ဖို့နဲ့ ခရီးသွားများ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဆွဲဆောင်မှုကြိုးပမ်းမှုအဖြစ် မဖြစ်မနေနှာခေါင်းစည်းတပ်ရတဲ့စည်းမျဉ်းကို ရုပ်သိမ်းသွားမယ်လို့ အုပ်ချုပ်ရေးမှူး ဂျွန်လီကေ ဖဖော်ဝါရီ ၂၈ ရက်က ဆိုပါတယ်။ မတ် ၁ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး လီက သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟောင်ကောင်ဟာ ကမ္ဘာပေါ်မှာန ှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရမယ့်စည်းမျဉ်းကို ထုတ်ပြန်ထားဆဲဖြစ်တဲ့ ကမ္ဘာပေါ်ရှိနေရာတွေအနက်တစ်ခုပဲဖြစ်ပါတယ်။
ဟောင်ကောင်ရဲ့ မကာအိုတို့ဟာ သုံးနှစ်တာကာလအတွင်း အချိန်အများစုမှာ တရုတ်အစိုးရရဲ့ ကိုဗစ်ပြင်ဆင်ရေးမူဝါဒကို တစိုက်မတ်မတ် ကျင့်သုံးခဲ့ပါတယ်။
ဟောင်ကောင်မှာ တင်းကျပ်တဲ့ ဗိုင်းရပ်ထိန်းချုပ်ရေးစည်းမျဉ်းများကို ယမန်နှစ်မှာ စတင်ဖြေလျှော့ပေးခဲ့ပေမဲ့ မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်ရမယ့်စည်းမျဉ်းကို၂၀၂၀ ပြည့်ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။ သည်ဆုံးဖြတ်ချက်ကိုချမှတ်ဖို့ ဒါက အကောင်းဆုံးအချိန်အခါလို့ ထင်ပါတယ်။ ဟောင်ကောင်ဟာ ပုံမှန်အခြေအနေကိုပြန်သွားနေပြီဆိုတာ ရှင်းရှင်းလင်းလင်းသတင်းစကားပါးလိုက်တယ်ဆိုပါတယ်။
နောက်ထပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မကာအိုမှာလည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆေးရုံများနဲ ့နေရာဒေသကလွဲပြီး နေရာအများစုမှာနှာခေါင်းစည်းတပ်ဆင်ဖို့ လိုအပ်ချက်ကို ရုပ်သိမ်းသွားမယ်လို ့ဖေဖော်ဝါရီ ၂၆ ရက်ကေ ကြညာခဲ့ပါတယ်။ တရုတ်ပြည်မကြီးမှာလည်း ပြည်သူများအနေနဲ့ပြင်ပနေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ဖို့မလိုအပ်ပေမဲ့ လေဆိပ်နဲ့ရထားဘူတာလို အများပြည်သူနဲ့ သက်ဆိုင်တဲ့အဆောက်အအုံတွေမှာနှာခေါင်းစည်းတပ်ဆင်ကြဖို့ အာဏာပိုင်များက တိုက်တွန်းထားပါတယ်။
ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ရင်းနှီးမြှုပ်နှံသူများကို ပြန်လည်ရေးဆွဲဖို့ကြိုးပမ်းမှုအဖြစ် လေယာဉ်လက်မှတ်စောင်ရေငါးသိန်းအခမဲ့ပေးခြင်းပါဝင်တဲ့ဟဲလိုဟောင်ကောင်လို့အမည်ရတဲ့ အစီအစဉ်တစ်ရပ်ကို အုပ်ချုပ်ရေးမှူး ဂျွန်လီ ကဖေဖော်ဝါရီ ၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့သုံးနှစ်တာကာလရဲ့ အချိန်အများစုမှာ ဟောင်ကောင်ဟာ သူ့ရဲ့နယ်နိမိတ်များကို တင်းတင်းကျပ်ကျပ်ပိတ်ထားခဲ့ပြီး ဟောင်ကောင်ကိုရောက်ရှိလာသူများအနေနဲ့ သီတင်းပတ်သုံးပတ်အထိ မဖြစ်မနေကွာရင်တင်းဝင်ရခြင်း၊ ဆေးစစ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ခံယူခြင်းလို စည်းမျဉ်းများကို ချမှတ်ကာ ကူးစက်မှုများကို ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်။
ဟောင်ကောင်ရှိ စာသင်ကျောင်းများမှာနှာခေါင်းစည်းတပ်ဖို့ စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ်ကျင့်သုံးလျက်ရှိရာ ငယ်ရွယ်တဲ့ကျောင်းသားကျောင်းသူကလေးငယ်များဟာ အိမ်အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးငယ်များရဲ့ပညာရေးသင်ကြားမှုနဲ့ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိလာမယ်လို့စိုးရိမ်ခဲ့ကြပါတယ်။ စီးပွားရေးလုပ်ငန်းများ၊ သံတမန်များနဲ ့ဒေသခံများကေ ဟာင်ကောင်ရဲ့ ဗိုင်းရပ်ထိန်းချုပ်ရေးစည်းမျဉ်းများကို အကြီးအကျယ်ပြစ်တင်ထားပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခု ယိုစိမ့်မှုတစ်ခုမှ ကိုဗစ်ကပ်ရောဂါဖြစ်ပေါ်စေရတဲ့ အကြောင်းရင်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့အေဂျင်စီကအကဲဖြတ်မှုကြောင့် ဖက်ဒရယ်စုံစမ်းရေး ဗျူရိုညွှန်ကြားရေးမှူး ခရစ်တိုဖာရေးက ဖေဖော်ဝါရီ ၂၈ ရက်ကပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရေး ကေ အဂျင်စီအနေနဲ့ခွဲခြမ်းစိတ်ဖြာနေလို ့အေဂျင်စီရဲ့သုံးသပ်ချက်အသေးစိတ်ကို မျှဝေနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်ဟာ မတ် ၁ ရက်မှစကာ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ နယူးဇီလန် အပါအဝင် နိုင်ငံအများအပြားမှ ခရီးသွားတွေအတွက် ကိုဗစ်စစ်ဆေးဖို့ လိုအပ်ချက်များ ဖြေလျှော့ပေးခဲ့ပါတယ်။ မထွက်ခွက်မီ ၄၈ နာရီထက် ကျော်လွန်ခြင်းမရှိဘဲ စစ်ဆေးတဲ့ ပီစီအာစစ်ဆေးမှုရလဒ်ပြသဖို့ လိုအပ်တော့မှာ မဟုတ်ဘူးဆိုပါတယ်။ ယင်းအစား တရုတ်နိုင်ငံကို တိုက်ရိုက်ပျံသန်းလာတဲ့ လေယာဉ်ပေါ်မတက်မီ ၄၈ နာရီအတွင်း အင်တီဂျင်အမြန်စစ်ဆေးနိုင်ပါယ်။ တရုတ်မသွားခင်ကိုဗစ်ကူးစက်မခံရတော့ဘူးဆိုတဲ့ရလဒ်ထွက်လာချိန်တရုတ်နိုင်ငံသွားသင့်တယ်လို့ စင်ကာပူရှိတရုတ်သံရုံးက မတ်လ ၁ ရက်က ထုတ်ပြန်ပါယ်။ လက်ရှိကပ်ရောဂါစည်းမျဉ်းများ ဖြေလျှော့ခဲ့ပါတယ်။
ကိုဗစ်ကြီးက ကမ္ဘာမြေက မထွက်သေးဘဲ (၄-၅) နှစ်ကြာဦးမှာဆိုတော့ လူတိုင်းကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်၊ ထပ်ဆင်မြင့်ကာကွယ်ဆေး အလှည့်သင့်သလိုထိုးနှံသွားဖို့လိုအပ်ကာ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်းတပ်ခြင်း၊ လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂၀ ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦးခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင်စီမံထားခြင်းအပြင်ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေးမူဝါဒနဲ့အညီ ပုံမှန်ဘဝသစ်အတိုင်းနေထိုင်သွားဖို့သာ လိုအပ်ပါတယ်။ ကိုဗစ်ကာလအတွင်း အီးပညာရေး၊ အီးကျန်းမာရေး၊ အီးဂါးဗားမင့်၊ အွန်လိုင်းမီတင်းတို့ တိုးတက်လာခဲ့ပြီးအွန်လိုင်းရောင်းဝယ်ရေးနဲ ့ဖြန့်ဖြူးမှု ဖွံ့ဖြိုးလာခဲ့ပါတယ်။ သင်ထောက်ကူပစ္စည်းရှားပါးတဲ့ ဆင်းရဲတဲ့နိုင်ငံတွေ နောက်ကျကျန်ရစ်ခဲ့ပါတယ်။










