Saving Private Ryan သရုပ်ဆောင် တွမ်ဆိုက်ဇ်မော အသက် ၆၁ နှစ်အရွယ်တွင် ကွယ်လွန်

Saving Private Ryan သရုပ်ဆောင် တွမ်ဆိုက်ဇ်မော အသက် ၆၁ နှစ်အရွယ်တွင် ကွယ်လွန်
Photo - AFP
Photo - AFP
Published 4 March 2023

Saving Private Ryan နှင့် Black Hawk Down ရုပ်ရှင်များဖြင့် လူသိများထင်ရှားသည့် အမေရိကန်သရုပ်ဆောင် တွမ်ဆိုက်ဇ်မောသည် အသက် ၆၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်ဟု ၎င်း၏မန်နေဂျာက ပြောကြားခဲ့သည်။

ဆိုက်ဇ်မောသည် စစ်တပ်၊ ရဲတပ်ဖွဲ့သို့မဟုတ် ရာဇဝတ်အဖွဲ့များတွင် ကြမ်းတမ်းသော ဇာတ်ကောင်များအဖြစ် ဇာတ်ပို့ကဏ္ဍတွင် ပါဝင်သရုပ်ဆောင်မှုဖြင့် ၁၉၉၀ ပြည့်နှစ် ဝန်းကျင်များတွင် လူသိများထင်ရှားလာခဲ့သည်။

Natural Born Killers၊ Pearl Harbor နှင့် Heat အပါအဝင် နောက်ထပ်ကျော်ကြားသော ရုပ်ရှင်ဇာတ်ကားအများအပြားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

သို့သော် သူသည် မူးယစ်ဆေးဝါးပြဿနာများရှိခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးသည်။

ဆိုက်ဇ်မောသည် ဖေဖော်ဝါရီ ၁၈ ရက် တွင် ဦးနှောက်သွေးကြောဖောင်းခြင်းရောဂါ ခံစားခဲ့ရချိန်ကတည်းက သတိမေ့မြောနေခဲ့သည်။

ဆိုက်ဇ်မောသည် ကယ်လီဖိုးနီးယားပြည်နယ် ဘာဘန့်မြို့ရှိ ဆေးရုံတစ်ရုံတွင် မတ် ၃ ရက်၌ ကွယ်လွန်ခဲ့သည်။

“ဆိုက်ဇ်မောရဲ့ မိသားစုဟာ အားပေးစကားပေးပို့လာတဲ့ သတင်းစကားပေါင်း ရာနဲ့ချီရရှိခဲ့ပါတယ်”ဟု လာဂိုက ဆိုသည်။

ဆိုက်ဇ်မော၏သားဖြစ်သူက ဝမ်းနည်းကြေကွဲနေပြီး ၎င်း၏ညီဖြစ်သူ ပေါလ်ဆိုက်ဇ်မောက “ကျွန်တော့်ရဲ့အစ်ကိုကြီး တွမ်ကို ဆုံးရှုံးရတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ သူဟာ ကျွန်တော့်ဘဝကို ကျွန်တော်သိတဲ့ တခြားသူတွေထက် ပိုလွှမ်းမိုးမှုရှိပါတယ်” ဟု ပြောကြားခဲ့သည်။

Most Read

Most Recent