လူ့ခန္ဓာကိုယ်လိုအပ်နေတဲ့ အာဟာရဓာတ်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ကနေ့စဉ်စားသုံးနေကျအစာကနေ အလုံအလောက်ရရှိနိုင်ပေမဲ့ အချို့ဗီတာမင်နဲ့သတ္တုဓာတ်တွေက အစားအစာနဲ့တင်မလုံလောက်ဘဲ ဖြည့်စွက်ဆေးအနေနဲ့ သုံးဆောင်ဖို့လိုပါတယ်။ အိမ်မှာဖြည့်စွက်အားဆေးများ ရှိပါတယ်။
မဂ္ဂနီဆီယမ် (Magnesium) အားဆေးဟာ အမျိုးသမီးတွေအတွက်တစ်နေ့ ၃၂၀ မီလီဂရမ်နဲ့ အမျိုးသားတွေအတွက်တစ်နေ့ကို ၄၂၀ မီလီဂရမ်လိုအပ်ပါတယ်။စိတ်ပင်ပန်းလို့ဖြစ်စေ၊ ကိုယ်ပင်ပန်းလို့ဖြစ်စေ စိတ်ဖိစီးပါက ခန္ဓာကိုယ်ထဲ သိုလှောင်ထားတဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ အသုံးပြုလိုက်ရပါတယ်။ စိတ်ဖိစီးမှုလျော့အောင်သောက်လေ့ရှိတဲ့ ကော်ဖီ၊ အရက်၊ ဘီယာတို့ကလည်း ပိုဆိုးစေပါတယ်။ အီစတြိုဂျင်ဟော်မုန်းပမာဏများစွာပါရှိတဲ့ သန္ဓေတားဆေးတွေလည်း မဂ္ဂနီစီယမ်ကိုအစားအစာမှ စုပ်ယူနိုင်စွမ်းလျော့ကျစေပါတယ်။
မဂ္ဂနီစီယမ်က စွမ်းအင်ထုတ်လုပ်ပေးနိုင်သလို နှလုံးလုပ်ဆောင်မှုကို ပုံမှန်ဖြစ်စေပါတယ်။ မဂ္ဂနီစီယမ်အားဆေးကသွေးတိုးရောဂါရှိသူတွေမှာ သွေးပေါင်ကျစေသလို အူမကြီးကင်ဆာမဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးပါတယ်။
ဗီတာမင်ဒီ (vitamin D) လိုအပ်ပါတယ်။ နေ့စဉ်အမျိုးသားရော၊ အမျိုးသမီးပါ တစ်နေ့ကို ငါးမိုက္ကရိုဂရမ် (5mcg) လိုအပ်ပြီး အသက် ၅၀ ကျော်ရင် (10mcg)လိုအပ်ပါတယ်။ ဗီတာမင်ဒီရရှိရာ အဓိကဇာစ်မြစ်ကေ နရောင်ခြည်ဖြစ်ပါတယ်။ နေပူရင်အသားမည်းမှာ ကြောက်လို့ အိမ်တွင်းပုန်းနေရင်ဗီတာမင်ဒီချို့တဲ့တတ်ပါတယ်။ အချို့ညဘက်အလုပ်လုပ်ရသူတွေဟာ ညဘက်အလုပ်လုပ်ပြီး နေ့လယ်ဘက်အိပ်ရတာကြောင့်နေရောင်ခြည်နဲ့အလုံအလောက်ထိတွေ့မှုမရှိဖြစ်နေပါတယ်။ဒါ့ပြင်အပြင်ဘက်သိပ်မထွက်နိုင်တော့တဲ့သက်ကြီးရွယ်အိုတွေမှာလည်းနေရောင်နဲ့အထိအတွေ့သိပ်မရှိတာကြောင့်ဗီတာမင်ဒီချို့တဲ့နေပါတယ်။
ဗီတာမင်ဒီချို့တဲ့ရင်နှလုံးအတိုက်ခိုက်ခံရခြင်းနဲ့လေဖြန်းခြင်းဖြစ်နိုင်ခြေများပါတယ်။ဆီးကျိတ်ကင်ဆာကာကွယ်ရေးနဲ့ကုသရေးမှာလည်းဗီတာမင်ဒီကအရေးပါပါတယ်။ဗီတာမင်ကြောင့်ကယ်လ်စီယမ်ဓာတ်ကိုခန္ဓာကိုယ်ကစုပ်ယူနိုင်စွမ်းပိုကောင်းတတ်ပါတယ်။
ဗီတာမင်ဒီအားဆေးကိုအစားအစာနဲ့တွဲသောက်သင့်ပါတယ်။ အဆီထဲမှာပျော်ဝင်တာကြောင့်ငါး၊ထောပတ်တို့လိုကျန်းမာရေးကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီပါဝင်မှုများတဲ့အစားအစာနဲ့တွဲစားပါက ခန္ဓာကိုယ်မှ ဗီတာမင်ဒီကိုစုပ်ယူနိုင်စွမ်းလျော့စေသလို (antacid) အစာကြေဆေးထဲမှာပါတဲ့အလူမီနီယမ်ဓာတ်တွေကိုပိုပြီးစုပ်ယူစေနိုင်တာကြောင့် အနည်းဆုံးလေးနာရီခြားပြီး သောက်သင့်ပါတယ်။
ဖောလစ်အက်ဆစ် (Folic acid) သောက်သင့်ပါတယ်။ အမျိုးသားရော၊အမျိုးသမီးပါတစ်နေ့ကို ၄၀၀ မိုက္ကရိုဂရမ်လိုအပ်ပြီးကိုယ်ဝန်ဆောင်ချိန်မှာ(600mcg)လိုအပ်ပါတယ်။
အစားအစာတွေထဲမှာပါတဲ့ဖောလစ်အက်ဆစ်ကအပူနဲ့တွေရင်အစွမ်းလျော့နည်းသွားပါတယ်။ ဒါကြောင့်ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေကို တို့စရာလိုအစိမ်းမစားဘဲ ချက်စား၊ ကြော်စားပါကဖောလစ်အက်ဆစ်ချို့တဲ့နိုင်ပါတယ်။ အရက်သေစာလည်း ဖောလစ်အက်ဆစ်ကိုကောင်းကောင်းစုပ်ယူနိုင်မှာမဟုတ်တော့ပါဘူး။ ဖောလစ်အက်ဆစ်ချို့တဲ့ပါက (MTHER) ခေါ် ဗီဇပါတဲ့အချို့လူတွေမှာ အူကင်ဆာဖြစ်နိုင်ခြေများစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရင်သွေးငယ်အင်္ဂါအစိတ်အပိုင်းပြည့်ပြည့်စုံစုံနဲ့ကျန်းမာကြံ့ခိုင်အောင်ကူညီပေးသလို လူကြီးတွေရဲ့နှလုံးအတွက်လည်းကောင်းစေပါတယ်။
ငါးကြီးဆီ(သို့မဟုတ်) အိုမီဂါသရီးဖက်တီးအက်ဆစ်(Omega-3 Fatty acid) သောက်သင့်ပါတယ်။ သတ်မှတ်ထားတဲ့နေစဉ်လိုအပ်ချက်ကချို့တဲ့မှုမဖြစ်စေဖို့ဆိုရင်အမျိုးသမီး၉၀ မီလီဂရမ်၊ အမျိုးသားအတွက် ၁၆၀ မီလီဂရမ်ဖြစ်ပါတယ်။ နာတာရှည်ရောဂါတွေကာကွယ်ဖို့ဆိုရင်တော့အမျိုးသမီး ၄၃၀ မီလီဂရမ်နဲ့အမျိုးသား၆၁၀ မီလီဂရမ်သောက်သုံးဖို့လိုအပ်ပါတယ်။ လူအများစုက အစားအသောက်ကနေပြီး အိုမီဂါသရီး၊ ဖက်တီးအက်စစ်အလုံအလောက်မရနေပါဘူး။ ဖြည့်စွက်အားဆေးမဖြစ်မနေလိုပါတယ်။ အိုမီဂါသရီး(Omega-3)ချို့တဲ့မှုကန ှလုံးရောဂါလိုအသက်အန္တရာယ်ရှိတဲ့ရောဂါတွေဖြစ်နိုင်ခြေများစေပါတယ်။ အားဆေးသောက်ပေးခြင်းကနှလုံးရောဂါဖြစ်စေနိုင်တဲ့ရောင်ရမ်းမှုတွေကိုလျော့ကျစေပါတယ်။ စိတ်ဓာတ်ကျဆင်းမှုကိုလည်း သက်သာစေပါတယ်။ သတိမေ့လျော့ခြင်းမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။
ငါးကြီးဆီ အနံ့မရအောင်ငါးကြီးဆီအားဆေးကို အစားအစာနဲ့တွဲစားနိုင်တယ်။ အချို့ဈေးပေါတဲ့ဆေးတွေက အဆီကိုသေချာမစီစဉ်တာကြောင့်အနံ့မကောင်း၊အရည်အသွေးမကောင်းဖြစ်တတ်ပါတယ်။ ငါးကြီးဆီစစ်စစ်ကိုရွေးချယ်သုံးစွဲဖို့(သို့မဟုတ်) အဆီများတဲ့ပင်လယ်ငါး၊ ဆာဒင်း၊ တူနာငါးတို့စားသုံးဖို့လိုအပ်ပါတယ်။
ဗီတာမင်အေက မျက်စိကြည်လင်စေပြီး အရေပြား၊ အဆုတ်အမြှေးနဲ့ ခန္ဓာကိုယ်တွင်းရှိအမြှေးများ သန်စွမ်းခြင်းကိုအားပေးပါတယ်။ ဗီတာမင်အေချို့တဲ့ရင်(က) ကြက်မျက်သင့်ရောဂါ၊ (ခ)ညဘက်မျက်စိမှုန်ခြင်း၊ (ဂ) မျက်သားအဖြူပေါ်အစက်ပေါ်ခြင်း၊ (ဃ) အရေပြားခြောက်ခန်းခြင်း၊ ကြာစူးမျဖြစ်ပေါ်တတ်ခြင်းနဲ့အရေပြားနာများပေါက်တတ်ပြီး အဆုတ်အားနည်းတာကြောင့် ကလေးများ မကြာခဏဖျားနာကာချူချာတတ်ပါတယ်။ ခြောက်လအောက်ကလေးငယ်မှာ ၅၀၀ အိုင်ယူလိုအပ်ပြီး ခြောက်လနဲ့အထက် ၁၀၀၀ အိုင်ယူလိုအပ်ပါတယ်။ ဗီတာမင်အေဓာတ်ကြွယ်ဝတဲ့အစာထဲမှာ ကြက်ဥ၊ ငါးကြီးဆီ၊ ထောပတ်၊ စိမ်းလန်းတဲ့အသီးအရွက်နဲ့ရွှေဝါရောင်အသီးများဖြစ်တဲ့ ရွှေဖရဲုသီး၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥ၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်တို့ဖြစ်ပါတယ်။
ဇင့် (zinc) ဓာတ်ကိုအမျိုးသမီးတွေအတွက်တစ်နေ့ ရှစ်မီလီဂရမ်လိုအပ်ပြီး အမျိုးသားတွေအတွက် ၁၄ မီလီဂရမ်လိုအပ်ပါတယ်။ ဇင့်ဓာတ်ဟာ နေ့စဉ်စားနေကျအစားအစာကနေ အလုံအလောက်မရနိုင်ပါဘူး။ ဇင့်ဓာတ်အလုံအလောက်ရရှိဖို့ဆိုရင်တစ်နေ့ကိုဖရုံစေ့ခွက်တစ်ဝက်(သို့မဟုတ်) ခုံး (ဂုံး) တစ်ဒါဇင်လောက်နေ့တိုင်းစားသင့်ပါတယ်။ ဖြည့်စွက်အားဆေးအနေနဲ့ သုံးဆောင်သင့်ပါတယ်။
အာရုံကြောလုပ်ငန်းဆောင်တာကောင်းစေဖို့ လိုအပ်သလို အသားအရေကျန်းမာစိုပြည်အောင်လည်း အထောက်အကူပြုပါတယ်။ အမျိုးသားတွေမှာမျိုးပွားနိုင်စွမ်းကိုလည်းမြှင့်တင်ပေးပါတယ်။ ကိုယ်ခံစွမ်းအားလည်းကောင်းစေပါတယ်။ ဇင့်ဓာတ်ချို့တဲ့ရင်အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုးကို ခံနိုင်ရည်ရှိမှုလျော့နည်းတတ်ပါတယ်။ ဇင့်ဓာတ်ဟာနှလုံးရောဂါကိုလည်း တိုက်ဖျက်ပေးပါတယ်။ဇင့်အားဆေးကိုညဘက်မှာသောက်သင့်ပြီး ဇင့်ဓာတ်အားဆေးနဲ့အတူ ကဖင်းဓာတ်ပါတဲ့ကော်ဖီ၊ လက်ဖက်ရည်၊ အရက်တွဲဖက်မသောက်သင့်ပါဘူး။ မဂ္ဂနီစီယမ်လိုပဲဇင့်ဓာတ်ကလည်းအခြားသတ္တုဓာတ်(ကယ်လ်စီယမ်) နဲ့တွဲဖက်သောက်ပါက ခန္ဓာကိုယ်မှ စုပ်ယူနိုင်စွမ်းလျော့နည်းတတ်ပါတယ်။ စိတ်ချရအောင်ဇင့်ဓာတ်အားဆေးသောက်ပြီးလေးနာရီအတွင်းကယ်လ်စီယမ်ကြွယ်ဝတဲ့အစားအစာမစားမိအောင်သတိထားရပါမယ်။
ကယ်လ်စီယမ်ဓာတ်လိုအပ်ပါတယ်။ ကယ်လ်စီယမ်ဟာကြွက်သားများ လှုပ်ရှားမှု၊ နှလုံးကြွက်သားများ မှန်ကန်စွာ လှုပ်ရှားမှု၊ အာရုံကြောများလှုပ်ရှားမှုနဲ့သွေးတိတ်စေဖို့ကူညီတယ်။ အရိုးနဲ့သွားခိုင်မာမှုအတွက်အရေးပါတယ်။ ကယ်လ်စီယမ်ချို့တဲ့ရင် နှလုံးခုန်မမှန်ခြင်း၊ ကြွက်တက်ခြင်း၊ သွေးတိတ်ဖို့ကြန့်ကြာခြင်း၊ အရိုးပျော့ရောဂါရတတ်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေကနို့နဲ့နို့ထွက်ပစ္စည်းများ၊ ငါးကလေးခြောက်၊ ပုစွန်ခြောက်၊ ငါးပိတို့ဖြစ်ပါတယ်။
ကယ်လ်စီယမ်အားဆေးအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။










