အသင်းနည်းပြ ဂရေဟမ်ပေါ်တာအား ရာထူးမှထုတ်ပယ်မည်ဆိုပါက ချယ်လ်ဆီးအသင်း လျော်ကြေး ပေါင်သန်း (၅၀)အထိ ပေးချေရဖွယ်ရှိ

အသင်းနည်းပြ ဂရေဟမ်ပေါ်တာအား ရာထူးမှထုတ်ပယ်မည်ဆိုပါက ချယ်လ်ဆီးအသင်း လျော်ကြေး ပေါင်သန်း (၅၀)အထိ ပေးချေရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 2 March 2023

ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြ ဂရေဟမ်ပေါ်တာအား ရာထူးမှထုတ်ပယ်ဆိုပါက လျော်ကြေး ပေါင်သန်း (၅၀)အထိ ပေးချေရဖွယ်ရှိကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အဆိုးရွားဆုံးအခြေအနေနှင့် ကြုံတွေ့နေရသည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၂၄) ပွဲကစားချိန်တွင် ရမှတ် (၃၁)မှတ်ဖြင့် အဆင့် (၁၀) ရောက်ရှိနေပြီး အဆင့် (၄)မှ စပါးအသင်း(၄၅ မှတ်)နှင့် (၁၄) မှတ်အထိ ကွာဟနေသည်။ ထို့ကြောင့် ချယ်လ်ဆီးကစားသမား ဟောင်းအချို့နှင့် အသင်းပရိသတ်များက နည်းပြ ဂရေဟမ်ပေါ်တာအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှုရှိနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ဂရေဟမ်ပေါ်တာကို၂၀၂၂ စက်တင်ဘာတွင် ဘရိုက်တန်အသင်းမှ လျော်ကြေး ပေါင် (၂၂) သန်းပေးချေကာ တူဟယ်လ်၏နေရာ၌ အစားထိုးခန့် အပ်ခဲ့သည်။

၎င်းသည် ချယ်လ်ဆီးအသင်းနှင့်၂၀၂၇ ခုနှစ်ထိ သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ၎င်းကို ရာထူးမှထုတ်ပယ်မည်ဆိုပါက လျော်ကြေး ပေါင်သန်း(၅၀)အထိပေးရမည်ဖြစ်ပြီး ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်လက်ထက်က နည်းပြ ကွန်တီကို ထုတ်ပယ်စဉ်က ပေးရသည့် ပေါင် (၂၆.၆) သန်းထက် ပိုများမည်ဖြစ်သည်။

Most Read

Most Recent