DIOR ဖက်ရှင်ရှိုးပွဲသို့တက်ရောက်လာသည့် ဂျီဆူးကို ဟောလိဝုဒ်စတား ချားလိဇ်သီရွန်က လာနှုတ်ဆက်ခဲ့

DIOR ဖက်ရှင်ရှိုးပွဲသို့တက်ရောက်လာသည့် ဂျီဆူးကို ဟောလိဝုဒ်စတား ချားလိဇ်သီရွန်က လာနှုတ်ဆက်ခဲ့
Photo: You Tube
Photo: You Tube
Published 1 March 2023

ဖက်ရှင်ပြပွဲများတက်ရောက်လာတိုင်း အားလုံး၏စိတ်ဝင်စားမှုကို ခံရလေ့ရှိသည့်  Blackpink အဖွဲ့ဝင်ဂျီဆူးက ဖေဖော်ဝါရီ ၂၈ ရက်က ပဲရစ်တွင်ပြုလုပ်သည့် DIOR ဖက်ရှင်ပွဲတွင် ဟောလိဝုဒ်ထိပ်တန်းမင်းသမီး ချားလိဇ်သီရွန်နှင့် ရင်းရင်းနှီးနှီး စကားပြော ဖြစ်ခဲ့သည်။

ဂျီဆူးက မီဒီယာသမားများကို စကားပြောနေသည့်အတွက် ချားလိဇ်သီရွန်က ဂျီဆူး အနောက်တွင် ရပ်စောင့်ခဲ့ရသေးသည်။ သီရွန်က ကိုရီးယား-ပဲရစ်ခရီးစဉ်အကြောင်း ဂျီဆူးကိုမေးခဲ့ပြီး နှစ်ဦးသားဓာတ်ပုံများ အရိုက်ခံခဲ့ကာ ဂျီဆူးကို ၎င်းဝတ်ထားသည့်ဂျာကင် အကျင်္ ီနှင့်လည်း တစ်ချက်ကာပေးလိုက်သည်။

ထိုပွဲသို့ ဂျီဆူးက ဂါဝန်ခရမ်းရောင်ဝတ် ဆင်လာသည့်အကြောင်းရင်းကို ပရိသတ်များသဘောကျခဲ့ကြသည်။ မတ်လကို အဖြူ၊အစိမ်းနှင့်ခရမ်း အရောင်သုံးမျိုးက ကိုယ်စားပြုပြီး  ဒီဇိုင်းပညာရှင်များအဆိုအရ ခရမ်းရောင်သည် နိုင်ငံတကာတွင် အမျိုးသမီးများနှင့် ကျားမတန်းတူညီမျှမှုရှိရေးကို ကိုယ်စားပြုသည့်အရောင် ဖြစ်သည်။

Most Read

Most Recent