ကျွန်တော် နာမည်ပြောလိုက်တာ နဲ့  လူတိုင်းသိတဲ့ သူမျိုးဖြစ်ချင်တယ်ဆိုတဲ့ ဂူးဂူး

ကျွန်တော် နာမည်ပြောလိုက်တာ နဲ့  လူတိုင်းသိတဲ့ သူမျိုးဖြစ်ချင်တယ်ဆိုတဲ့ ဂူးဂူး
Published 26 February 2023

'ကျွန်တော် အကြောင်း ကို ပြောပါဆိုရင် သီချင်းလည်း လုပ်တယ်.short film လည်း ရိုက်တယ်.ဇာတ်လမ်းတွဲ တွေမှာလည်း သရုပ်ဆောင် ဖူးပါတယ်.

ကျွန်တော်ရဲ့ အနုပညာ ခရီး အစ က Model လို့ပြောလို့ရတယ်. Mr World (ရတနာပုံ) မှာ ဆုရပြီး အနုပညာလောက ထဲရောက်လာတာပါ. အနုပညာ အလုပ်တွေ လုပ်ရင်း Game streamer လည်း လုပ်ပါတယ်. ကလေးပုံ ကလေး အသံလေး နဲ့ Game stream တာ ကိုလူကြိုက်များခဲ့ပါတယ်

ကျွန်တော် က အနုပညာ အလုပ်ကို ဝါသနာ ပါတဲ့ သူဆိုတော့ အဆက်အသွယ် မရှိပဲ အနုပညာလောကထဲဝင်ဖို့က ခက်ခဲတဲ့အတွက် တစ်ဆင့်ပြီး တစ်ဆင့်ကြိုးစားပြီး မှ အနုပညာလောကထဲ ရောက်အောင်ကြိုးစားခဲ့တဲ့သဘောပါ

မျက်လှည့် ပြတဲ့အနုပညာ ကို လည်း ကျွန်တော် လုပ်တတ်ပါတယ်. ကျွန်တော်ဝါသနာပါပြီး လုပ်ခဲ့တဲ့အရာတွေ အားလုံး က အနုပညာ တွေ ချည်းပါပဲ.

ဘယ်အရာမဆို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ် နဲ့ ကြိုးစားခဲ့တယ်. မျက်လှည့်ပြပါဆိုလည်း ကျွန်တော် လုပ်တတ်တယ်. Model လည်းလုပ်တတ်တယ်. Game stream လုပ်ကလေး အသံ ကလေး ပုံစံ နဲ့ လူသိများတယ်

 သရုပ်ဆောင်ဘက် မှာလည်း အထိုက်လျောက် လုပ်နိုင်တယ်.

နောက်ပိုင်းဖြစ်ချင်တဲ့ အနုပညာ ကို ပြောပါဆိုရင် ကျွန်တော် သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်ပါတယ်. Idea ဆန်းဆန်းတွေ နဲ့ အနုပညာ ဖန်တီးမှူ တွေ လုပ်ချင်ပါတယ်

Most Read

Most Recent