ဇန်နဝါရီလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၃၈၀၀ ကျော် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ တန်ချိန် ၉၂၂၀ ကျော်ဖြင့် အများဆုံးဖြစ်

ဇန်နဝါရီလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၃၈၀၀ ကျော် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ တန်ချိန် ၉၂၂၀ ကျော်ဖြင့် အများဆုံးဖြစ်
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
Published 25 February 2023

ဇန်နဝါရီလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၃၈၀၀ ကျော်တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ တန်ချိန် ၉၂၂၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ မှ ၃၁ ရက် အထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၁၆ ဒသမ ၄၃၃ သန်းတန် ဖိုးရှိ ရော်ဘာတန်ချိန် ၁၃၈၀၀ ခန့် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၉၂၂၀ ကျော်၊မလေးရှားသို့ ရော်ဘာ ၃၃၇၇ တန်၊ အိန္ဒိယသို့ ရော်ဘာတန်ချိန် ၆၉၀ ကျော်၊ ဂျပန်သို့ ရော်ဘာတန်ချိန် ၄၈ဝနှင့် သီရိလင်္ကာနိုင်ငံသို့ ရော်ဘာ တန်ချိန် အနည်းငယ်တင်ပို့ခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၂၀၀ ခန့်နှင့် မြန်မာ-တရုတ်နယ်စပ် ကုန် သွယ်မှုမှရော်ဘာတန်ချိန် ၁၀၉၀ တင်ပို့သဖြင့် စုစုပေါင်း ရော်ဘာတန်ချိန် ၂၂၉၀ ခန့် တင်ပို့ပြီး တန်ဖိုး ဒေါ်လာ ၂ ဒသမ ၇၂၈ သန်းရရှိခဲ့သည်။

ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၆၀၉၀ တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၁၉ ဒသမ ၁၆၁ သန်းရရှိခဲ့ သည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၆၃၀၀ ကျော် လျော့နည်းတင်ပို့ခဲ့သဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ရှစ်သန်းကျော် လျော့နည်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ၄၄၉ သန်း ကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၄၄၉ ဒသမ ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၄ ဒသမ ၆၆၀ သန်းပိုမိုရရှိခဲ့သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက် ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အန္ဒိယစသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူအား လုံး ကဏ္ဍအလိုက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။

Most Read

Most Recent