မြန်မာနှင့်အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသအကြား ထောက်ပံ့ပို့ဆောင်ရေးနှင့်သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာနှင့်အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသအကြား ထောက်ပံ့ပို့ဆောင်ရေးနှင့်သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
NEDFi နှင့် ကုန်သည်စက်မှုအသင်းချုပ်မှတာဝန်ရှိသူများ ဆွေးနွေးစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
NEDFi နှင့် ကုန်သည်စက်မှုအသင်းချုပ်မှတာဝန်ရှိသူများ ဆွေးနွေးစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 23 February 2023

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအကြား ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စက် မှုလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ငွေရေးကြေးရေးအဖွဲ့အစည်း Nort Eastern Development Finance Corporatio L.td(NEDFi) မှ  Chairman and Managing Director ဖြစ်သူ Mr.Venkatasuryalakshminarsimhamurthy Poduri ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၇) ဦးတို့သည် ၂၀၂၃ ခု နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်က ကုန်သည် စက်မှုအသင်းချုပ် တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအကြား ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး အခြေအနေများ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အကောက်ခွန်နှင့်အိန္ဒိယနယ်စပ် တစ်လျှောက် အလားအလာရှိသော စက်မှုကုန်ကြမ်းများနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

Nort Eastern Development Finance Corporatio L.td(NEDFi) သည် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းဒေသရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် စက်မှုအခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးဆိုင်ရာ Project များ ထူထောင်ရာတွင် ငွေကြေးအကူအညီထောက်ပံ့ပေးလျက်ရှိပြီး ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအတွက်ပါ Consultancy & Advisory လုပ်ဆောင်ပေးလျက်ရှိသော ပုဂ္ဂလိက ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ အသင်းချုပ်ဖက်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးရဲမြင့် မောင်၊ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဦးအောင်ကြည်စိုး၊ အသင်းချုပ်အလုပ် အမှုဆောင်များ၊အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေး၊ IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀၁၇ သန်းကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၆၁၀ သန်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာအထိကိုးလအတွင်း မြန်မာဘက်မှပို့ကုန်တန်ဖိုး ဒေါ်လာ ၆၁၀ ဒသမ ၆၇၅  သန်း၊ အိန္ဒိ ယဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၄၀၇ ဒသမ ၀၁၁ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၀၁၇ ဒသမ ၆၈၆ သန်း ရရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၁၃ သန်းနီးပါးရှိပြီး မြန်မာဘက်မှ ပို့ကုန်ဒေါ်လာ ၅၀၅ သန်းနီးပါး တင်ပို့ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ခြောက်လအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၅၀၄ ဒသမ ၆၅ သန်း၊ အိန္ဒိယဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာ ၃၀၈ ဒသမ ၁၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၁၂ ဒသမ ၈၁ သန်းရှိသည်။

Most Read

Most Recent