ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၄၂၉၉၀ ခန့် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၃၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်

ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၄၂၉၉၀ ခန့် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၃၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်
 ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
Published 23 February 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၄၂၉၉၀ ခန့် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၃၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၅၅ ဒသမ ၈၄၀ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၁၃၂၉၀၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၈၈၇၇၀ ခန့်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ၄၄၁၅၀ ကျော်တင်ပို့သည်။

အာရှနိုင်ငံများသို့ တင်ပို့မှုမှာ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၄၀၇၅၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂၂၀၂၀ ကျော်၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၅၀၀ ခန့်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၅၅၀ ခန့်၊ ဟောင်ကောင်သို့ ဆန် ၃၆၅ တန်၊ ဗီယက်နမ်နိုင်ငံသို့ဆန်တန်ချိန် ၂၆၀၊ ထိုင်ဝမ်သို့ ဆန်တန်ချိန် ၂၅၀၊ သြစတြေးလျနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့လည်း အနည်းငယ် တင်ပို့ခဲ့သည်။

ထို့ပြင် အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၁၂၈၇၀ ကျော်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန် ချိန် ၁၀၀၉၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန် ၆၃၂၅ တန်၊ တူရကီနိုင်ငံသို့ ဆန် ၃၇၅၅ တန်၊ အီတလီနိုင်ငံသို့ ဆန် ၂၅၂၅ တန်၊ ပေါ်တူဂီ သို့ဆန်တန်ချိန် ၂၂၅၀ ခန့်၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၁၅၂၀၊ ရိုမေနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၉၆၀၊ ပြင်သစ်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀ စီ၊ ဂျာမနီနိုင်ငံသို့ ဆန် ၅၇၅ တန်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၄၀၀၊ ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၊ ဟန်ဂေရီနိုင်ငံသို့ ဆန် ၃၂၅ တန်၊ ချက်သမ္မတနိုင်ငံသို့ ဆန် ၂၇၅ တန်နှင့် အခြားနိုင်ငံများသို့လည်း အနည်းငယ်တင် ပို့ခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ တရုတ်နိုင်ငံသို့ ဆန် ၁၃၁၁၈ တန်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်မှ ဆန်တန်ချိန် ၂၅၀၀ တင်ပို့ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်းဆန်တန်ချိန် ၁၅၆၁၈ တန် တင်ပို့ခဲ့ပြီး ဒေါ်လာ ၅ ဒသမ ၉၆၅ သန်းရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှုစုစုပေါင်းတန်ချိန် ၁၄၈၅၁၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၀၅ သန်း ကျော်ရရှိသည်။ ဒီဇင်ဘာလအတွင်း ဆန်တင်ပို့မှုတန်ချိန်မှာ ၁၃၉၇၅၀ ဖြစ်သဖြင့် ဇန်နဝါရီလတွင် ဆန် တန်ချိန် ၈၇၀၀ ကျော် ပိုမိုတင်ပို့နိုင်သည်။

ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၅၁၃၀၀ ကျော် တင်ပို့နိုင် သဖြင့် ဒေါ်လာ ၁၉ ဒသမ ၂၄၆ သန်း ရရှိခဲ့သည်။တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၈၄၀ ကျော်တင်ပို့ပြီး ဥရောပသမဂ္ဂအဖွဲ့နိုင်ငံများဖြစ်သော ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၇၉၅၀ ခန့်၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၂ဝဝခန့်၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၈၀၀ ခန့်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁ဝဝဝခန့်၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၈၈ဝခန့်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅ဝဝခန့်၊ ပြင်သစ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၅၀၊ အီတလီနိုင်ငံနှင့် ရို မေးနီးယားနိုင်ငံသို့ဆန်ကွဲတန်ချိန် ၂၅၀ စီတင်ပို့ပြီး အခြားနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။

ဇန်နဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုစုစုပေါင်း တန်ချိန် ၂၄၂၉၉၀ ခန့် ရှိပြီး တန်ဖိုး ဒေါ်လာ ၉၆ ဒသမ ၅၈၀ သန်း ရရှိခဲ့သည်။

Most Read

Most Recent