တညင်းကုန်းလက်ကားစျေးကြီးကို လုပ်ကိုင်နေသည့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) က ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထား

တညင်းကုန်းလက်ကားစျေးကြီးကို လုပ်ကိုင်နေသည့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) က ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထား
Published 21 February 2023

တညင်းကုန်းလက်ကားစျေးကြီးကို စီမံခန့်ခွဲလုပ်ကိုင်နေသည့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(MAEX) က ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထားကြောင်း သိရသည်။

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ဒါရိုက်တာအဖွဲ့အစည်းအဝေး(၃/၂၀၂၂-၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်စတော့အိတ်(စ)ချိန်း (YSX) တွင် Listing လျှောက်ထားရန် သဘောတူဆုံးဖြတ်ချက်ခဲ့ကြသည်။

ဖေဖဖော်ဝါရီ ၂ ရက်တွင် ကျင်းပသည့် MAEX ၏ Lead Manager-KBX SC မှ  ရန်ကုန်စတော့အိတ်(စ)ချိန်း (YSX) သို့ တက်ရောက်ရန် MAEX ၏ လျှောက်လွှာတင်သွင်းခြင်းအစည်းအဝေးကို ရန်ကုန်စတော့အိတ်(စ)ချိန်း (YSX) တွင်ကျင်းပရာ ကုမ္ပဏီ၏ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် ဒါရိုက်တာများ တက်ရောက်လျက် ရန်ကုန်စတော့အိတ်(စ)ချိန်း (YSX) တွင် Listing Application အား တင်သွင်းလျှောက်ထားခဲ့ကြောင်း အစုရှယ်ယာရှင်များ သိရှိနိုင်စေရန် အသိ‌ပေးထုတ်ပြန်ထားသည်။

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) ဒါရိုက်တာအဖွဲ့အစည်းအဝေး (၃/၂၀၂၂-၂၀၂၃)၏ အစည်းအဝေးအရ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ဥပဒေပုဒ်မ ၆၃ (ဂ)နှင့် ကုမ္ပဏီ၏ မူလဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအပိုဒ် ၅၉ နှင့်အညီ ရန်ကုန်စတော့ အိတ်(စ်)ချိန်းသို့ မတက်ရောက်မီ လက်ရှိအစုရှယ်ယာရှင်များအား ဦးစားပေးရောင်းချသည့်အစီအစဉ် Right Issue ဖြင့် မူလအစုရှယ်ယာ (၁၀) စုပိုင်ဆိုင်လျှင် (၁) စုနှုန်းဖြင့် ထပ်မံဝယ်ယူခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ အစုရှယ်ယာတစ်စောင်၏ စျေးနှုန်းမှာ တစ်စောင်လျှင် ကျပ် ၁၅၀၀ ဖြစ်သည်။

အစုရှယ်ယာရှင်များအနေဖြင့် မိမိအစုရှယ်ယာအချိုးအရ ဝယ်ယူပိုင်ခွင့်ရှိသည့် အစုရှယ်ယာများအား ကိုယ်တိုင်ဝယ်ယူလိုခြင်းရှိမရှိ ပြန်ကြားနိုင်ရန် Link အား SMS ဖြင့် ပေးပို့သွားမည်ဖြစ်ပြီး ရှယ်ယာရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် မတ် ၁၀ ရက် (သောကြာနေ့) နောက်ဆုံးထားအကြောင်း ပြန်ကြားပေးရမည်ဖြစ်သည်။

ကိုယ်တိုင်ဝယ်ယူမည်ဟု အကြောင်းပြန်ကြားသော အစုရှယ်ယာရှင်များသည် မိမိဝယ်ယူမည့် အစုရှယ်ယာတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ အား ပထမအရစ်အဖြစ် မတ် ၃၁ တွင် နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၅၀ တန်ဖိုးငွေအား ဒုတိယအရစ်အဖြစ် မေ ၃၁ ရက်(ဗုဒ္ဓဟူးနေ့)တွင် နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent