လျှပ်စစ်မော်တော်ယာဉ် Charging Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲရန် စီစဉ်ခြင်းနှင့် စျေးဝယ်စင်တာ၊ ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေးယာဉ်ရပ်နားစခန်းနေရာများတွင် အားသွင်းနိုင်ရေး ဆောင်ရွက်ခြင်း

လျှပ်စစ်မော်တော်ယာဉ် Charging Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲရန် စီစဉ်ခြင်းနှင့် စျေးဝယ်စင်တာ၊ ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေးယာဉ်ရပ်နားစခန်းနေရာများတွင် အားသွင်းနိုင်ရေး ဆောင်ရွက်ခြင်း
EV Charger များ ထုတ်ပေးနေမှုကို တွေ့ရစဉ်
EV Charger များ ထုတ်ပေးနေမှုကို တွေ့ရစဉ်
Published 20 February 2023

မြန်မာ့ရွှေကို ဂျပန်သို့ တင်ပို့နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“အခု ဂျပန်ကုမ္ပဏီတစ်ခုက လာမေးတာ ရှိတယ်။ တင်ပို့ဖို့လည်း စီစဉ်နေတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။  

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကာလများက မြန်မာ့ရွှေကို ဂျပန်သို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ကိုဗစ်ကူးစက်မှု ရောဂါအခြေအနေများကြောင့် ရပ်ဆိုင်းခဲ့ရသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“အရင်က တင်ပို့ဖူးတယ်။ ကိုဗစ်ကြောင့် ပြတ်သွားတာပေါ့။ အခု သူတို့က ဒီကစျေးနှုန်း၊ စျေးကွက်အခြေအနေ စတာတွေကို အခုပြန်လာမေးတာပေါ့" ဟု ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။

ဂျပန်သို့ တင်ပို့သည့်ရွှေများမှာ အခေါက်ရွှေများမဟုတ်ဘဲ လက်ဝတ်ရတနာများ၊ အဆောင်ပစ္စည်းများဖြစ်ကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

“အခေါက်တွေမဟုတ်ဘူး။ လက်ဝတ်ရတနာနဲ့ အဆောင်ပစ္စည်းတွေများတယ်။ ဆင်ရုပ်၊ ကျားရုပ်၊ မြင်းရုပ် အဲဒီလိုဟာတွေများတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင်ကျပ် ၂၁၆၄၂၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၆၃၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ် ၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ ရက်တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လယ်ပိုင်းတွင်၂၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ အထိစံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင် စျေးနှုန်းများမှာ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ၅ ရက်တွင် ကျပ်  ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၇ ခုနှစ် တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ်၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

ပြည်တွင်းသို့ လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ ဒုတိယအကြိမ် ရောက်ရှိ       

ပြည်တွင်းသို့ လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ ဒုတိယအကြိမ် ရောက်ရှိလာပြီး နေပြည်တော် သပြေကုန်းစျေး၌ တည်ဆောက်မည့် 60KW Charging Station အတွက် အားသွင်းစက်များဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors Co.,Ltd က တရုတ်နိုင်ငံမှ တင်သွင်းလာသော EV Charger 60 KW ငါးစုံသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိခဲ့သည်။

ယင်းသို့ ရောက်ရှိလာသော EV Charger များကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့သည်။

အဆိုပါ EV Charger များမှာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် သပြေကုန်းစျေး၌ (60 KW Charging Station) တည်ဆောက်ရန် အတွက်ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် တည်ဆောက်မည့် Charging Station များအတွက် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ ယခင် ရက်ပိုင်းက ရောက်ရှိလာပြီဖြစ်သည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် တင်သွင်း ရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအား ဓာတ်အား (Charging) ပြန်လည်ဖြည့်သွင်းနိုင်ရန် ရန်ကုန်- မန္တလေးအမြန် လမ်းပေါ်ရှိ အမှတ်(၃)တိုးဂိတ်၊ ဖြူးယာဉ်ရပ်နားစခန်း၊ နေပြည်တော်လမ်းဆုံ ယာဉ်ရပ်နားစခန်းတို့တွင် Charging Stationများ တည်ဆောက်နိုင်ရေးအတွက် Earth Renewable Energy ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံမှတင်သွင်းလာသည့် EV Charger 60 KW ငါးစုံ နှင့် 200 KW နှစ်စုံစုစုပေါင်းခုနစ် စုံတို့သည် MITT ဆိပ်ကမ်းသို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရောက်ရှိပြီး ဖေဖော်ဝါရီ ၃ ရက်တွင် Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Import Declaration ဖွင့်လှစ်ဆောင်ရွက်ခဲ့သော လျှပ်စစ်သုံးယာဉ် Charger များအား ဖေဖော်ဝါရီ ၇ ရက်တွင် MITT ဆိပ်ကမ်း၌ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့ဖြင့် သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ အချက်အလက်များနှင့် ကိုက်ညီမှန်ကန်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပြီး မှန်ကန်မှုရှိသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ယူခွင့်ပေးခဲ့ကြောင်းနှင့် အဆိုပါတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ခုနစ်ဆိုင်၊ နေပြည်တော် စည်ပင်သာယာရေးနယ်မြေအတွင်း ခုနစ်ဆိုင်နှင့် စုစုပေါင်း ၃၈ ဆိုင်တွင် Charging Stand ၅၁ လုံး တပ်ဆင်ရန် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်သည့်အတွက် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

လျှပ်စစ်မော်တော်ယာဉ် Charging Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲမည်

လျှပ်စစ်မော်တော်ယာဉ်များ အတွက် Charging Station များ တည်ဆောက်၍ အဆိုပါ Station များအတွက် နေရောင်ခြည်စွမ်းအင် ကို အဓိကသုံးစွဲသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ လျှပ်စစ်မော်တော်ယာဉ်များအတွက် Charging Station များ တည်ဆောက်၍ အဆိုပါ Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲသွားမည်ဖြစ်ပြီး လက်ရှိအချိန်ကာလတွင် ထွက်ရှိလာမည့်ဓာတ်အားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ချမှတ်ထားသည့် Standard Operation Procedure (SOP) များအတိုင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လျှပ်စစ်ကားများ အသုံးပြုလာချိန်တွင်ပြည်သူများအဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူများ အသုံးပြုမှု များပြားသော စျေးဝယ်စင်တာများ၊ ဘတ်စ်ကား ဂိတ်များနှင့် အဝေးပြေးယာဉ်ရပ်နားစခန်းနေရာများတွင် လွယ်လင့်တကူ အားသွင်းနိုင်ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေက ပြောကြားခဲ့သည်။

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ကော်မတီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၆ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးအတွက် ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NPK Motors Co.,Ltd က တည်ဆောက်လျက်ရှိ သည့် နေပြည်တော် သပြေကုန်းရှိ Charging Station တည်ဆောက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးခဲ့သည်။

လျှပ်စစ်ကားများ အသုံးပြုလာချိန်တွင် ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်ရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသော စျေးဝယ်စင်တာများ၊ ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေး ယာဉ်ရပ်နားစခန်းနေရာများတွင် လွယ်လင့်တကူ အားသွင်းနိုင်ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လျှပ်စစ်ယာဉ်များနှင့် ပတ်သက်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကို လုပ်ငန်းတာဝန်များ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ Charging Station များ တည်ဆောက်ရာတွင်လည်း လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ချိန် အချိန်မီပြီးစီးရေးတို့ကို အလေးဂရုပြုဆောင်ရွက်ရန် ဒုတိယဝန်ကြီးက ဆိုသည်။

ပြည်သူများ အသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မစျေး၊ သပြေကုန်းစျေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းစသည့်နေရာများတွင်လည်း ကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာစျေး၊ သခင်မြပန်းခြံ၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေး ကားဝင်းများစသည့် နေရာများတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင် (၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင် (၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၀) နေပြည်တော်ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/၀) သီးကုန်းယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၃၅၂/၀) စကားအင်းယာဉ်ရပ်နား စခန်းစသည့်နေရာတို့တွင် ဆောက်လုပ်လျက်ရှိသည်။  

Most Read

Most Recent