PGMOL ၏ တောင်းပန်မှုထက် ဆုံးရှုံးသွားသည့် အမှတ် (၂) မှတ်ကိုသာ လိုချင်သည်ဟု အာတီတာ ပြောကြား

PGMOL ၏ တောင်းပန်မှုထက် ဆုံးရှုံးသွားသည့် အမှတ် (၂) မှတ်ကိုသာ လိုချင်သည်ဟု အာတီတာ ပြောကြား
Photo: PA
Photo: PA
Published 16 February 2023

အာဆင်နယ်နည်းပြ အာတီတာက ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲမှ VAR ဆုံးဖြတ်ချက်မှားယွင်းမှုများအတွက် ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့(PGMOL)၏ တောင်းပန်မှုထက် ဆုံးရှုံးသွားသည့် (၂) မှတ်ကိုသာ လိုချင်သည်ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါ ရီ (၁၁) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၁-၁) ဘရန့်ဖို့ဒ်ပွဲ၌ ပွဲချိန် (၇၄) မိနစ်တွင် သွင်းယူခဲ့သည့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေး၏ချေပဂိုးကို ဖန်တီးပေးခဲ့သည့် နော်ဂတ်ဒ်မှာ လူကျွံအနေအထားတွင် ရှိနေသော်လည်း VAR ဒိုင် လီမေဆန်သည် ယင်းအချက်ကို လျစ်လျူရှုကာ ဂိုးပေးခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် လီမေဆန်အပေါ် ဝေဖန်မှုများ များပြားခဲ့ပြီး PGMOL က ၎င်း၏ဆုံးဖြတ်ချက်အမှားကြောင့် နစ်နာခဲ့သည့် အာဆင်နယ်အသင်းကို တောင်းပန်ခဲ့ကြောင်း သိရှိရသည်။

သို့သော်  အာတီတာက ''ဒါက လူသားတွေရဲ့ အမှားမဟုတ်ပါဘူး။ အလုပ်ကို နားမလည်တာပါ။ ဒါကို လက်မခံနိုင်ပါဘူး။ ဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့အသင်း အဖိုးတန် (၂) မှတ်ဆုံးရှုံးခဲ့ပြီး ဒါက ပြန်မရတော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ PGMOL ရဲ့ တောင်းပန်မှုနဲ့ ရှင်းလင်းချက်ကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဆုံးရှုံးသွားတဲ့ အဖိုးတန် (၂)မှတ်ကို သူတို့ ပြန်ပေးမှပဲ ကျေနပ်နိုင်မှာပါ။ ဒါပေမဲ့ အခုကိစ္စမှာ အဲဒီလိုဖြစ်လာစရာအကြောင်း မရှိပါဘူး''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent