■ လာလီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 10 February 2023

အယ်မယ်ရီယာ - ဘက်တစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၄၅ နာရီ)

ဘက်တစ်ရဲ့ကစားအားက တဖြည်းဖြည်းနဲ့ အကျဘက်ကိုပြနေတယ်။ လာလီဂါနောက်ဆုံး (၁၁)ပွဲမှာ (၃)ပွဲသာ အနိုင်ရခဲ့ပြီး  တိုက်စစ်၊ ခံစစ်နှစ်ခုစလုံးလျော့ရဲလာတာတွေ့နေရတယ်။ အယ်မယ်ရီက အိမ်ကွင်းအားနဲ့ကစားတဲ့အသင်းဖြစ်ပြီး တန်းဆင်းဇုန်အန္တရာယ်လည်းရှိနေလို့ အခုလိုအိမ်ကွင်းပွဲမျိုးမှာ အမှတ်ရအောင်ယူထားဖို့ ကြိုးစားလာမှာပါ။ ဘက်တစ်ရဲ့စုဖွဲ့မှု ပိုသာတယ်ဆိုပေမဲ့ အဝေးကွင်းမှာအမှတ်ပြည့်ရဖို့ မလွယ်ပါဘူး။ အယ်မယ်ရီယာနဲ့ ဂိုးအများပဲကြိုက်တယ်။



ဆီဗီလာ - မာယော့ကာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၂:၀၀ နာရီ)

ဘာစီလိုနာကိုဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ခြေစွမ်းအရတော့ ဆီဗီလာတို့ လိုအပ်ချက်တွေများနေတုန်းပါပဲ။ အသင်းလိုက်ကစားပုံတိုးတက်လာပေမဲ့ အဆုံးသတ်ပိုင်း ဂိုးသွင်းယူမှုနဲ့ ခံစစ်ပိုင်း အားနည်းမှုက ဆီဗီလာကိုပုံမှန်အခြေအနေပြန်ဖြစ်ဖို့ ခက်ခဲစေပါတယ်။ ဒါပေမဲ့ မာယော့ကာတိုက်စစ်က အဝေးကွင်းမှာဂိုးရဖို့ ခက်ခဲနေတတ်တဲ့အပြင် အစဉ်အလာအရလည်း ဆီဗီလာကို ယှဉ်နိုင်လေ့မရှိဘူးဖြစ်နေတယ်။ အမှတ်လိုနေတဲ့ ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။



ဗလင်စီယာ - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၂:၃၀ နာရီ)

ယာယီနည်းပြ တိုနီလီဆီဂရတ်လက်ထဲမှာလည်း ဗလင်စီယာတို့ သိသာတဲ့အပြောင်းအလဲမျိုးမရှိသေးဘူး။ လက်ရှိတိုက်စစ်ပိုင်းက ဂိုးမသွင်းနိုင်ဖြစ်နေတဲ့ကစားပုံနဲ့တော့ ဘီလ်ဘာအိုလို အဝေးကွင်းမှာ ခံစစ်သတိကြီးတဲ့အသင်းကို ဂိုးရဖို့ခက်ခဲနေဦးမှာ သေချာတယ်။ ဒီပွဲရဲ့အဓိကကျတဲ့အကြောင်းအရင်းက ဘီလ်ဘာအိုအသင်းရဲ့ အထလေးတတ်တဲ့တိုက်စစ် အဝေးကွင်းမှာ အလုပ်ဖြစ်၊ မဖြစ်ဆိုတာပါပဲ။ ဗလင်စီယာအိမ်ကွင်းဆိုပေမဲ့ ဘီလ်ဘာအိုနဲ့ ဂိုအနည်းပဲ ရွေးထားချင်တယ်။

 

Most Read

Most Recent