■ လီဆန်ဒရိုမာတီနက်ဇ်ကို အကဲဖြတ်မှားခဲ့သည်ဟု ကာရေဂါ ဝန်ခံ     

■ လီဆန်ဒရိုမာတီနက်ဇ်ကို အကဲဖြတ်မှားခဲ့သည်ဟု ကာရေဂါ ဝန်ခံ     
Photo: Getty Images
Photo: Getty Images
Published 10 February 2023

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက မန်ယူနောက်ခံလူ လီ ဆန်ဒရိုမာတီနက်ဇ်အပေါ် မိမိ အကဲဖြတ်မှားယွင်းခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

အသက် (၂၅) နှစ်အရွယ်ရှိ လီဆန်ဒရိုမာတီနက်ဇ်သည် ပြီးခဲ့သည့်နွေရာသီတွင် အေဂျက်စ်မှ မန်ယူအသင်းထံသို့ ယူရို (၅၇) သန်းဖြင့် ပြောင်းရွှေ့လာသူ ဖြစ်သည်။ 

လီဆန်ဒရိုမာတီနက်ဇ် မန်ယူအသင်းသို့ ရောက်ရှိခါစတွင် ကာရေဂါက ၎င်း၏ အရပ်အမောင်းနှင့် အရွယ်အစားကြောင့် အခက်တွေ့လိမ့်မည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် ယခုအခါ ကာရေဂါက "သူ က ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ။ သူက တကယ်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ကစားသမားတွေ ဒါမှမဟုတ် နည်းပြတွေကို ကျွန်တော်တို့ အကဲဖြတ်မစောသင့်ပါဘူး"ဟု ပြောကြားခဲ့သည်။

လီဆန်ဒရိုမာတီနက်ဇ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၃၁) ပွဲအထိ ပါဝင်ကစားထားပြီး ခြေစွမ်းပြနေသည်။

Most Read

Most Recent