■ လိဒ်စ်နှင့်ပွဲတွင် နှစ်ဂိုးအရှုံးမှ သရေပြန်ကစားနိုင်သော်လည်း အထနှေးသည့်ပုံစံကို လက်မခံနိုင်ဟု တန်ဟက်ဂ် ဝေဖန်     

■ လိဒ်စ်နှင့်ပွဲတွင် နှစ်ဂိုးအရှုံးမှ သရေပြန်ကစားနိုင်သော်လည်း အထနှေးသည့်ပုံစံကို လက်မခံနိုင်ဟု တန်ဟက်ဂ် ဝေဖန်     
Photo: Sky Sports
Photo: Sky Sports
Published 10 February 2023

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က လိဒ်စ်အသင်းနှင့်ပွဲတွင် နှစ်ဂိုးအရှုံးမှ သရေရလဒ်ရရှိအောင် ကစားနိုင်ခဲ့သော်လည်း အထနှေးသည့်ပုံစံကို လက်မခံနိုင်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

    

မန်ယူအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပွဲကျန်အဖြစ် ဗုဒ္ဓဟူးနေ့ ညပိုင်းက လိဒ်စ်အသင်းနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားရာ ပွဲအစ (၅၅) စက္ကန့်နှင့် ဒုတိယပိုင်းအစ (၄၈) မိနစ်တွင် ဦးဆောင်ဂိုးနှစ်ဂိုး ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။ 

"ပွဲရဲ့တစ်ပိုင်းချင်းစီမှာ ကျွန်တော်တို့အနေနဲ့ အဆင်သင့်ဖြစ်မနေတာ သေချာပါတယ်။ ပထမပိုင်း ပြီးချိန်မှာ ကျွန်တော် စကားစပြောခဲ့တယ်။ ငါတို့ အဆင်သင့်ဖြစ်မနေဘူး၊ အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာအောင် လုပ်ကြလို့ ပြောခဲ့ပါတယ်။ ပြီးတော့ ပွဲအစမှာပဲ ဂိုးထပ်ပေးခဲ့ရတယ်။ ကျွန်တော်တို့ တစ်မှတ်ရခဲ့တယ်လို့တော့ ခင်ဗျားပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပွဲ စဉ်မျိုးမှာ (၀-၂) ဂိုးအရှုံးကနေ ပြန်ကစားနိုင်တာက ကောင်းပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း ဒီလိုပွဲမျိုး မှာ ပွဲအစကို ဒီလိုပုံစံလုပ်ခဲ့တာက  ကျွန်တော့်အတွက်တော့ လက်ခံနိုင်စရာ မရှိပါဘူး"ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။

Most Read

Most Recent