■ မန်ယူအသင်းကို ဝယ်ယူလိုသည့်အဖွဲ့ (၅)ဖွဲ့ရှိနေ     

■ မန်ယူအသင်းကို ဝယ်ယူလိုသည့်အဖွဲ့ (၅)ဖွဲ့ရှိနေ     
Photo: Getty Images
Photo: Getty Images
Published 10 February 2023

ဂလေဇာမိသားစုသည် မန်ယူအသင်းကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေရာ လက်ရှိအချိန်၌ ဝယ်ယူလိုသည့်အဖွဲ့ (၅)ဖွဲ့ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

အဆိုပါအဖွဲ့များထဲ၌ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်သည့်အဖွဲ့ ပါဝင်နေပြီး ကျန်အဖွဲ့များမှာ ကာတာ၊ ဆော်ဒီနှင့် အမေရိကန်နိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။ 

ဂလေဇာမိသားစုသည် မန်ယူအသင်းကို ရောင်းချရာတွင် ပေါင်(၆)ဘီလီယံအထိရရှိရန် လိုလားနေသလို၊ လာမည့်နွေရာသီ၌ အပြီးသတ်နိုင်ရန်လည်း ဆန္ဒရှိနေသည်ဟု သိရသည်။ 

ဝယ်ယူနိုင်ရန် အလားအလာအကောင်းဆုံးမှာ ကာတာမှ ရင်းနှီးမြှုပ်နှံမှုအဖွဲ့နှင့် ဆာဂျင်ရက်ကလစ်ဖ်ဦးဆောင်သည့်အဖွဲ့ဟု ထင်ကြေးပေးနေကြသည်။

Most Read

Most Recent